လီဗာပူးကစားသမားဘဝ အရှည်ဆုံး နွေအားလပ်ရက်ကို အနားရခဲ့သလို အချိန်အကြာဆုံး ရာသီကြိုအဖြစ် ၄ ပတ်လောက် အသင်းဖော်တွေနဲ့ အတူတကွ အချိန်ကုန်ဆုံးရမယ့်နောက် ရာသီသစ်အတွက် သူအဆင်သင့်ဖြစ်နေပြီလို့ မာနေးက ထုတ်ပြောလာပါတယ်။

မနှစ်ကရာသီမှာ ခက်ခဲစွာ ရုန်းကန်ခဲ့ရပြီး သွင်းဂိုး ၁၆ ဂိုး သွင်းနိုင်ခဲ့တာကို မာနေးက မကျေနပ်ပါဘူး။ လာမယ့်ရာသီမှာတော့ သွင်းဂိုးတွေဖြင့် မြူးတူးပျော်ပါးနေတဲ့ ဆာဒီယိုကို ပြန်တွေ့ရစေပါမယ်လို့ ဆာဒီယိုက လီဗာပူးပရိသတ်တွေကို သတင်းစကား ပါးခဲ့ပါတယ်။ လီဗာပူးဝဘ်ဆိုဒ်ကို မာနေး ဖြေဆိုပေးခဲ့တဲ့ အင်တာဗျူးအား ဖော်ပြလိုက်ပါတယ်။

LFC – ဆာဒီယိုရေ သြစတြီးယား လေ့ကျင့်ရေးကလည်း နှစ်ပတ်ပြည့်တော့မယ်။ ဒီနွေအတွက် ပထမဆုံးပွဲကစားပြီး ပထမဆုံးဂိုးလည်း သွင်းထားပြီ။ ဒီတော့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေလေး ကျနေ်ာတို့အတွက် ပြောပေးပါဦး

Mane – ကောင်းပါတယ်။ လေ့ကျင့်ရေးတွေက ပြင်းထန်ပေမယ့် အခုချိန်ထိ အားလုံးအဆင်ပြေနေတာကို ခင်ဗျားတို့လည်း မြင်ပါမယ်။ ဒါပေမယ့် ဒီလို ပြင်းထန်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ထားခဲ့ပြီးပါပြီ။ ဒါက ပုံမှန်ပါပဲ။ မိနစ် ၃၀ ကစားလိုက်ရတာက ကောင်းပါတယ်။ အခု ကျနေ်ာတို့ နောက်ထပ် တစ်ပွဲကို ကစားရမှာဖြစ်ပြီး အနိုင်ရဖို့ အရေးကြီးပါတယ်။ ကောင်လေးတွေအားလုံး ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေတာကို မြင်ကြပါလိမ့်မယ်။ ပွဲအတွက် အာရုံစိုက်နေပါတယ်။

LFC – ရာသီကြိုမှာ ဘာကို လုပ်နိုင်ဖို့ကို ခင်ဗျား ဦးစားပေးမလဲ? ယုံကြည်မှုလား? ကြံ့ခိုင်မှုလား? သွင်းဂိုးတွေလား?

Mane – ရာသီကြိုမှာတော့ ရုပ်ပိုင်းဆိုင်ရာအပေါ်မှာပဲ အမြဲတမ်း ကြိုးစားချင်ပါတယ်။ အဲ့တာပြီးရင်တော့ အဆုံးသတ်ပိုင်းပေါ့ဗျာ။ တိုက်စစ်သမားတစ်ယောက်က အမြဲတမ်း ဂိုးသွင်းချင်တာပေါ့။ ဂိုးတွေသွင်းဖို့လည်း အများကြီး လေ့ကျင့်ရတာပေါ့။ ရာသီသစ်အတွက် စိတ်ဓါတ်ပိုင်းကိုလည်း ပြင်ဆင်ဖို့ လိုတာပေါ့။ အသင်းရဲ့ စိတ်ဓါတ်ပိုင်း သိပ်ကောင်းနေတာကို မြင်ရပါလိမ့်မယ်။ ကျနေ်ာတို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဘောလုံးရာသီလည်း ဖြစ်လာပါလိမ့်မယ်။

LFC – မနှစ်ကရာသီမှာ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် မနှစ်က ခက်ခဲတဲ့အချိန်တွေ ပိုင်ဆိုင်ခဲ့တယ်လို့ ခင်ဗျား ပြောတယ်နော်၊ အခုကော အဲ့လိုပဲ ခံစားနေရလား?

Mane – မနှစ်တုန်းက ကျနော် ကစားသမားဘဝ အကောင်းဆုံးရာသီ မဟုတ်ပါဘူး။ ဒါကို ကျနော် သိပါတယ်။ ဘောလုံးမှာက အဲ့လိုတွေ ဖြစ်နိုင်တာပါပဲ။ ဒါပေမယ့် ရာသီသစ်မှာတော့ အဲ့လို မဖြစ်စေရပါဘူး။ ကျနော် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာအပြင် အရာအားလုံးအတွက် ပြင်ဆင်နေပါတယ်။ စိတ်လှုပ်ရှားစရာ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေရပါမယ်။

LFC – ဒါက ပရိသတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ပရိသတ်တွေက ရာသီသစ်မှာ ခင်ဗျား ပြုံးပျော်နေတာကို ပြန်မြင်ရမလား

Mane – သေချာပါတယ်။ မနှစ်ကနဲ့မတူ ခြားနားတဲ့ ရာသီတစ်ခုကို မြင်ရပါမယ်။ လီဗာပူးဘောလုံးအသင်းအတွက် ဘောလုံးရာသီကောင်းလည်း ဖြစ်လာပါလိမ့်မယ်။

LFC – လာမယ့်ရာသီအတွက် ခင်ဗျား စိတ်လှုပ်ရှားနေတာပေါ့နော်။ ဗန်ဒိုက်၊ ဂိုးမက်စ်နဲ့ မာတစ်တို့ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနေတာကို မြင်ရတာကိုကော ဘယ်လိုမြင်မလဲ?

Mane – ကျနော်တင် မကပါဘူး လူတိုင်း စိတ်လှုပ်ရှားနေမယ် ထင်ပါတယ်။ ဘောလုံးသမားဆိုပေမယ့် ကျနေ်ာတို့လည်း ပရိသတ်တွေလိုပါပဲ အသင်းဖော်တွေကို လေ့ကျင့်ရေးမှာ မြင်ရရင် သူတို့ အခြေအနေ ဘယ်လိုများလဲ ခံစားမိတာပေါ့။ သူတို့က အသင်းအတွက် ဘာလုပ်နိုင်တယ်၊ ဘယ်လောက်ထိ အရေးပါလဲဆိုတာကို ကျနေ်ာတို့ သိပါတယ်။ သူတို့ ပြုံးပျော်နေတာကို မြင်ရတော့ ကိုယ်တွေအတွက် ရာသီကောင်းဖြစ်တော့မယ်လို့ ခံစားမိနေတာပေါ့။

LFC – ဒီနွေမှာ အသင်းဖော်တွေနဲ့ ကာလရှည် အတူရှိရတာဆိုတော့ ဘယ်လိုလဲ ပျော်ရဲ့လား?

Mane – ဟုတ်ပါတယ်။ ကျနေ်ာတို့ လေးပတ်လောက် အတူရှိရမှာပါ။ ဒါက ပထမဆုံးပါပဲ။ အချိန်ကောင်းတွေ အတူကွ ကုန်ဆုံးရတယ်လို့ ထင်ပါတယ်။ တစ်ခါတစ်လေ ကျနေ်ာတို့ အပြင်ထွက်ကြတယ်။ အချို့က ရေမကူးတတ်ဘူးလေ။ နာဘီကို ရေထဲ တွန်းချဖို့ ကြိုးစားခဲ့သေးတယ်။ သူက ရေမကူးချင်ဘူး ရေကြောက်တယ်။ ဒီလို ပျော်ရွှင်နေကြတာက အရေးကြီးတဲ့ ကိစ္စလို့ ထင်ပါတယ်။ ကျနေ်ာတို့ကြား ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားနိုင်ပြီး လီဗာပူးဆိုတာ မိသားစုလိုပဲဆိုတာ အားလုံး မြင်ကြပါလိမ့်မယ်။