လီဗာပူး အပါအဝင် ကလပ် ၁၂ သင်းဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်အောက်က ခွဲထွက်မယ့် ပြိုင်ပွဲသစ်တစ်ရပ်မှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာချက်တွေ ထုတ်ပြန်လာပါတယ်။

Super League လို့ ခေါ်တဲ့ အဆိုပါပြိုင်ပွဲကို ဦးဆောင်သွားမယ့် ကလပ်တွေထဲ လီဗာပူးက ထိပ်ပိုင်းတစ်နေရာက ပါဝင်ထားတာပါ။ အင်္ဂလန်ကလပ်တွေထဲမှာ လီဗာပူး၊ ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်၊ စပါး တို့က အဆိုပါ ပြိုင်ပွဲထဲ ပါဝင်သွားမှာဖြစ်ပြီး အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်၊ အက်သလက်တီကို၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့လည်း ပါဝင်ပါမယ်။

မနေ့ညပိုင်းမှာ ကြေညာချက် စတင်လာခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာတော့ ယူအီးအက်ဖ်အေကလည်း တုန့်ပြန်တဲ့ စာတစ်စောင် ထုတ်လာခဲ့တယ်။ ယူအီးအက်ဖ်အေ၊ အင်္ဂလန်အက်ဖ်အေ၊ ပရီးမီးယားလိဂ်၊ တော်ဝင်စပိန်ဘောလုံးအဖွဲ့ချုပ်၊ လာလီဂါ၊ အီတလီဘောလုံးအဖွဲ့ချုပ်၊ စီးရီးအေ တို့က အဆိုပါ စာကို ဦးဆောင် ထုတ်ခဲ့ကြခြင်းဖြစ်တယ်။

အင်္ဂလန်၊ စပိန်နဲ့ အီတလီအသင်း အချို့တို့ ဦးဆောင်ပြီး Super League အမည်ရ ပြိင်ပွဲကို ကျင်းပဖို့ ကြိုးစားနေကြပါကြောင်း၊ ပွင့်လင်းမှုကို အခြေခံပြီး အားကစားပိုင်းဆိုင်ရာ ကောင်းကျိုးဆောင်မှုတွေအရ အဆိုပါကိစ္စဟာ လက်မခံနိုင်စရာ ကိစ္စဖြစ်လာခဲ့ပါကြောင်း၊

Super League မှာ ပါဝင်တဲ့ သက်ဆိုင်ရာကလပ်တွေကို ပြည်တွင်းပြိုင်ပွဲ၊ ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ပါဝင်ကစားခြင်းမပြုဖို့ တားမြစ်မယ့် သဘောအပြင် ၎င်းကလပ်တွေရဲ့ ကစားသမားတွေကိုလည်း လက်ရွေးစင် ကိုယ်စားပြုခွင့်တွေ ပိတ်ပင်ခံရနိုင်ကြောင်း ယူအီးအက်ဖ်အေရဲ့ အဆိုပါ ကြေညာချက်မှာ ပါဝင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေကတော့ အဆိုပါ ပြိုင်ပွဲမှာ မပါဝင်ခဲ့တဲ့ ဂျာမနီနဲ့ ပြင်သစ်က ကလပ်တွေကိုလည်း ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး ယူအီးအက်ဖ်အေနဲ့ ဥရောပ ထိပ်သီးကလပ်တွေကြား တိုက်ပွဲကတော့ အရှိန်အမြင့်ဆုံးကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူး အပါအဝင္ ကလပ္ ၁၂ သင္းဟာ ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ လက္ေအာက္က ခြဲထြက္မယ့္ ျပိဳင္ပြဲသစ္တစ္ရပ္မွာ ပါဝင္ယွဥ္ျပိဳင္မယ္လို႔ ေၾကညာခ်က္ေတြ ထုတ္ျပန္လာပါတယ္။

Super League လို႔ ေခၚတဲ့ အဆိုပါျပိဳင္ပြဲကို ဦးေဆာင္သြားမယ့္ ကလပ္ေတြထဲ လီဗာပူးက ထိပ္ပိုင္းတစ္ေနရာက ပါဝင္ထားတာပါ။ အဂၤလန္ကလပ္ေတြထဲမွာ လီဗာပူး၊ ယူႏိုက္တက္၊ ခ်ယ္ဆီး၊ အာဆင္နယ္၊ စပါး တို႔က အဆိုပါ ျပိဳင္ပြဲထဲ ပါဝင္သြားမွာျဖစ္ျပီး ေအစီမီလန္၊ အင္တာမီလန္၊ ဂ်ဴဗင္တပ္၊ အက္သလက္တီကို၊ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔လည္း ပါဝင္ပါမယ္။

မေန႔ညပိုင္းမွာ ေၾကညာခ်က္ စတင္လာခဲ့တာျဖစ္ျပီး နာရီပိုင္းအၾကာမွာေတာ့ ယူအီးအက္ဖ္ေအကလည္း တုန္႔ျပန္တဲ့ စာတစ္ေစာင္ ထုတ္လာခဲ့တယ္။ ယူအီးအက္ဖ္ေအ၊ အဂၤလန္အက္ဖ္ေအ၊ ပရီးမီးယားလိဂ္၊ ေတာ္ဝင္စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္၊ လာလီဂါ၊ အီတလီေဘာလံုးအဖြဲ႔ခ်ဳပ္၊ စီးရီးေအ တို႔က အဆိုပါ စာကို ဦးေဆာင္ ထုတ္ခဲ့ၾကျခင္းျဖစ္တယ္။

အဂၤလန္၊ စပိန္နဲ႔ အီတလီအသင္း အခ်ိဳ႔တို႔ ဦးေဆာင္ျပီး Super League အမည္ရ ျပိင္ပြဲကို က်င္းပဖို႔ ၾကိဳးစားေနၾကပါေၾကာင္း၊ ပြင့္လင္းမႈကို အေျခခံျပီး အားကစားပိုင္းဆိုင္ရာ ေကာင္းက်ိဳးေဆာင္မႈေတြအရ အဆိုပါကိစၥဟာ လက္မခံႏုိင္စရာ ကိစၥျဖစ္လာခဲ့ပါေၾကာင္း၊

Super League မွာ ပါဝင္တဲ့ သက္ဆိုင္ရာကလပ္ေတြကို ျပည္တြင္းျပိဳင္ပြဲ၊ ဥေရာပအဆင့္ ျပိဳင္ပြဲေတြမွာ ပါဝင္ကစားျခင္းမျပဳဖို႔ တားျမစ္မယ့္ သေဘာအျပင္ ၄င္းကလပ္ေတြရဲ႕ ကစားသမားေတြကိုလည္း လက္ေရြးစင္ ကိုယ္စားျပဳခြင့္ေတြ ပိတ္ပင္ခံရႏုိင္ေၾကာင္း ယူအီးအက္ဖ္ေအရဲ႕ အဆိုပါ ေၾကညာခ်က္မွာ ပါဝင္ခဲ့ပါတယ္။

ယူအီးအက္ဖ္ေအကေတာ့ အဆိုပါ ျပိဳင္ပြဲမွာ မပါဝင္ခဲ့တဲ့ ဂ်ာမနီနဲ႔ ျပင္သစ္က ကလပ္ေတြကိုလည္း ေက်းဇူးတင္စကား ေျပာဆိုခဲ့ျပီး ယူအီးအက္ဖ္ေအနဲ႔ ဥေရာပ ထိပ္သီးကလပ္ေတြၾကား တိုက္ပြဲကေတာ့ အရွိန္အျမင့္ဆံုးကို ေရာက္လာခဲ့ျပီျဖစ္ပါတယ္။