ဒီအပတ်အကုန် အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲကို ဆောက်သမ်တန် အဓိက ကစားသမား ၆ ဦးထိ လွဲချော်မယ်လို့ သိရပါတယ်။

လီဗာပူးအသင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်နိုင်ဖို လက်ကန်ပွဲအားလုံး အနိုင်ရဖို့ လိုကို လိုအပ်တာဖြစ်တယ်။ ဆောက်သမ်တန်ပွဲ မတိုင်ခင် အမှတ်ပေးဇယား အဆင့် ၇ မှာရှိနေတဲ့ လီဗာပူးအသင်းဟာ တစ်ပွဲလျော့ကစားထားပြီး အဆင့် ၄ နေရာက ချယ်ဆီးနှင့် ၇ မှတ်ထိ ကွာဟနေတာဖြစ်ပါတယ်။

ဆောက်သမ်တန်ကတော့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်ကလပ်နှင့် ၁၀ မှတ် ကွာဟနေတာဖြစ်တယ်။ နောက်ဆုံးအကြိမ် ကစားထားတဲ့ လက်စတာနှင့်ပွဲမှာ ဆောက်သမ်တန်က ခက်ခဲစွာ တိုက်ခိုက်ခဲ့ပြီး ၁-၁ ရလဒ် ရယူထားခဲ့တယ်။

ဒီတစ်ကြိမ် အန်ဖီးကို လာရောက်ရာမှာ ဒန်နီအင့်၊ ဘာထရန့်၊ ရိုမီယူ၊ စမောဘုန်း၊ မီနာမီနိုတို့ ပါဝင်သွားဖို့ မရှိပါဘူး။ ဗတ်စတာဂတ်ကလည်း လက်စတာကို သရေကျတဲ့ပွဲမှာ တိုက်ရိုက် အနီကဒ် ထိခဲ့တာဖြစ်ကာ အဆိုပါ ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ သိထားရပြီး ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်တယ်။

ဒါ့အပြင် မန်နေဂျာ ဟက်ဆန်ဟက်က အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ဂိုးသမားအဖြစ် အဲလက်စ်အစား ဖော်စတာကိုပဲ အသုံးပြုမယ်လို့ ကြေညာထားပါတယ်။ လက်စတာနဲ့ပွဲမှာတုန်းကတော့ အဲလက်စ်ကိုပဲ ထုတ်သုံးထားခဲ့တာဖြစ်ပါတယ်။

ဟက်ဆန်ဟက်က ” နှစ်ဦးလုံးက ပွဲကစားရဖို့ ထိုက်တန်ပါတယ်။ နှစ်ဦးလုံးက အရေးပါခဲ့တယ်။ ကျနေ်ာတို့အတွက် ဂိုးသမားကောင်းတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပြသထားနိုင်တယ်။ နှစ်ဦးလုံးကို နှစ်ပွဲစီ ပေးကစားဖို့ စီစဉ်ထားလို့ လာမယ့် နှစ်ပွဲကို ဖော်စတာက ဖမ်းရပါမယ် ” လို့ ထုတ်ပြောထားပါတယ်။

ZAWGYI

ဒီအပတ္အကုန္ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ပြဲကို ေဆာက္သမ္တန္ အဓိက ကစားသမား ၆ ဦးထိ လြဲေခ်ာ္မယ္လို႔ သိရပါတယ္။

လီဗာပူးအသင္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ႏုိင္ဖို လက္ကန္ပြဲအားလံုး အႏုိင္ရဖို႔ လိုကို လိုအပ္တာျဖစ္တယ္။ ေဆာက္သမ္တန္ပြဲ မတိုင္ခင္ အမွတ္ေပးဇယား အဆင့္ ၇ မွာရွိေနတဲ့ လီဗာပူးအသင္းဟာ တစ္ပြဲေလ်ာ့ကစားထားျပီး အဆင့္ ၄ ေနရာက ခ်ယ္ဆီးႏွင့္ ၇ မွတ္ထိ ကြာဟေနတာျဖစ္ပါတယ္။

ေဆာက္သမ္တန္ကေတာ့ အမွတ္ေပးဇယား အဆင့္ ၁၅ ေနရာမွာ ရွိေနျပီး တန္းဆင္းဇုန္ကလပ္ႏွင့္ ၁၀ မွတ္ ကြာဟေနတာျဖစ္တယ္။ ေနာက္ဆံုးအၾကိမ္ ကစားထားတဲ့ လက္စတာႏွင့္ပြဲမွာ ေဆာက္သမ္တန္က ခက္ခဲစြာ တိုက္ခိုက္ခဲ့ျပီး ၁-၁ ရလဒ္ ရယူထားခဲ့တယ္။

ဒီတစ္ၾကိမ္ အန္ဖီးကို လာေရာက္ရာမွာ ဒန္နီအင့္၊ ဘာထရန္႔၊ ရိုမီယူ၊ စေမာဘုန္း၊ မီနာမီႏိုတို႔ ပါဝင္သြားဖို႔ မရွိပါဘူး။ ဗတ္စတာဂတ္ကလည္း လက္စတာကို သေရက်တဲ့ပြဲမွာ တိုက္ရိုက္ အနီကဒ္ ထိခဲ့တာျဖစ္ကာ အဆိုပါ ျပစ္ဒဏ္ကို အယူခံဝင္သြားမယ္လို႔ သိထားရျပီး ပါဝင္ႏုိင္ဖို႔ မေသခ်ာေသးတာျဖစ္တယ္။

ဒါ့အျပင္ မန္ေနဂ်ာ ဟက္ဆန္ဟက္က အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ ဂိုးသမားအျဖစ္ အဲလက္စ္အစား ေဖာ္စတာကိုပဲ အသံုးျပဳမယ္လို႔ ေၾကညာထားပါတယ္။ လက္စတာနဲ႔ပြဲမွာတုန္းကေတာ့ အဲလက္စ္ကိုပဲ ထုတ္သံုးထားခဲ့တာျဖစ္ပါတယ္။

ဟက္ဆန္ဟက္က ” ႏွစ္ဦးလံုးက ပြဲကစားရဖို႔ ထိုက္တန္ပါတယ္။ ႏွစ္ဦးလံုးက အေရးပါခဲ့တယ္။ က်ေန္ာတို႔အတြက္ ဂိုးသမားေကာင္းေတြ ျဖစ္လာႏုိင္တယ္ဆိုတာ ျပသထားႏုိင္တယ္။ ႏွစ္ဦးလံုးကို ႏွစ္ပြဲစီ ေပးကစားဖို႔ စီစဥ္ထားလို႔ လာမယ့္ ႏွစ္ပြဲကို ေဖာ္စတာက ဖမ္းရပါမယ္ ” လို႔ ထုတ္ေျပာထားပါတယ္။