ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ လီဗာပူး ကစားသမားတွေဖြစ်တဲ့ နက်ဖီးလစ်နဲ့ အိုဂျိုတို့အတွက် ကြိုးစားမှု စတင်လာခဲ့ပြီလို့ သိရပါတယ်။

မနှစ်ကရာသီမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ အပါအဝင် လီဗာပူးအတွက် ပွဲ ၂၀ ကစားပေးခဲ့တဲ့ နက်ဖီးလစ်ဟာ ရာသီသစ်မှာတော့ ပုံမှန်ပွဲထွက်ခွင့်အတွက် ခက်ခဲစွာ ယှဉ်ပြိုင်ရမယ့် အနေအထားဖြစ်တယ်။ ကိုနတေး ရောက်လာခဲ့ပြီဖြစ်သလို ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့လည်း ရှိနေသေးတာကြောင့် နေရာပြိုင်ဆိုင်မှုက ပြင်းထန်လာဖို့ ရှိနေပါတယ်။

စကိုင်းစပေါ့ရဲ့ အဆိုအရ လေဗာကူဆင်ဟာ နက်ဖီးလစ်ကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ အေးဂျင့်အဖွဲ့ဖြစ်တဲ့ Murdock Sports Group ကနေတစ်ဆင့် မေးမြန်းမှုတွေ စတင်လာခဲ့တာဖြစ်တယ်။ ကလပ်နှစ်သင်းကြား တရားဝင် စကားပြောမှုတွေ မရှိသေးဘဲ အသက် ၂၄ နှစ်အရွယ် ဗဟိုခံစစ်မှူးအတွက် ပေါင် ၁၅ သန်း အလိုရှိကြောင်း လီဗာပူးဘက်က ထုတ်ဖော်ထားပြီဖြစ်ပါတယ်။

နက်ဖီးလစ်ဟာ ဂျာမနီကလပ် စတုဂတ်မှာ တစ်ရာသီ အငှားထွက်ကစားခဲ့ဖူးပြီး ဂျာမာန်ဘောလုံးလောကနဲ့ အကျွမ်းဝင်မှုရှိပါတယ်။ ရာသီကြိုမှာ ကြံ့ခိုင်မှုကောင်းသလို ဒဏ်ရာမှတ်တမ်း ကင်းစင်ထားတဲ့ ခံစစ်မှူးကို လေဗာကူဆင်က အတော်လေး သဘောကျနေတယ်လို့ သိရတယ်။

လေဗာကူဆင်ဟာ လီဗာပူးတေင်ပံသမား အိုဂျိုကိုလည်း ခေါ်ယူဖို့ မျက်စိကျနေတယ်။ ကုန်ခဲ့တဲ့ ဘောလုံးရာသီ ၅ ခု ၆ ခုမှာ အိုဂျိုဟာ ဝုဗ်၊ ဖူလ်ဟမ်၊ ရိန်းဂျား၊ ကာဒစ်လို အသင်းတွေကို အငှားထွက်ကစားနေခဲ့တာဖြစ်တယ်။

အိုဂျိုဟာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေပြီး ကလပ်ဘက်ကတော့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားကို ရောင်းထုတ်ဖို့ ကြိုးစားမှာဖြစ်တယ်။ လေဗာကူဆင်ဟာ အဲဗာတန်ထံ ပေါင် ၁.၅ သန်းဖြင့် ရောင်းထုတ်ခဲ့တဲ့ ဂရေးနေရာ အိုဂျိုဖြင့် အစားထိုးလိုနေခြင်း ဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ ေလဗာကူဆင္အသင္းဟာ လီဗာပူး ကစားသမားေတြျဖစ္တဲ့ နက္ဖီးလစ္နဲ႔ အိုဂ်ိဳတို႔အတြက္ ၾကိဳးစားမႈ စတင္လာခဲ့ျပီလို႔ သိရပါတယ္။

မႏွစ္ကရာသီမွာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ပြဲေတြ အပါအဝင္ လီဗာပူးအတြက္ ပြဲ ၂၀ ကစားေပးခဲ့တဲ့ နက္ဖီးလစ္ဟာ ရာသီသစ္မွာေတာ့ ပံုမွန္ပြဲထြက္ခြင့္အတြက္ ခက္ခဲစြာ ယွဥ္ျပိဳင္ရမယ့္ အေနအထားျဖစ္တယ္။ ကိုနေတး ေရာက္လာခဲ့ျပီျဖစ္သလို ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔လည္း ရွိေနေသးတာေၾကာင့္ ေနရာျပိဳင္ဆိုင္မႈက ျပင္းထန္လာဖို႔ ရွိေနပါတယ္။

စကိုင္းစေပါ့ရဲ႕ အဆိုအရ ေလဗာကူဆင္ဟာ နက္ဖီးလစ္ကို ေခၚယူႏုိင္ဖို႔ ကစားသမားရဲ႕ ေအးဂ်င့္အဖြဲ႔ျဖစ္တဲ့ Murdock Sports Group ကေနတစ္ဆင့္ ေမးျမန္းမႈေတြ စတင္လာခဲ့တာျဖစ္တယ္။ ကလပ္ႏွစ္သင္းၾကား တရားဝင္ စကားေျပာမႈေတြ မရွိေသးဘဲ အသက္ ၂၄ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴးအတြက္ ေပါင္ ၁၅ သန္း အလိုရွိေၾကာင္း လီဗာပူးဘက္က ထုတ္ေဖာ္ထားျပီျဖစ္ပါတယ္။

နက္ဖီးလစ္ဟာ ဂ်ာမနီကလပ္ စတုဂတ္မွာ တစ္ရာသီ အငွားထြက္ကစားခဲ့ဖူးျပီး ဂ်ာမာန္ေဘာလံုးေလာကနဲ႔ အကၽြမ္းဝင္မႈရွိပါတယ္။ ရာသီၾကိဳမွာ ၾကံ႕ခိုင္မႈေကာင္းသလို ဒဏ္ရာမွတ္တမ္း ကင္းစင္ထားတဲ့ ခံစစ္မွဴးကို ေလဗာကူဆင္က အေတာ္ေလး သေဘာက်ေနတယ္လို႔ သိရတယ္။

ေလဗာကူဆင္ဟာ လီဗာပူးေတင္ပံသမား အိုဂ်ိဳကိုလည္း ေခၚယူဖို႔ မ်က္စိက်ေနတယ္။ ကုန္ခဲ့တဲ့ ေဘာလံုးရာသီ ၅ ခု ၆ ခုမွာ အိုဂ်ိဳဟာ ဝုဗ္၊ ဖူလ္ဟမ္၊ ရိန္းဂ်ား၊ ကာဒစ္လို အသင္းေတြကို အငွားထြက္ကစားေနခဲ့တာျဖစ္တယ္။

အိုဂ်ိဳဟာ လီဗာပူးနဲ႔ စာခ်ဳပ္ ၂ ႏွစ္ က်န္ရွိေနျပီး ကလပ္ဘက္ကေတာ့ အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္သမားကို ေရာင္းထုတ္ဖို႔ ၾကိဳးစားမွာျဖစ္တယ္။ ေလဗာကူဆင္ဟာ အဲဗာတန္ထံ ေပါင္ ၁.၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့တဲ့ ဂေရးေနရာ အိုဂ်ိဳျဖင့္ အစားထိုးလိုေနျခင္း ျဖစ္ပါတယ္။