လီဗာပူးတိုက်စစ်မှူး မာနေးက ရာသီကုန်မှာ အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့နဲ့ ဒီရာသီ ချန်ပီယံလိဂ်ကို အောင်မြင်ဖို့က ကလပ်ရဲ့ အကြီးမားဆုံးသော ဦးတည်ချက်ပါလို့ ထုတ်ပြောလာပါတယ်။
လီဗာပူးဟာ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက ရပ်တည်သွားဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ကာ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။ အသင်းက ရလဒ်တွေ မကောင်းဖြစ်နေပေမယ့် အတုံ့အလှည့်တွေ လုပ်နိုင်ဆဲ အနေအထားမှာ ရှိနေပါသေးတယ်။
မာနေးက “ ကျနေ်ာတို့ ခေါင်းထဲမှာ ဘယ်တော့မှ အရံှူးမပေးရဘူးဆိုတာကို အမြဲတမ်း ယုံကြည်ထားပါတယ်။ ကျနော်တို့ အရံှူးပေးသွားမှာ မဟုတ်ပါဘူး။ ဘောလုံးသမား တစ်ယောက်အနေနဲ့ ဘယ်တော့မှ အရံှူးမပေးဘူးဆိုတာကို ဖော်ပြနိုင်ရမယ်။ အဆင့် ၄ အသင်းဝင်ဖို့ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ကျနော်တို့က အတွေ့အကြုံ ပိုပြီး ရှိနေပါပြီ။ ဘယ်လို ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာကို နားလည်ပါတယ်။ ကျနေ်ာတို့ အတူတကွ စုစည်းဖြေရှင်းရမှာဖြစ်ပြီး တတ်နိုင်သလောက် အကောင်းမြင်ရမှာ ဖြစ်ပါတယ်။
မနှစ်တုန်းကလို ပွဲတိုင်းကို အနိုင်ရခဲ့ပြီးမှ အခုလို ဆိုးရွားတဲ့ ရလဒ်တွေရနေတာက ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အနေနဲ့ မလွယ်ကူလှပါဘူး။ ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့က ကျနေ်ာတို့ရဲ့ ဦးတည်ချက်ပဲဖြစ်ပါတယ်။
ကျနေ်ာတို့ရဲ့ အဓိက ပစ်မှတ်ကတော့ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ပါ။ ကျနေ်ာတို့က ကမ္ဘာအကောင်းဆုံးကို အနိုင်ယူဖို့ ဒီမှာ ရှိနေတာပါ။ အဲ့လိုလုပ်နိုင်ဖို့နဲ့ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ် ” လို့ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။
ZAWGYI
မာနေးက “ ကျနော်တို့ ခေါင်းထဲမှာ ဘယ်တော့မှ အရှူံးမပေးရဘူးဆိုတာကို အမြဲတမ်း ယုံကြည်ထားပါတယ်။ ကျနော်တို့ အရှူံးပေးသွားမှာ မဟုတ်ပါဘူး။ ဘောလုံးသမား တစ်ယောက်အနေနဲ့ ဘယ်တော့မှ အရှူံးမပေးဘူးဆိုတာကို ဖော်ပြနိုင်ရမယ်။ အဆင့် ၄ အသင်းဝင်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။