လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ အသင်းရဲ့ ခေါင်းဆောင် ကစားသမားတွေ မပါဝင်နိုင်ချိန်မှာ ဂျိမ်းစ် မေနာရဲ့ အခန်း ကဏ္ဍက သိပ်ကို အရေးပါလွန်းနေပြီး ဝါရင့် ကစားသမားကြီးကို ပွဲထွက်နေရာ ပိုပေးသွားဖို့ ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မေနာ က အခုနောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး ပြီးခဲ့တဲ့ နှစ်လတုန်းက ပွဲဆက် ပွဲထွက်ရမှု မရှိခဲ့ပေမယ့် အခု နောက်ဆုံး လီဗာပူး လေးပွဲမှာ သုံးပွဲ ပွဲထွက် ပါဝင် ကစားထားပါတယ်။ အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန်သားကြီးဟာ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ပွဲတွေမှာ အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ပြထားပြီး အခြား ကွင်းလယ်တွေ ဖြစ်တဲ့ ကိတ်တာ၊ သီယေဂိုနဲ့ ချိန်ဘာလိန် တို့ကတော့ ရုန်းကန်နေရပါတယ်။

အသက်အရွယ် ကြီးသူ ဖြစ်ပေမယ့် မေနာက ကွင်းထဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ဖျက်လတ်စွာ စွမ်းဆောင်ပြနေတဲ့ အပြင် ကစားသမားတွေ ပုံမှန် ရင်ဆိုင်ရလေ့ ရှိတဲ့ ဒဏ်ရာ ပြသနာလည်း နည်းပါးသူ ဖြစ်ပါတယ်။ မေနာက ရာသီအကုန်မှာလည်း လီဗာပူးနဲ့ စာချုပ် တစ်နှစ် ကျန်ရှိဦးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ဦးဆောင်သူတွေထဲ မေနာရဲ့ အခန်း ကဏ္ဍ အနေအထားကို မေးမြန်းခဲ့ရာ ကလော့ပ်က – ” ဟာ သိပ် အရေးကြီးတာပေါ့။ အရမ်း အရမ်းကို အရေးပါသူပါ။ မေနာက ကစားတာ သိပ်ကောင်းတယ်။ သူ ကွင်းထဲမှာ ရှိရင် ကျနော်တို့ ပွဲတွေ ပို အနိုင်ရလေ့ ရှိတယ်။ ဒါကို ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။

ကျနော် ခဏခဏ ပြောလေ့ ရှိလား မသိပေမယ့် မီလီ (မေနာ) က ကျနော်တို့ အသင်းသားတွေ ဒီအုပ်စု အတွက် သိပ်ကို အရေးကြီးသူ အရေးပါသူ ဖြစ်တယ်။ ကစားသမား တစ်ယောက် အနေနဲ့သာ မက လူပုဂ္ဂိုလ် အနေနဲ့ ရော သူက ရည်မွန်တဲ့သူပါ။

အဝတ်လဲခန်းထဲမှာတင် မဟုတ် အမြဲ သူက လူကြီးလူကောင်း ဆန်တဲ့သူ။ သူက ပွဲ ကစားရသည် ဖြစ်စေ မကစားရသည် ဖြစ်စေ ကြံ့ခိုင်မှု ပြည့်နေလို့ကတော့ အမြဲ အနားမှာ ရှိနေတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက ပြသနာ အနည်းငယ်လေးတွေ ရှိလို့ သူ မပါနိုင်ခဲ့ပေမယ့် အခုကတော့ လုံး၀ ကောင်းမွန်နေပြီ။ သူ ဒီလိုပဲ အမြဲ ရှိနေဖို့ ကျနော် မျှော်လင့်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ အသင္းရဲ႕ ေခါင္းေဆာင္ ကစားသမားေတြ မပါ၀င္နုိင္ခ်ိန္မွာ ဂ်ိမ္းစ္ ေမနာရဲ႕ အခန္း က႑က သိပ္ကို အေရးပါလြန္းေနျပီး ၀ါရင့္ ကစားသမားၾကီးကို ပြဲထြက္ေနရာ ပိုေပးသြားဖို႔ ရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ေမနာ က အခုေနာက္ပိုင္းမွာ ေျခစြမ္းေကာငး္ေတြ ျပသေနျပီး ျပီးခဲ့တဲ့ နွစ္လတုန္းက ပြဲဆက္ ပြဲထြက္ရမႈ မရွိခဲ့ေပမယ့္ အခု ေနာက္ဆံုး လီဗာပူး ေလးပြဲမွာ သံုးပြဲ ပြဲထြက္ ပါ၀င္ ကစားထားပါတယ္။ အသက္ ၃၅ နွစ္ ရွိျပီ ျဖစ္တဲ့ အဂၤလန္သားၾကီးဟာ အာဆင္နယ္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႕ ပြဲေတြမွာ အထင္ၾကီးေလာက္ဖြယ္ စြမ္းေဆာင္ျပထားျပီး အျခား ကြင္းလယ္ေတြ ျဖစ္တဲ့ ကိတ္တာ၊ သီေယဂိုနဲ႕ ခ်ိန္ဘာလိန္ တို႔ကေတာ့ ရုန္းကန္ေနရပါတယ္။

အသက္အရြယ္ ၾကီးသူ ျဖစ္ေပမယ့္ ေမနာက ကြင္းထဲမွာ ၾကံ႕ခုိင္မႈ အျပည့္နဲ႕ ဖ်က္လတ္စြာ စြမ္းေဆာင္ျပေနတဲ့ အျပင္ ကစားသမားေတြ ပံုမွန္ ရင္ဆိုင္ရေလ့ ရွိတဲ့ ဒဏ္ရာ ျပသနာလည္း နည္းပါးသူ ျဖစ္ပါတယ္။ ေမနာက ရာသီအကုန္မွာလည္း လီဗာပူးနဲ႕ စာခ်ဳပ္ တစ္နွစ္ က်န္ရွိဦးမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ဦးေဆာင္သူေတြထဲ ေမနာရဲ႕ အခန္း က႑ အေနအထားကို ေမးျမန္းခဲ့ရာ ကေလာ့ပ္က – ” ဟာ သိပ္ အေရးၾကီးတာေပါ့။ အရမ္း အရမ္းကို အေရးပါသူပါ။ ေမနာက ကစားတာ သိပ္ေကာင္းတယ္။ သူ ကြင္းထဲမွာ ရွိရင္ က်ေနာ္တုိ႔ ပြဲေတြ ပို အနိုင္ရေလ့ ရွိတယ္။ ဒါကို က်ေနာ္ ေသခ်ာေပါက္ ေျပာနုိင္ပါတယ္။

က်ေနာ္ ခဏခဏ ေျပာေလ့ ရွိလား မသိေပမယ့္ မီလီ (ေမနာ) က က်ေနာ္တို႔ အသင္းသားေတြ ဒီအုပ္စု အတြက္ သိပ္ကို အေရးၾကီးသူ အေရးပါသူ ျဖစ္တယ္။ ကစားသမား တစ္ေယာက္ အေနနဲ႕သာ မက လူပုဂၢိဳလ္ အေနနဲ႕ ေရာ သူက ရည္မြန္တဲ့သူပါ။

အ၀တ္လဲခန္းထဲမွာတင္ မဟုတ္ အျမဲ သူက လူၾကီးလူေကာင္း ဆန္တဲ့သူ။ သူက ပြဲ ကစားရသည္ ျဖစ္ေစ မကစားရသည္ ျဖစ္ေစ ၾကံ႕ခိုင္မႈ ျပည့္ေနလို႔ကေတာ့ အျမဲ အနားမွာ ရွိေနတယ္။ ျပီးခဲ့တဲ့ လေတြတုန္းက ျပသနာ အနည္းငယ္ေလးေတြ ရွိလို႔ သူ မပါနိုင္ခဲ့ေပမယ့္ အခုကေတာ့ လံုး၀ ေကာင္းမြန္ေနျပီ။ သူ ဒီလိုပဲ အျမဲ ရွိေနဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။