လီဗာပူးအသင်းဟာ နွေရာသီကြိုနဲ့ နွေဈေးကွက်တို့အတွက် ကြိုတင် စီမံမှုတွေ စတင်နေခဲ့ပြီဖြစ်ရာ ကစားသမားသစ် ခေါ်ယူရေးအတွက်လည်း အစီအစဉ်တွေ ချမှတ်နေပြီဖြစ်ပါတယ်။

ကိုဗစ်ကပ်ဘေးဟာ ဘောလုံးကမ္ဘာရဲ့ ဘဏ္ဍာရေးကို ကြီးကြီးမားမား ထိခိုက်စေပြီး ပရီးမီးယားလိဂ်ကလည်း ပေါင် ၂ ဘီလျံထိ ဆုံးရံှူးခဲ့ကြောင်း လိဂ်အမှူဆောင်ချုပ် မေစတာက ဆိုထားပါတယ်။ ဒီလို ဆုံးရံှူးမှုတွေကြောင့် လီဗာပူးက ပြီးခဲ့တဲ့ နွေမှာ ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူရေးကို တစ်ရာသီ နောက်ဆုတ်ခဲ့တာပါ။

ကုန်ခဲ့တဲ့ ၂ လခွဲလောက်အတွင်း အရန်စာရင်း တောင့်တင်းမှုက လီဗာပူးအသင်းရဲ့ ရလဒ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်။ ဒါကလည်း နွေမှာ မျက်နှာသစ်တွေကို အင်အားဖြည့်ဖို့က အရေးပါလာခဲ့ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ခဲ့မယ်ဆိုရင်တောင်မှ နွေမှာ ကစားသမားသစ်ခေါ်ယူဖို့ ငွေထုတ်သွားမှာဖြစ်တယ်လို့ လီဗာပူး အတွင်းလူဘက်ကလာတဲ့ သတင်းကို အခြေခံပြီး the Atheltic က ဖော်ပြလာတယ်။

လီဗာပူးက ဗဟိုခံစစ်မှူးနဲ့ အထောင်တိုက်စစ်သမားကို ခေါ်ယူရေးကို ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်။ လန်းဆန်းနေမယ့် တိုက်စစ်တွဲလုံးသစ်ကို သုံးနိုင်ခြင်းက အကျိုးဖြစ်မယ်လို့ မန်နေဂျာကလော့ပ်က အသင်းဘက်ကို သတိပေးခဲ့တယ်လို့လည်း သိရတယ်။ ဒီရာသီကုန်ရင်တော့ ဆာလာ၊ မာနေးနဲ့ ဖာမင်နိုတို့ အားလုံးဟာ အသက် ၂၉ နှစ်အရွယ်တွေ ရှိနေတော့မှာ ဖြစ်ပါတယ်။

လီဗာပူး စီနီယာ ခံစစ်မှူး ၃ ဦးဟာ ဒီရာသီမှာ ကာလရှည် ဒဏ်ရာတွေဖြင့် အနားယူထားရတာပါ။ သူတို့ သုံးဦးက လာမယ့်ဘောလုံးရာသီ ရာသီကြိုမှာ ပြန်ပါလာဖို့ မျှော်လင့်ထားရပေမယ့် ဒဏ်ရာ နောက်ဆက်တွဲ အခြေအနေတွေက မှန်းဆရ ခက်ခဲနေဆဲဖြစ်တယ်။ ဒါကြောင့်လည်း ခါဘတ်၊ ဖီးလစ်နဲ့ ဝီလီယမ်တို့ပဲ ရှိနေတဲ့ ဗဟိုခံစစ်အတွက် အားဖြည့်မှု ထပ်လုပ်ဖို့က အရေးပါလာတယ်။

လီဗာပူးဘက်က လောလောဆယ်မှာ ဘောလုံးလောကထဲက ထူးချွန် ခံစစ်မှူး အားလုံးကို လေ့လာမှုတွေ စတင်နေတဲ့ အခြေအနေဖြစ်တယ်။ အသင်းအတွက် မှန်ကန်တဲ့ ခံစစ်မှူးကို ရှာဖွေပြီး စိတ်ရှည်ရှည်ဖြင့် ခေါ်ယူသွားဖို့ကိုလည်း ကြိုးစားမှာဖြစ်ကာ ယာဂင်ကလော့ပ် လက်ထက် နောက်ထပ် အသွင်ပြောင်းမှု တစ်ရပ်ကို စတင်လာလိမ့်မယ်လို့ အဆိုပါ သတင်းက ဖော်ပြသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြရာသီၾကိဳနဲ႔ ေႏြေစ်းကြက္တို႔အတြက္ ၾကိဳတင္ စီမံမႈေတြ စတင္ေနခဲ့ျပီျဖစ္ရာ ကစားသမားသစ္ ေခၚယူေရးအတြက္လည္း အစီအစဥ္ေတြ ခ်မွတ္ေနျပီျဖစ္ပါတယ္။

ကိုဗစ္ကပ္ေဘးဟာ ေဘာလံုးကမၻာရဲ႕ ဘ႑ာေရးကို ၾကီးၾကီးမားမား ထိခိုက္ေစျပီး ပရီးမီးယားလိဂ္ကလည္း ေပါင္ ၂ ဘီလ်ံထိ ဆံုးရံွဴးခဲ့ေၾကာင္း လိဂ္အမွဴေဆာင္ခ်ဳပ္ ေမစတာက ဆိုထားပါတယ္။ ဒီလို ဆံုးရံွဴးမႈေတြေၾကာင့္ လီဗာပူးက ျပီးခဲ့တဲ့ ေႏြမွာ ဗဟိုခံစစ္မွဴးတစ္ဦး ေခၚယူေရးကို တစ္ရာသီ ေနာက္ဆုတ္ခဲ့တာပါ။

ကုန္ခဲ့တဲ့ ၂ လခြဲေလာက္အတြင္း အရန္စာရင္း ေတာင့္တင္းမႈက လီဗာပူးအသင္းရဲ႕ ရလဒ္ကို ၾကီးၾကီးမားမား ထိခိုက္ေစခဲ့တယ္။ ဒါကလည္း ေႏြမွာ မ်က္ႏွာသစ္ေတြကို အင္အားျဖည့္ဖို႔က အေရးပါလာခဲ့ပါတယ္။ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လြဲေခ်ာ္ခဲ့မယ္ဆိုရင္ေတာင္မွ ေႏြမွာ ကစားသမားသစ္ေခၚယူဖို႔ ေငြထုတ္သြားမွာျဖစ္တယ္လို႔ လီဗာပူး အတြင္းလူဘက္ကလာတဲ့ သတင္းကို အေျခခံျပီး the Atheltic က ေဖာ္ျပလာတယ္။

လီဗာပူးက ဗဟိုခံစစ္မွဴးနဲ႔ အေထာင္တိုက္စစ္သမားကို ေခၚယူေရးကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားတယ္။ လန္းဆန္းေနမယ့္ တိုက္စစ္တြဲလံုးသစ္ကို သံုးႏုိင္ျခင္းက အက်ိဳးျဖစ္မယ္လို႔ မန္ေနဂ်ာကေလာ့ပ္က အသင္းဘက္ကို သတိေပးခဲ့တယ္လို႔လည္း သိရတယ္။ ဒီရာသီကုန္ရင္ေတာ့ ဆာလာ၊ မာေနးနဲ႔ ဖာမင္ႏိုတို႔ အားလံုးဟာ အသက္ ၂၉ ႏွစ္အရြယ္ေတြ ရွိေနေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူး စီနီယာ ခံစစ္မွဴး ၃ ဦးဟာ ဒီရာသီမွာ ကာလရွည္ ဒဏ္ရာေတြျဖင့္ အနားယူထားရတာပါ။ သူတို႔ သံုးဦးက လာမယ့္ေဘာလံုးရာသီ ရာသီၾကိဳမွာ ျပန္ပါလာဖို႔ ေမွ်ာ္လင့္ထားရေပမယ့္ ဒဏ္ရာ ေနာက္ဆက္တြဲ အေျခအေနေတြက မွန္းဆရ ခက္ခဲေနဆဲျဖစ္တယ္။ ဒါေၾကာင့္လည္း ခါဘတ္၊ ဖီးလစ္နဲ႔ ဝီလီယမ္တို႔ပဲ ရွိေနတဲ့ ဗဟိုခံစစ္အတြက္ အားျဖည့္မႈ ထပ္လုပ္ဖို႔က အေရးပါလာတယ္။

လီဗာပူးဘက္က ေလာေလာဆယ္မွာ ေဘာလံုးေလာကထဲက ထူးခၽြန္ ခံစစ္မွဴး အားလံုးကို ေလ့လာမႈေတြ စတင္ေနတဲ့ အေျခအေနျဖစ္တယ္။ အသင္းအတြက္ မွန္ကန္တဲ့ ခံစစ္မွဴးကို ရွာေဖြျပီး စိတ္ရွည္ရွည္ျဖင့္ ေခၚယူသြားဖို႔ကိုလည္း ၾကိဳးစားမွာျဖစ္ကာ ယာဂင္ကေလာ့ပ္ လက္ထက္ ေနာက္ထပ္ အသြင္ေျပာင္းမႈ တစ္ရပ္ကို စတင္လာလိမ့္မယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပသြားပါတယ္။