ဒီအပတ်မှာတော့ လီဗာပူးအသင်းက ပွဲစဉ် ၂၉ အဖြစ် ဝုဗ်ကို ယှဉ်ပြိုင်ရမှာဖြစ်ကာ နိုင်မှကိုဖြစ်မယ့် ပွဲတစ်ပွဲလည်း ဖြစ်လာပါတယ်။ ဒီပွဲမှာ ကလော့ပ် ရွေးချယ်နိုင်တဲ့ ပွဲထွက်လူစာရင်းကို ခန့်မှန်းကြည့်မှာဖြစ်ပါတယ်။

Liverpool’s XI vs. Wolves

စနေနေ့တုန်းက မီဒီယာတွေ့ဆုံပွဲမှာ မန်နေဂျာကလော့ပ်က ခံစစ်အထိုင်အဖြစ် ခါဘတ်နဲ့ ဖီးလစ်တို့အတွဲကို ဆက်ပြီး ထုတ်သုံးမယ်လို့ ထုတ်ပြောခဲ့တယ်။ “ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာက အဆင်သင့် ဖြစ်နေမယ်ဆိုရင် ခံစစ်အတွဲကို ဘာလို့များ ပြောင်းလဲသင့်ရမှာလဲ?” လို့ ကလော့ပ်က ဆိုခဲ့တာပါ။

ဒါကြောင့် ဝုဗ်နဲ့ပွဲ ခံစစ်အတွဲဟာ အယ်လီဆန်၊ ထရန့်၊ ခါဘတ်၊ ဖီးလစ်၊ ရော်ဘတ်ဆန် အတွဲပဲဖြစ်လာဖို့ ရှိနေပါတယ်။

ဒီပွဲအတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံးက ကွင်းလယ်အတွဲပဲဖြစ်လာပါမယ်။ ဖာဘင်ညို ကွင်းလယ်ခံစစ်နေရာ ဝင်ကစားမှာဖြစ်ပြီး ကျန် ကွင်းလယ် နှစ်နေရာမှာ သီယာဂို-ဝိုက်နယ်ဒမ် အတွဲကို သုံးမလး သီယာဂို-ကိတ်တာ အတွဲကို သုံးမလားက စိတ်ဝင်စားစရာဖြစ်တယ်။ ကလော့ပ်က သီယာဂို-ကိတ်တာ ကွင်းလယ်အတွဲကို ယခင်တည်းက မျှော်လင့်ထားခဲ့သူလည်း ဖြစ်ပါတယ်။

သို့ပေမယ့် လက်တလော ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းအရတော့ ကိတ်တာကို အရန်ခုံမှာထားပြီး သီယာဂို-ဝိုက်နယ်ဒမ် အတွဲကို ထုတ်သုံးတာကပဲ အကောင်းဆုံး တွဲဘက်မှု ဖြစ်ပါလိမ့်မယ်။

တိုက်စစ်အတွက်ကတော့ ဖာမင်နို ဒဏ်ရာကနေ ပြန်မသက်သာလာသေးလို့ မာနေး၊ ဂျိုတာ၊ ဆာလာအတွဲဖြင့် ပွဲထွက်လာဦးမှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အရန်ခုံမှာ ခံစစ်အတွက် ဝီလီယမ်၊ ကိုစတက်။ ကွင်းလယ်အတွက် ကိတ်တာ၊ ဂျုံး၊ ချိန်ဘာလိန်တို့ ရှိနေမှာဖြစ်ကာ တိုက်စစ်အတွက် အိုရီဂီနဲ့ ရှာကွီရီတို့ ရှိနေပါမယ်။ သူတို့တွေထဲမှာ ရှာကွီရီ၊ ဂျုံးနဲ့ ကိတ်တာကတော့ နည်းစနစ် ပြောင်းလဲမှုတွေအတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာနိုင်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးအသင္းက ပြဲစဥ္ ၂၉ အျဖစ္ ဝုဗ္ကို ယွဥ္ျပိဳင္ရမွာျဖစ္ကာ ႏုိင္မွကိုျဖစ္မယ့္ ပြဲတစ္ပြဲလည္း ျဖစ္လာပါတယ္။ ဒီပြဲမွာ ကေလာ့ပ္ ေရြးခ်ယ္ႏုိင္တဲ့ ပြဲထြက္လူစာရင္းကို ခန္႔မွန္းၾကည့္မွာျဖစ္ပါတယ္။

Liverpool’s XI vs. Wolves

စေနေန႔တုန္းက မီဒီယာေတြ႔ဆံုပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ခံစစ္အထိုင္အျဖစ္ ခါဘတ္နဲ႔ ဖီးလစ္တို႔အတြဲကို ဆက္ျပီး ထုတ္သံုးမယ္လို႔ ထုတ္ေျပာခဲ့တယ္။ “ သူတို႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာက အဆင္သင့္ ျဖစ္ေနမယ္ဆိုရင္ ခံစစ္အတြဲကို ဘာလို႔မ်ား ေျပာင္းလဲသင့္ရမွာလဲ?” လို႔ ကေလာ့ပ္က ဆိုခဲ့တာပါ။

ဒါေၾကာင့္ ဝုဗ္နဲ႔ပြဲ ခံစစ္အတြဲဟာ အယ္လီဆန္၊ ထရန္႔၊ ခါဘတ္၊ ဖီးလစ္၊ ေရာ္ဘတ္ဆန္ အတြဲပဲျဖစ္လာဖို႔ ရွိေနပါတယ္။

ဒီပြဲအတြက္ စိတ္ဝင္စားဖြယ္ အေကာင္းဆံုးက ကြင္းလယ္အတြဲပဲျဖစ္လာပါမယ္။ ဖာဘင္ညိဳ ကြင္းလယ္ခံစစ္ေနရာ ဝင္ကစားမွာျဖစ္ျပီး က်န္ ကြင္းလယ္ ႏွစ္ေနရာမွာ သီယာဂို-ဝိုက္နယ္ဒမ္ အတြဲကို သံုးမလး သီယာဂို-ကိတ္တာ အတြဲကို သံုးမလားက စိတ္ဝင္စားစရာျဖစ္တယ္။ ကေလာ့ပ္က သီယာဂို-ကိတ္တာ ကြင္းလယ္အတြဲကို ယခင္တည္းက ေမွ်ာ္လင့္ထားခဲ့သူလည္း ျဖစ္ပါတယ္။

သို႔ေပမယ့္ လက္တေလာ ၾကံ႕ခိုင္မႈနဲ႔ စြမ္းေဆာင္ရည္ပိုင္းအရေတာ့ ကိတ္တာကို အရန္ခံုမွာထားျပီး သီယာဂို-ဝိုက္နယ္ဒမ္ အတြဲကို ထုတ္သံုးတာကပဲ အေကာင္းဆံုး တြဲဘက္မႈ ျဖစ္ပါလိမ့္မယ္။

တိုက္စစ္အတြက္ကေတာ့ ဖာမင္ႏို ဒဏ္ရာကေန ျပန္မသက္သာလာေသးလို႔ မာေနး၊ ဂ်ိဳတာ၊ ဆာလာအတြဲျဖင့္ ပြဲထြက္လာဦးမွာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အရန္ခံုမွာ ခံစစ္အတြက္ ဝီလီယမ္၊ ကိုစတက္။ ကြင္းလယ္အတြက္ ကိတ္တာ၊ ဂ်ံဳး၊ ခ်ိန္ဘာလိန္တို႔ ရွိေနမွာျဖစ္ကာ တိုက္စစ္အတြက္ အိုရီဂီနဲ႔ ရွာကီြရီတို႔ ရွိေနပါမယ္။ သူတို႔ေတြထဲမွာ ရွာကီြရီ၊ ဂ်ံဳးနဲ႔ ကိတ္တာကေတာ့ နည္းစနစ္ ေျပာင္းလဲမႈေတြအတြက္ အေရးပါတဲ့ ကစားသမားေတြ ျဖစ္လာႏုိင္ပါတယ္။