မနက်ဖြန်ည မြန်မာစံတော်ချိန် ၁၀း၄၅ နာရီမှာတော့ မိန့်နဲ့ လီဗာပူးအသင်းတို့ မိနစ် ၉၀ စာ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဂိုးသမားအဖြစ် ကလယ်ဟာကို တာဝန်ပေးမှာ ဖြစ်ပါတယ်။

အစောပိုင်း မိနစ် ၃၀ နှစ်ပွဲမှာ အတ်ဒရီယန်နဲ့ ကားရီးယက်စ်ကို တာဝန်ယူစေခဲ့ပြီး မိနစ် ၉၀ ပုံမှန်ကစားမှုမှာ ကလယ်ဟာကို တာဝန်ပေးမှာက အယ်လီဆန်ရဲ့နောက် နံပါတ် ၂ နေရာအတွက် ကလယ်ဟာကို လျာထားပြီဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်တယ်။ မိန့်နဲ့ပွဲမှာ ဘာလို့ ကလယ်ဟာကို တာဝန်ပေးသလဲဆိုတာက သြစတြီးယား ရာသီကြိုက လေ့ကျင့်ရေးတွေနဲ့ သက်ဆိုင်ပါတယ်။

လီဗာပူးအသင်းဟာ ရာသီကြို ပြင်ဆင်မှု စတင်လာခဲ့တာ ၁၁ ရက်ရှိပြီဖြစ်ပါတယ်။ အယ်လီဆန်မပါနိုင်သေးပေမယ့် ကလယ်ဟာ၊ အတ်ဒရီယန်၊ ကားရီးယက်စ်တို့ကတော့ သြစတြီးယားကို လိုက်ပါသွားခဲ့ပါတယ်။ ရာသီကြိုမှာ အသေးစား ဒူးထိခိုက်မှုဖြစ်ခဲ့ခြင်းကလွဲရင် ကလယ်ဟာရဲ့ လေ့ကျင့်ရေးက လုပ်ပြနိုင်စွမ်းက အတော်လေး ကောင်းမွန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ဖြစ်မှာ လီဗာပူးအသင်းဟာ ဝါရင့်နဲ့ လူငယ်တွေကို နှစ်ဘက်ခွဲပြီး ဂိုးသွင်းလေ့ကျင့်ရေတဲ့ ပြိုင်ပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရခဲ့တဲ့ အသင်းက လူငယ်အသင်းဖြစ်ပြီး ဂိုးသမား ကလယ်ဟာက ထူးထူးချွန်ချွန်ကို ကာကွယ်မှုကောင်းတွေ လုပ်နိုင်ခဲ့တယ်။

လက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောရာမှာ ” အဆုံးသတ်မှုကို လေ့ကျင့်တဲ့ ပြိုင်ပွဲမှာ လူငယ်အသင်းက အနိုင်ရခဲ့ပါတယ်။ ထရန့်ရဲ့ စကေးပြမှုတွေနဲ့အတူ လူငယ်တွေ အနိုင်ရခဲ့တာဖြစ်တယ်။ လူငယ်အသင်းက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဂိုးတွေရယူနိုင်အောင် ကြိုးစားပြခဲ့ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားက ကလယ်ဟာ ဖြစ်ပါတယ်။ သူ့ရဲ့ ကန်သွင်းမှုတွေကို ကာကွယ်ပုံ၊ အရှိန်တွေကို တုန့်ပြန်ပုံက သိပ်ကောင်းခဲ့ပါတယ်။ သူကပဲ ဂိုးသမားကောင်းရင် ပြိုင်ပွဲနိုင်တယ်ဆိုတာကို ပြသခဲ့တာဖြစ်တယ်။ သူကာကွယ်တာ သိပ်ကောင်းလွန်းလို့ ဝါရင့် အသင်းဖော်တွေက ကလယ်ဟာကို ကျိန်ဆဲခဲ့ကြပါသေးတယ် (ဂိုးသွင်းရ ခက်လွန်းလို့ဖြစ်ပါတယ်)။

လူငယ်အသင်းအတွက် ကလယ်ဟာ ကာကွယ်ပေးခဲ့ပြီး အသင်း လေးသင်းပေါင်းလုံးရဲ့ သွင်းဂိုးတွေက ၂၈ ဂိုးထိ ရှိခဲ့ပါတယ်။ လူငယ်အသင်းကပဲ သူတို့ရဲ့ အဆုံးသတ် စွမ်းရည်တွေ ပြသကာ ပွဲအနိုင်ရအောင် ကြိုးစားနိုင်ခဲ့ပါတယ် ” လို့ ဆိုသွားတာဖြစ်တယ်။

ကလယ်ဟာပါဝင်တဲ့ လူငယ်အသင်းဟာ မာနေး၊ ဆာလာတို့လို တိုက်စစ်သမားတွေပါတဲ့ ဝါရင့်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ထိပ်တန်း တိုက်စစ်သမားတွေရဲ့ အဆုံးသတ်ချက်ကို သူတို့တွေ စိတ်ပျက်ရလောက်အောင် ကာကွယ်ပြနိုင်ခဲ့တာကြောင့် အတ်ဒရီယန်နဲ့ ကားရီးယက်စ်ကို ကျော်ပြီး မိန့်နဲ့ပွဲမှာ ကလယ်ဟာကို ထုတ်သုံးဖို့ လီဗာပူးနည်းပြအဖွဲ့က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္ည ျမန္မာစံေတာ္ခ်ိန္ ၁၀း၄၅ နာရီမွာေတာ့ မိန္႔နဲ႔ လီဗာပူးအသင္းတို႔ မိနစ္ ၉၀ စာ ခ်စ္ၾကည္ေရးပြဲ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ျပီး ဂိုးသမားအျဖစ္ ကလယ္ဟာကို တာဝန္ေပးမွာ ျဖစ္ပါတယ္။

အေစာပိုင္း မိနစ္ ၃၀ ႏွစ္ပြဲမွာ အတ္ဒရီယန္နဲ႔ ကားရီးယက္စ္ကို တာဝန္ယူေစခဲ့ျပီး မိနစ္ ၉၀ ပံုမွန္ကစားမႈမွာ ကလယ္ဟာကို တာဝန္ေပးမွာက အယ္လီဆန္ရဲ႕ေနာက္ နံပါတ္ ၂ ေနရာအတြက္ ကလယ္ဟာကို လ်ာထားျပီျဖစ္ေၾကာင္း ေဖာ္ျပျခင္းျဖစ္တယ္။ မိန္႔နဲ႔ပြဲမွာ ဘာလို႔ ကလယ္ဟာကို တာဝန္ေပးသလဲဆိုတာက ၾသစၾတီးယား ရာသီၾကိဳက ေလ့က်င့္ေရးေတြနဲ႔ သက္ဆိုင္ပါတယ္။

လီဗာပူးအသင္းဟာ ရာသီၾကိဳ ျပင္ဆင္မႈ စတင္လာခဲ့တာ ၁၁ ရက္ရွိျပီျဖစ္ပါတယ္။ အယ္လီဆန္မပါႏုိင္ေသးေပမယ့္ ကလယ္ဟာ၊ အတ္ဒရီယန္၊ ကားရီးယက္စ္တို႔ကေတာ့ ၾသစၾတီးယားကို လုိက္ပါသြားခဲ့ပါတယ္။ ရာသီၾကိဳမွာ အေသးစား ဒူးထိခိုက္မႈျဖစ္ခဲ့ျခင္းကလြဲရင္ ကလယ္ဟာရဲ႕ ေလ့က်င့္ေရးက လုပ္ျပႏုိင္စြမ္းက အေတာ္ေလး ေကာင္းမြန္ခဲ့ပါတယ္။

ဗုဒၶဟူးေန႔ျဖစ္မွာ လီဗာပူးအသင္းဟာ ဝါရင့္နဲ႔ လူငယ္ေတြကို ႏွစ္ဘက္ခြဲျပီး ဂိုးသြင္းေလ့က်င့္ေရတဲ့ ျပိဳင္ပြဲတစ္ရပ္ ျပဳလုပ္ခဲ့ပါတယ္။ ျပိဳင္ပြဲကို အႏုိင္ရခဲ့တဲ့ အသင္းက လူငယ္အသင္းျဖစ္ျပီး ဂိုးသမား ကလယ္ဟာက ထူးထူးခၽြန္ခၽြန္ကို ကာကြယ္မႈေကာင္းေတြ လုပ္ႏုိင္ခဲ့တယ္။

လက္ေထာက္နည္းျပ ပပ္လင္ဒါးက ထုတ္ေျပာရာမွာ ” အဆံုးသတ္မႈကို ေလ့က်င့္တဲ့ ျပိဳင္ပြဲမွာ လူငယ္အသင္းက အႏုိင္ရခဲ့ပါတယ္။ ထရန္႔ရဲ႕ စေကးျပမႈေတြနဲ႔အတူ လူငယ္ေတြ အႏုိင္ရခဲ့တာျဖစ္တယ္။ လူငယ္အသင္းက မွန္ကန္တဲ့ နည္းလမ္းေတြနဲ႔ ဂိုးေတြရယူႏုိင္ေအာင္ ၾကိဳးစားျပခဲ့ပါတယ္။

ဒါေပမယ့္ ျပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆံုးကစားသမားက ကလယ္ဟာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ကန္သြင္းမႈေတြကို ကာကြယ္ပံု၊ အရွိန္ေတြကို တုန္႔ျပန္ပံုက သိပ္ေကာင္းခဲ့ပါတယ္။ သူကပဲ ဂိုးသမားေကာင္းရင္ ျပိဳင္ပြဲႏုိင္တယ္ဆိုတာကို ျပသခဲ့တာျဖစ္တယ္။ သူကာကြယ္တာ သိပ္ေကာင္းလြန္းလို႔ ဝါရင့္ အသင္းေဖာ္ေတြက ကလယ္ဟာကို က်ိန္ဆဲခဲ့ၾကပါေသးတယ္ (ဂိုးသြင္းရ ခက္လြန္းလို႔ျဖစ္ပါတယ္)။

လူငယ္အသင္းအတြက္ ကလယ္ဟာ ကာကြယ္ေပးခဲ့ျပီး အသင္း ေလးသင္းေပါင္းလံုးရဲ႕ သြင္းဂိုးေတြက ၂၈ ဂိုးထိ ရွိခဲ့ပါတယ္။ လူငယ္အသင္းကပဲ သူတို႔ရဲ႕ အဆံုးသတ္ စြမ္းရည္ေတြ ျပသကာ ပြဲအႏုိင္ရေအာင္ ၾကိဳးစားႏုိင္ခဲ့ပါတယ္ ” လို႔ ဆိုသြားတာျဖစ္တယ္။

ကလယ္ဟာပါဝင္တဲ့ လူငယ္အသင္းဟာ မာေနး၊ ဆာလာတို႔လို တိုက္စစ္သမားေတြပါတဲ့ ဝါရင့္အသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ထိပ္တန္း တိုက္စစ္သမားေတြရဲ႕ အဆံုးသတ္ခ်က္ကို သူတို႔ေတြ စိတ္ပ်က္ရေလာက္ေအာင္ ကာကြယ္ျပႏုိင္ခဲ့တာေၾကာင့္ အတ္ဒရီယန္နဲ႔ ကားရီးယက္စ္ကို ေက်ာ္ျပီး မိန္႔နဲ႔ပြဲမွာ ကလယ္ဟာကို ထုတ္သံုးဖို႔ လီဗာပူးနည္းျပအဖြဲ႔က ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။