ပရီးမီးယားလိဂ်ကလပ် လီဗာပူးအပါအဝင် အင်္ဂလန်ကလပ် ၅ သင်းဟာ ချန်ပီယံလိဂ်ကနေ ခွဲထွက်တဲ့ ပြိုင်ပွဲကြီး တစ်ရပ်ကို စတင်ဖို့အတွက် လက်မှတ်ထိုးခဲ့ပြီဖြစ်ကြောင်း The Times က ထုတ်ဖော်သွားပါတယ်။

ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲကို ယခင် ၃၂ သင်း ကနေ ၃၆ သင်းအဆင့်ကို တိုးမြင့်ပြီး ကွဲပြားတဲ့ ပြိုင်ပွဲပုံစံသစ်ကို စတင်ဖို့ ပြင်ဆင်နေတာပါ။ အဲ့လို လုပ်နေစဉ်မှာပဲ လီဗာပူး၊ ယူနိုက်တက်၊ အာဆင်နယ်၊ ချယ်ဆီး၊ စပါးတို့ ပါဝင်တဲ့ ဥရောပ ကလပ် ၁၁ သင်းက Super League လို့ နာမည်ပေးထားတဲ့ ပြိုင်ပွဲမှာ ပါဝင်ဖို့ လက်မှတ်ထိုးခဲ့ကြတဲ့ သတင်း ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

Super League ဟာ ၂၀၂၄ ခုနှစ်မှာ စတင် ပြောင်းလဲကျင်းပမယ့် ယူအီးအက်ဖ်အေ ပြိုင်ပွဲကို တိုက်ရိုက် စိန်ခေါ်သွားမှာဖြစ်တယ်။ ကလပ်ပေါင်း ၂၀ ပါဝင်မယ့် Super League မှာ ၁၅ သင်းက အမြဲတမ်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်ရမှာဖြစ်ပြီး ၅ သင်းကတော့ ခြေစစ်ပွဲအပေါ် မူတည်ကာ ပါဝင်သွားရမှာဖြစ်တယ်။

ပေါင် ၃.၁ ဘီလျံ ပမာဏကို လိဂ် တည်ထောင်သူ ကလပ်တွေကြား ခွဲဝေကြမှာဖြစ်ပြီး အနာဂတ် တီဗီရုပ်သံကြေး၊ စပွန်ဆာကြေးတွေနဲ့ စီးပွားရေဆိုင်ရာ သဘောတူညီချက်တွေကနေ အကျိုးအမြတ်တွေအတွက် သဘောတူညီမှု ရယူမှာဖြစ်တယ်။

အုပ်စုအတွင်းက ထိပ်ဆုံး ၄ သင်းကို ကွာတားဖိုင်နယ် နှစ်ကျော့ ကစားစေဖို့ မတိုင်ခင်မှာ ကလပ် ၁၀ သင်းပါ အုပ်စု ၂ ခုဟာ အုပ်စုတွင်း ပွဲစဉ်တွေကို ကြားရက်တွေမှာ ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ချုပ်ကိုင်မှုအောက်က ကင်းလွှတ်မယ့် ပြိုင်ပွဲဖြစ်တယ်လို့ နားလည်ထားရပြီး ဘယ်လို ဆက်ဖြစ်လာမယ်ကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအပါအဝင္ အဂၤလန္ကလပ္ ၅ သင္းဟာ ခ်န္ပီယံလိဂ္ကေန ခြဲထြက္တဲ့ ျပိဳင္ပြဲၾကီး တစ္ရပ္ကို စတင္ဖို႔အတြက္ လက္မွတ္ထိုးခဲ့ျပီျဖစ္ေၾကာင္း The Times က ထုတ္ေဖာ္သြားပါတယ္။

ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ယခင္ ၃၂ သင္း ကေန ၃၆ သင္းအဆင့္ကို တိုးျမင့္ျပီး ကြဲျပားတဲ့ ျပိဳင္ပြဲပံုစံသစ္ကို စတင္ဖို႔ ျပင္ဆင္ေနတာပါ။ အဲ့လို လုပ္ေနစဥ္မွာပဲ လီဗာပူး၊ ယူႏုိက္တက္၊ အာဆင္နယ္၊ ခ်ယ္ဆီး၊ စပါးတို႔ ပါဝင္တဲ့ ဥေရာပ ကလပ္ ၁၁ သင္းက Super League လို႔ နာမည္ေပးထားတဲ့ ျပိဳင္ပြဲမွာ ပါဝင္ဖို႔ လက္မွတ္ထိုးခဲ့ၾကတဲ့ သတင္း ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။

Super League ဟာ ၂၀၂၄ ခုႏွစ္မွာ စတင္ ေျပာင္းလဲက်င္းပမယ့္ ယူအီးအက္ဖ္ေအ ျပိဳင္ပြဲကို တိုက္ရိုက္ စိန္ေခၚသြားမွာျဖစ္တယ္။ ကလပ္ေပါင္း ၂၀ ပါဝင္မယ့္ Super League မွာ ၁၅ သင္းက အျမဲတမ္း အဖြဲ႔ဝင္ေတြအျဖစ္ ပါဝင္ရမွာျဖစ္ျပီး ၅ သင္းကေတာ့ ေျခစစ္ပြဲအေပၚ မူတည္ကာ ပါဝင္သြားရမွာျဖစ္တယ္။

ေပါင္ ၃.၁ ဘီလ်ံ ပမာဏကို လိဂ္ တည္ေထာင္သူ ကလပ္ေတြၾကား ခြဲေဝၾကမွာျဖစ္ျပီး အနာဂတ္ တီဗီရုပ္သံေၾကး၊ စပြန္ဆာေၾကးေတြနဲ႔ စီးပြားေရဆုိင္ရာ သေဘာတူညီခ်က္ေတြကေန အက်ိဳးအျမတ္ေတြအတြက္ သေဘာတူညီမႈ ရယူမွာျဖစ္တယ္။

အုပ္စုအတြင္းက ထိပ္ဆံုး ၄ သင္းကို ကြာတားဖိုင္နယ္ ႏွစ္ေက်ာ့ ကစားေစဖို႔ မတိုင္ခင္မွာ ကလပ္ ၁၀ သင္းပါ အုပ္စု ၂ ခုဟာ အုပ္စုတြင္း ပြဲစဥ္ေတြကို ၾကားရက္ေတြမွာ ယွဥ္ျပိဳင္သြားရမွာျဖစ္တယ္။ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ ခ်ဳပ္ကိုင္မႈေအာက္က ကင္းလႊတ္မယ့္ ျပိဳင္ပြဲျဖစ္တယ္လို႔ နားလည္ထားရျပီး ဘယ္လို ဆက္ျဖစ္လာမယ္ကေတာ့ ေစာင့္ၾကည့္ရပါလိမ့္မယ္။