မန်နေဂျာယာဂင်ကလော့ပ်က ကလပ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလေးအနက် ကြိုးစားသွားမှာ ဖြစ်ပါကြောင်း ထုတ်ပြောလာပါတယ်။

ယာဂင်ကပဲ ကလပ်ရဲ့ ဘဏ္ဍာရေးအတွက်ကော၊ နွေမှာ ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ဖို့ အတွက်ပါ ချန်ပီယံလိဂ်ဝင်ခွင့်က အရေးပါတယ်လို့လည်း ထုတ်ပြောခဲ့တယ်။ လီဗာပူးကို သူတာဝန်ယူခါစက ကစားသမားကောင်းတွေကို ကမ်းလှမ်းစဉ်မှာ ကလပ်ရဲ့ ချန်ပီယံလိဂ် ကစားခွင့်မရတဲ့ အနေအထားကြောင်း ငြင်းဆန်ခံခဲ့ရမှုတွေကိုပါ ဖွင့်ပြောခဲ့ပါတယ်။

ကလော့ပ်က “ ချန်ပီယံလိဂ်ဝင်ခွင့်က အရေးကြီးရတဲ့ အဓိက အကြောင်းရင်းဆိုရင် အမြဲတမ်း ဘဏ္ဍာရေးကြောင့်ပဲ ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကို ပါဝင် ယှဉ်ပြိုင်လို့ကောင်းတဲ့ ပြိုင်ပွဲဖြစ်သလို ကလပ်အတွက်လည်း ဘဏ္ဍာရေးက အရေးပါပါတယ်။

ကစားသမား အချို့ကိုလည်း ခေါ်ယူလိုတယ်။ အစပိုင်းမှာတုန်းက ကျနေ်ာတို့တွေ ချန်ပီယံလိဂ် ကစားခွင့်ရနေတဲ့ ကလပ်တွေက ကစားသမားအချို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်မှာ ဒီပြိုင်ပွဲမှာ မကစားရရင် မလာလိုဘူးလို့ ငြင်းဆန်ခံရတာတွေ ရှိခဲ့ပါတယ်။

အဲ့တာကလွဲရင် ချန်ပီယံလိဂ်ထဲကို ပါဝင်ဖို့ အရေးပါရတယ်ဆိုတာက ငွေကြေးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီရာသီကလည်း မပြောင်းလဲပါဘူး။ လူတွေက ကျနေ်ာတို့တွေ အကောင်းဆုံး လုပ်ပြလာမှာကို မျှော်လင့်နေဆဲဖြစ်သလို ကျနေ်ာတို့ကလည်း ကြိုးစားပြလိုတယ်။ ဘယ်လို အဆုံးသတ်မလဲဆိုတာတော့ ကျနေ်ာတို့ ကြည့်ရပါမယ်။

ပိုင်ရှင်ကတော့ ကျနေ်ာတို့ ချန်ပီယံလိဂ်မှ မဝင်ရင် ဘာတွေဖြစ်မယ်ဆိုပြီး သတိပေးတာတွေ မရှိပါဘူး။ ကျနေ်ာတို့က အတူတကွ ကြိုးစားနေတာဖြစ်ပါတယ်။ အခြေအနေကို ကျနေ်ာတို့ နားလည်တယ်။ ကျနေ်ာတို့တွေ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားနေတယ်ဆိုတာ ပိုင်ရှင်တွေလည်း သိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ကလပ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အေလးအနက္ ၾကိဳးစားသြားမွာ ျဖစ္ပါေၾကာင္း ထုတ္ေျပာလာပါတယ္။

ယာဂင္ကပဲ ကလပ္ရဲ႕ ဘ႑ာေရးအတြက္ေကာ၊ ေႏြမွာ ကစားသမားေကာင္းေတြ ေခၚယူအားျဖည့္ဖို႔ အတြက္ပါ ခ်န္ပီယံလိဂ္ဝင္ခြင့္က အေရးပါတယ္လို႔လည္း ထုတ္ေျပာခဲ့တယ္။ လီဗာပူးကို သူတာဝန္ယူခါစက ကစားသမားေကာင္းေတြကို ကမ္းလွမ္းစဥ္မွာ ကလပ္ရဲ႕ ခ်န္ပီယံလိဂ္ ကစားခြင့္မရတဲ့ အေနအထားေၾကာင္း ျငင္းဆန္ခံခဲ့ရမႈေတြကိုပါ ဖြင့္ေျပာခဲ့ပါတယ္။

ကေလာ့ပ္က “ ခ်န္ပီယံလိဂ္ဝင္ခြင့္က အေရးၾကီးရတဲ့ အဓိက အေၾကာင္းရင္းဆိုရင္ အျမဲတမ္း ဘ႑ာေရးေၾကာင့္ပဲ ျဖစ္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ကို ပါဝင္ ယွဥ္ျပိဳင္လို႔ေကာင္းတဲ့ ျပိဳင္ပြဲျဖစ္သလို ကလပ္အတြက္လည္း ဘ႑ာေရးက အေရးပါပါတယ္။

ကစားသမား အခ်ိဳ႔ကိုလည္း ေခၚယူလိုတယ္။ အစပိုင္းမွာတုန္းက က်ေန္ာတို႔ေတြ ခ်န္ပီယံလိဂ္ ကစားခြင့္ရေနတဲ့ ကလပ္ေတြက ကစားသမားအခ်ိဳ႔ကို ေခၚယူဖို႔ ၾကိဳးစားခဲ့စဥ္မွာ ဒီျပိဳင္ပြဲမွာ မကစားရရင္ မလာလိုဘူးလို႔ ျငင္းဆန္ခံရတာေတြ ရွိခဲ့ပါတယ္။

အဲ့တာကလြဲရင္ ခ်န္ပီယံလိဂ္ထဲကို ပါဝင္ဖို႔ အေရးပါရတယ္ဆိုတာက ေငြေၾကးေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီရာသီကလည္း မေျပာင္းလဲပါဘူး။ လူေတြက က်ေန္ာတို႔ေတြ အေကာင္းဆံုး လုပ္ျပလာမွာကို ေမွ်ာ္လင့္ေနဆဲျဖစ္သလို က်ေန္ာတို႔ကလည္း ၾကိဳးစားျပလိုတယ္။ ဘယ္လို အဆံုးသတ္မလဲဆိုတာေတာ့ က်ေန္ာတို႔ ၾကည့္ရပါမယ္။

ပိုင္ရွင္ကေတာ့ က်ေန္ာတို႔ ခ်န္ပီယံလိဂ္မွ မဝင္ရင္ ဘာေတြျဖစ္မယ္ဆိုျပီး သတိေပးတာေတြ မရွိပါဘူး။ က်ေန္ာတို႔က အတူတကြ ၾကိဳးစားေနတာျဖစ္ပါတယ္။ အေျခအေနကို က်ေန္ာတို႔ နားလည္တယ္။ က်ေန္ာတို႔ေတြ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အစြမ္းကုန္ ၾကိဳးစားေနတယ္ဆိုတာ ပိုင္ရွင္ေတြလည္း သိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။