လီဗာပူးအသင်းဟာ ရာသီသစ်အတွက် စီနီယာအသင်း လူစာရင်းထဲ အင်အားဖြည့်ဖို့ ကြိုးစားနေရင်းမှာပဲ သက်တမ်းအလိုက် လူငယ်အသင်းတွေအတွက် စီမံမှုတွေကိုလည်း ဆက်တိုက် လုပ်နေပါတယ်။

ယူ-၁၈ အသင်းသားအချို့ကို ပရော်ဖက်ရှင်နယ် စာချုပ်သစ်တွေပေးပြီး ယူ-၂၃ အသင်းအတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့တယ်။ အဲ့အထဲက ကလပ်ရဲ့ ထိပ်တန်း လူငယ်တစ်ဦးဖြစ်တဲ့ အီသန်းကို စာချုပ်သစ်ပေးရေးကိစ္စ မအောင်မြင်ခဲ့ဘဲ ၁၆ နှစ်သား ကြယ်ပွင့်လေးဟာ ယူနိုက်တက်ထံ ပြောင်းရွှေ့သွားဖို့ ရှိနေပြီဖြစ်တယ်။

ချယ်ဆီးလေ့ကျင့်ရေးကိုလည်း သွားရောက် လေ့လာခဲ့တဲ့ ဆယ်ကျော်သက်လေးဟာ ယူနိုက်တက်ထံပဲ ပြောင်းဖို့ ပိုနီးစပ်နေပါတယ်။ လီဗာပူးက သူ့ကို ဆက်ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တဲ့နောက် အကယ်ဒမီကြေးအတွက် ဆက်လက် ညိနှိုင်းမှုတွေပဲ ပြုလုပ်နေပါတယ်။

ရာသီသစ်အတွက် အင်အားပြန်ဖြည့်မှုအဖြစ် လီဗာပူးက နယူးကာဆယ် ဂန္တဝင်ကြီး လီကလက်ရဲ့ သားဖြစ်သူ ၁၆ နှစ်သား ဘော်ဘီကလက်ကို ပြန်လည် ခေါ်ယူရေး ကြိုးစားနေကာ မကြာခင် ခေါ်ယူမှု ပြီးမြောက်တော့မှာဖြစ်တယ်။

ဘော်ဘီကလက်ကလည်း နယူးကာဆယ်ရဲ့ အတောက်ပဆုံး အကယ်ဒမီအသင်းသားတွေထဲက တစ်ဦးဖြစ်ကာ ဂိုးသွင်းကောင်းတဲ့ ကွင်းလယ်လူလည်း ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးက မန်စီးတီး၊ စပါး၊ ဘိုင်ယန် အသင်းတွေနဲ့အပြိုင် ကြိုးစားခဲ့ရတာဖြစ်တယ်။

ကစားသမားက အသက် ၁၇ နှစ် မပြည့်သေးတာကြောင့် လီဗာပူးက ကလက်အတွက် ပေါင် သန်းဂဏန်ဒထိ ပေးရမှာတော့ မဟုတ်ပါဘူး။ (အီသန်းအတွက်လည်း ပေါင် သန်းဂဏန်း ရဖို့ မရှိပါဘူး)

Brexit ကြောင့် အင်္ဂလန်မှာ အသက် ၁၈ နှစ်အောက် ကစားသမားတွေကို လက်မှတ်ထိုးရာမှာ စည်းမျဉ်းအပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ homegrown စည်းမျဉ်းကိုလည်း မပြောင်းလဲသေးပေမယ့် ကလပ်ဘက်က ကြိုတင်ပြင်ဆင်မှုအဖြစ် လူငယ်ပိုင်းတွေမှာ ကာလရှည် ပလန်တွေဖြင့် ခေါ်ယူနေခြင်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီသစ္အတြက္ စီနီယာအသင္း လူစာရင္းထဲ အင္အားျဖည့္ဖို႔ ၾကိဳးစားေနရင္းမွာပဲ သက္တမ္းအလိုက္ လူငယ္အသင္းေတြအတြက္ စီမံမႈေတြကိုလည္း ဆက္တိုက္ လုပ္ေနပါတယ္။

ယူ-၁၈ အသင္းသားအခ်ိဳ႔ကို ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္သစ္ေတြေပးျပီး ယူ-၂၃ အသင္းအတြက္ ျပင္ဆင္မႈေတြ လုပ္ေနခဲ့တယ္။ အဲ့အထဲက ကလပ္ရဲ႕ ထိပ္တန္း လူငယ္တစ္ဦးျဖစ္တဲ့ အီသန္းကို စာခ်ဳပ္သစ္ေပးေရးကိစၥ မေအာင္ျမင္ခဲ့ဘဲ ၁၆ ႏွစ္သား ၾကယ္ပြင့္ေလးဟာ ယူႏုိက္တက္ထံ ေျပာင္းေရႊ႔သြားဖို႔ ရွိေနျပီျဖစ္တယ္။

ခ်ယ္ဆီးေလ့က်င့္ေရးကိုလည္း သြားေရာက္ ေလ့လာခဲ့တဲ့ ဆယ္ေက်ာ္သက္ေလးဟာ ယူႏုိက္တက္ထံပဲ ေျပာင္းဖို႔ ပိုနီးစပ္ေနပါတယ္။ လီဗာပူးက သူ႔ကို ဆက္ထိန္းဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္တဲ့ေနာက္ အကယ္ဒမီေၾကးအတြက္ ဆက္လက္ ညိႏိႈင္းမႈေတြပဲ ျပဳလုပ္ေနပါတယ္။

ရာသီသစ္အတြက္ အင္အားျပန္ျဖည့္မႈအျဖစ္ လီဗာပူးက နယူးကာဆယ္ ဂႏၱဝင္ၾကီး လီကလက္ရဲ႕ သားျဖစ္သူ ၁၆ ႏွစ္သား ေဘာ္ဘီကလက္ကို ျပန္လည္ ေခၚယူေရး ၾကိဳးစားေနကာ မၾကာခင္ ေခၚယူမႈ ျပီးေျမာက္ေတာ့မွာျဖစ္တယ္။

ေဘာ္ဘီကလက္ကလည္း နယူးကာဆယ္ရဲ႕ အေတာက္ပဆံုး အကယ္ဒမီအသင္းသားေတြထဲက တစ္ဦးျဖစ္ကာ ဂိုးသြင္းေကာင္းတဲ့ ကြင္းလယ္လူလည္း ျဖစ္ပါတယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူးက မန္စီးတီး၊ စပါး၊ ဘိုင္ယန္ အသင္းေတြနဲ႔အျပိဳင္ ၾကိဳးစားခဲ့ရတာျဖစ္တယ္။

ကစားသမားက အသက္ ၁၇ ႏွစ္ မျပည့္ေသးတာေၾကာင့္ လီဗာပူးက ကလက္အတြက္ ေပါင္ သန္းဂဏန္ဒထိ ေပးရမွာေတာ့ မဟုတ္ပါဘူး။ (အီသန္းအတြက္လည္း ေပါင္ သန္းဂဏန္း ရဖို႔ မရွိပါဘူး)

Brexit ေၾကာင့္ အဂၤလန္မွာ အသက္ ၁၈ ႏွစ္ေအာက္ ကစားသမားေတြကို လက္မွတ္ထိုးရာမွာ စည္းမ်ဥ္းအေျပာင္းအလဲေတြ ရွိလာႏုိင္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ homegrown စည္းမ်ဥ္းကိုလည္း မေျပာင္းလဲေသးေပမယ့္ ကလပ္ဘက္က ၾကိဳတင္ျပင္ဆင္မႈအျဖစ္ လူငယ္ပိုင္းေတြမွာ ကာလရွည္ ပလန္ေတြျဖင့္ ေခၚယူေနျခင္း ျဖစ္ပါတယ္။