လီဗာပူးဂန္တဝင်ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဆောင်းနက်က လီဗာပူးရဲ့ ဒီရာသီ ပျော့ညံ့မှုအပေါ် စိတ်ပျက်နေပုံရပါတယ်။

လီဗာပူးအသင်းဟာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရခဲ့ပေမယ့်လည်း ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့တောင် ခက်ခဲနေတာပါ။ ဆောင်းနက်ကတော့ တစ်ရာသီလုံး ဗန်ဒိုက် မကစားနိုင်ခြင်းကိုပဲ ဆင်ခြေပေးနေတဲ့ လီဗာပူးကို သဘောမတွေ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဆောင်းနက်က “ လာမယ့် ၅ နှစ်လောက်ထိ လွှမ်းမိုးနိုင်စွမ်းရှိတဲ့အသင်း မဟုတ်ရင်တောင် လွှမ်းမိုးနိုင်တဲ့ အသင်းတစ်သင်းကိုတော့ ကျနော် မျှော်လင့်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လီဗာပူးက ဘာကိုမှ အနိုင်မရနိုင်ဘူးဆိုတာကို ပြသခဲ့တယ်။

လီဗာပူးက ထိခိုက်လွယ်ခဲ့တယ်ဆိုတဲ့ ရွိုင်ကိန်းရဲ့မှတ်ချက်က မှန်ပါတယ်။ လီဗာပူးက ချန်ပီယံကောင်းတွေ မဖြစ်ခဲ့ဘူး။ သူတို့က တုန့်ပြန်မှုကောင်းတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဘောလုံးမှာက မှားယွင်းတဲ့ အချိန်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရတယ်ဆိုတာမျိုးက ဖြစ်လေ့ရှိတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ဘောလုံးရာသီ တစ်ခုလုံးလောက်မှာ လီဗာပူးက ဗန်ဒိုက် မပါဘဲ ကစားခဲ့ရတယ်။ အခြားသော အရေးပါတဲ့ ကစားသမားကြီးတွေကလည်း ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ မလုပ်ပေးနိုင်ခဲ့ကြဘူး။ သူတို့တွေကို ဒီရာသီက ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုဖြစ်ခဲ့ရဲ့လားလို့ မေးမယ်ဆိုရင် ဆာလာ တစ်ဦးတည်းကပဲ လက်ထောင်ပြနိုင်ပါလိမ့်မယ်။

ဒီရာသီမှာ လီဗာပူးအတွက် ဆာလာ တစ်ဦးတည်းကပဲ ဂိုးတွေ ပြန်သွင်းပေးနိုင်ခဲ့တယ်။ ကျန်တဲ့ ကစားသမားတွေကတော့ ကိုယ်ဘာသာ ပြန်ကြည့်ဖို့ လိုကြပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘောလုံးရာသီ မသိမ်းသေးပေမယ့် လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ အတော်လေး မှေးမှိန်နေခဲ့ပြီး လာမယ့်ရာသီ ယူရိုပါလိဂ်မှာ ပါဝင်နိုင်ခွင့်အတွက်တောင် ရုန်းကန်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ကစားသမားေဟာင္းနဲ႔ နည္းျပေဟာင္းျဖစ္သူ ေဆာင္းနက္က လီဗာပူးရဲ႕ ဒီရာသီ ေပ်ာ့ညံ့မႈအေပၚ စိတ္ပ်က္ေနပံုရပါတယ္။

လီဗာပူးအသင္းဟာ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ရခဲ့ေပမယ့္လည္း ဒီရာသီမွာ ထိပ္ဆံုး ၄ သင္းထဲ ဝင္ဖို႔ေတာင္ ခက္ခဲေနတာပါ။ ေဆာင္းနက္ကေတာ့ တစ္ရာသီလံုး ဗန္ဒိုက္ မကစားႏုိင္ျခင္းကိုပဲ ဆင္ေျခေပးေနတဲ့ လီဗာပူးကို သေဘာမေတြ႔ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ေဆာင္းနက္က “ လာမယ့္ ၅ ႏွစ္ေလာက္ထိ လႊမ္းမိုးႏုိင္စြမ္းရွိတဲ့အသင္း မဟုတ္ရင္ေတာင္ လႊမ္းမိုုးႏုိင္တဲ့ အသင္းတစ္သင္းကိုေတာ့ က်ေနာ္ ေမွ်ာ္လင့္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ လီဗာပူးက ဘာကိုမွ အႏုိင္မရႏုိင္ဘူးဆိုတာကို ျပသခဲ့တယ္။

လီဗာပူးက ထိခိုက္လြယ္ခဲ့တယ္ဆိုတဲ့ ရိြဳင္ကိန္းရဲ႕မွတ္ခ်က္က မွန္ပါတယ္။ လီဗာပူးက ခ်န္ပီယံေကာင္းေတြ မျဖစ္ခဲ့ဘူး။ သူတို႔က တုန္႔ျပန္မႈေကာင္းေတြ မလုပ္ႏုိင္ခ့ဲပါဘူး။ ေဘာလံုးမွာက မွားယြင္းတဲ့ အခ်ိန္မွာ အဓိက ကစားသမားေတြ ဒဏ္ရာရတယ္ဆိုတာမ်ိဳးက ျဖစ္ေလ့ရွိတဲ့ ကိစၥပဲ ျဖစ္ပါတယ္။

ေဘာလံုးရာသီ တစ္ခုလံုးေလာက္မွာ လီဗာပူးက ဗန္ဒိုက္ မပါဘဲ ကစားခဲ့ရတယ္။ အျခားေသာ အေရးပါတဲ့ ကစားသမားၾကီးေတြကလည္း ေကာင္းမြန္တဲ့ တုန္႔ျပန္မႈေတြ မလုပ္ေပးႏုိင္ခဲ့ၾကဘူး။ သူတို႔ေတြကို ဒီရာသီက ေကာင္းမြန္တဲ့ ေဘာလံုးရာသီ တစ္ခုျဖစ္ခဲ့ရဲ႕လားလို႔ ေမးမယ္ဆိုရင္ ဆာလာ တစ္ဦးတည္းကပဲ လက္ေထာင္ျပႏုိင္ပါလိမ့္မယ္။

ဒီရာသီမွာ လီဗာပူးအတြက္ ဆာလာ တစ္ဦးတည္းကပဲ ဂိုးေတြ ျပန္သြင္းေပးႏုိင္ခဲ့တယ္။ က်န္တဲ့ ကစားသမားေတြကေတာ့ ကိုယ္ဘာသာ ျပန္ၾကည့္ဖို႔ လိုၾကပါလိမ့္မယ္ ” လုိ႔ ဆိုခဲ့တာျဖစ္ပါတယ္။

ေဘာလံုးရာသီ မသိမ္းေသးေပမယ့္ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ဟာ အေတာ္ေလး ေမွးမွိန္ေနခဲ့ျပီး လာမယ့္ရာသီ ယူရိုပါလိဂ္မွာ ပါဝင္ႏုိင္ခြင့္အတြက္ေတာင္ ရုန္းကန္ရဖို႔ ရွိေနတာျဖစ္ပါတယ္။