မန်နေဂျာကလော့ပ်ဟာ သြဂုတ်လတုန်းက အိုလံပီယာကိုစ့်ကနေ ခေါ်ယူထားတဲ့ ဘယ်အစွန်လူ ကိုစတက်ကို မျှော်လင့်ထားသလောက် နေရာမပေးသေးပါဘူး။ ၎င်းနဲ့ နီကိုးတို့ဟာ အရန် အစွန်လူတွေအဖြစ် အသင်းလေ့ကျင့်ရေးတွေမှာ ပါဝင်နေကြသူတွေဖြစ်တယ်။

ထရန့် ဒဏ်ရာရခဲ့စဉ် ညာအစွန်မှာ နီကိုး ပွဲကစားခွင့်တွေ ရခဲ့ပေမယ့် ကိုစတက်ကတော့ ပွဲပေါင်း ၂၁ ပွဲအတွက် ပွဲနေ့လူစာရင်းမှာ ပါဝင်သော်လည်း ပွဲထွက်နေရာက ၃ ပွဲ လူစားဝင်ကစားသမားအဖြစ် ၃ ပွဲပဲ ကစားထားနိုင်ပါတယ်။ ဒီရာသီ ဘယ်အစွန်မှာ ရော်ဘတ်ဆန်က ပွဲကစားချိန် ၃၂၆၈ ဖြင့် အခြားသော လီဗာပူးကစားသမားတွေထက် ပွဲချိန် ပိုကစားထားရတယ်။

ဒဏ်ရာပြဿနာနဲ့ ကိုဗစ် ကူးစက်ခံခဲ့ရခြင်းကြောင့် ကိုစတက်ရဲ့ တိုးတက်မှုတွေက အဟန့်အတားဖြစ်ခဲ့တယ်။ လီဗာပူး လေကျင့်ရေးကွင်းက လာတဲ့ သတင်းအရ ကိုစတက်ဟာ လေ့ကျင့်ရေးမှာ အသင်းရဲ့ ကစားဟန်မှာ အံဝင်တဲ့ ပုံစံတွေကို ကလော့ပ် နှစ်သက်လောက်အောင် မပြသနိုင်သေးဘူးလို့ သိရပါတယ်။

ဒါကြောင့်လည်း ဘယ်အစွန်မှာ ရော်ဘတ်ဆန်ကိုပဲ ပိုသုံးနေတာဖြစ်ပြီး ကိုစတက်ကို အခွင့်အရေး သိပ်မပေးရခြင်း အကြောင်းရင်းဖြစ်တယ်။ ထိပ်တန်း ကွင်းလယ်လူဖြစ်တဲ့ သီယာဂိုကလည်း ကိုဗစ်နဲ့ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ရချိန်မှာ ခြေစွမ်း ကျဆင်းခဲ့တာကြောင့် ကိုစတက်ရဲ့ အခြေအနေက မန်နေဂျာရဲ့ ရွေးချယ်မှုမှာ ပါဝင်ဖို့ လိုအပ်ချက် များနေခဲ့တာ မြင်သာတယ်။

ဒါပေမယ့်လို့ ကိုစတက်ဟာ အသင်းရဲ့ ကစားဟန်မှာ အံဝင်လာမယ်လို့ မန်နေဂျာက မျှော်လင့်နေပါတယ်။ လေ့ကျင့်ချိန် ပိုရလာလေ ကိုစတက် ပိုမို အခြေခိုင်လာလေ ဖြစ်လာဖို့ အသင်းဘက်က မျှော်လင့်ထားပြီး ဒီရာသီအတွက်တော့ ဂရိ ဘယ်အစွန်လူဟာ အက်ဆာမှာ သင်ယူမှုတွေကိုပဲ အဓိက ပြုလုပ်သွားရဖို့ ရှိနေပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္ဟာ ၾသဂုတ္လတုန္းက အိုလံပီယာကိုစ့္ကေန ေခၚယူထားတဲ့ ဘယ္အစြန္လူ ကိုစတက္ကို ေမွ်ာ္လင့္ထားသေလာက္ ေနရာမေပးေသးပါဘူး။ ၄င္းနဲ႔ နီကိုးတို႔ဟာ အရန္ အစြန္လူေတြအျဖစ္ အသင္းေလ့က်င့္ေရးေတြမွာ ပါဝင္ေနၾကသူေတြျဖစ္တယ္။

ထရန္႔ ဒဏ္ရာရခဲ့စဥ္ ညာအစြန္မွာ နီကိုး ပြဲကစားခြင့္ေတြ ရခဲ့ေပမယ့္ ကိုစတက္ကေတာ့ ပြဲေပါင္း ၂၁ ပြဲအတြက္ ပြဲေန႔လူစာရင္းမွာ ပါဝင္ေသာ္လည္း ပြဲထြက္ေနရာက ၃ ပြဲ လူစားဝင္ကစားသမားအျဖစ္ ၃ ပြဲပဲ ကစားထားႏုိင္ပါတယ္။ ဒီရာသီ ဘယ္အစြန္မွာ ေရာ္ဘတ္ဆန္က ပြဲကစားခ်ိန္ ၃၂၆၈ ျဖင့္ အျခားေသာ လီဗာပူးကစားသမားေတြထက္ ပြဲခ်ိန္ ပိုကစားထားရတယ္။

ဒဏ္ရာျပႆနာနဲ႔ ကိုဗစ္ ကူးစက္ခံခဲ့ရျခင္းေၾကာင့္ ကိုစတက္ရဲ႕ တိုးတက္မႈေတြက အဟန္႔အတားျဖစ္ခဲ့တယ္။ လီဗာပူး ေလက်င့္ေရးကြင္းက လာတဲ့ သတင္းအရ ကိုစတက္ဟာ ေလ့က်င့္ေရးမွာ အသင္းရဲ႕ ကစားဟန္မွာ အံဝင္တဲ့ ပံုစံေတြကို ကေလာ့ပ္ ႏွစ္သက္ေလာက္ေအာင္ မျပသႏုိင္ေသးဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္လည္း ဘယ္အစြန္မွာ ေရာ္ဘတ္ဆန္ကိုပဲ ပိုသံုးေနတာျဖစ္ျပီး ကိုစတက္ကို အခြင့္အေရး သိပ္မေပးရျခင္း အေၾကာင္းရင္းျဖစ္တယ္။ ထိပ္တန္း ကြင္းလယ္လူျဖစ္တဲ့ သီယာဂိုကလည္း ကိုဗစ္နဲ႔ ဒဏ္ရာ ျပႆနာေတြ ရင္ဆိုင္ရခ်ိန္မွာ ေျခစြမ္း က်ဆင္းခဲ့တာေၾကာင့္ ကိုစတက္ရဲ႕ အေျခအေနက မန္ေနဂ်ာရဲ႕ ေရြးခ်ယ္မႈမွာ ပါဝင္ဖို႔ လိုအပ္ခ်က္ မ်ားေနခဲ့တာ ျမင္သာတယ္။

ဒါေပမယ့္လို႔ ကိုစတက္ဟာ အသင္းရဲ႕ ကစားဟန္မွာ အံဝင္လာမယ္လို႔ မန္ေနဂ်ာက ေမွ်ာ္လင့္ေနပါတယ္။ ေလ့က်င့္ခ်ိန္ ပိုရလာေလ ကိုစတက္ ပိုမို အေျခခိုင္လာေလ ျဖစ္လာဖို႔ အသင္းဘက္က ေမွ်ာ္လင့္ထားျပီး ဒီရာသီအတြက္ေတာ့ ဂရိ ဘယ္အစြန္လူဟာ အက္ဆာမွာ သင္ယူမႈေတြကိုပဲ အဓိက ျပဳလုပ္သြားရဖို႔ ရွိေနပါတယ္။