လီဗာပူးအသင်းရဲ့ မာဆေးဆိုဒ် ဒါဘီပြိုင်ဘက် ဖြစ်တဲ့ အဲဗာတန်အသင်းမှာ နည်းပြ အန်ဆယ်လော့တီ ထွက်ခွာသွားပြီးနောက် လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ စကော့တလန်ကလပ် ရိမ်းဂျားစ်အသင်း မန်နေဂျာ ဖြစ်နေတဲ့ စတီဗင် ဂျရတ်က လီဗာပူးနည်းပြဟောင်း ရာဖေးဘင်နီတက်ဇ် အဲဗာတန် နည်းပြ ဖြစ်လာတဲ့ အပေါ် ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျရတ်က သူ့အတွက် ဆိုရင်တော့ အဲဗာတန်အသင်းကို ကိုင်တွယ်ဖြစ်ဖို့ ဘယ်တော့မှ ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ယတိပြတ် ဆိုခဲ့ပါတယ်။ ဂျရတ်ရဲ့ ရိမ်းဂျားစ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက စကော့တလန်လိဂ်မှာ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ရိမ်းဂျားစ်နဲ့ အတူ အောင်မြင်မှု ရလာတဲ့ ဂျရတ်က ပရီးမီးယားလိဂ် ပြန်လာနိုင်တဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပေမယ့် အသက် ၄၁ နှစ် အရွယ် အင်္ဂလန်သားကြီးကတော့ လက်ရှိကလပ်မှာ ပျော်ရွှင်နေသေးကြောင်း ပြောဆိုခဲ့ပါတယ်။

ဘင်နီတက်ဇ်က လီဗာပူး ပြိုင်ဘက် အဲဗာတန်အသင်းကို နည်းပြ အဖြစ် တာဝန်ယူလိုက်တဲ့ အပေါ်လည်း ဂျရတ်က အခုလို သုံးသပ် ပြောဆိုခဲ့ပါတယ်။

” ရာဖာက ဒီမြို့မှာ မွေးခဲ့တဲ့သူ မဟုတ်ဘူးလေ။ သူက တလျောက်လည်း အနီရောင် ပရိသတ် ဖြစ်လာခဲ့သူလည်း မဟုတ်ဘူး။ သူက အဲဗာတန် ကို နှစ် ၂၀ လောက် ပြိုင်ဘက် အဖြစ် ရင်ဆိုင် ကစားခဲ့သူလည်း မဟုတ်ဘူး။ ဒီတော့ ကျနော်နဲ့ ယှဉ်ရင်တော့ သူ့ အခြေအနေက တော်တော် မတူညီပါဘူး။

ရာဖာက သူ့လူနဲ့ သူ၊ သူ့ပရော်ဖက်ရှင်နယ် ဆုံးဖြတ်ချက်တွေ ချတာပါ။ ဒီတော့ သူ ပရီးမီးယားလိဂ်ကို အသင်းကြီး တစ်သင်းနဲ့ အတူ ပြန်လာချင်တာလည်း အံ့အားသင့်စရာ မဟုတ်ဘူး။ ဒီလိဂ်မှာ ထိပ်တန်းအသင်းတွေနဲ့ သူ ယှဉ်ပြိုင်ခွင့် ရမှာလေ။ ဒီတော့ ရိုးရိုးသားသား ပြောရရင် ကျနော်တော့ မအံ့သြမိဘူး။

ကျနော် တော်တော် အံ့သြမိတာက အဲဗာတန် နည်းပြ ရာထူးနဲ့ ပတ်သတ်ပြီး သတင်းထွက်တဲ့ထဲ ကျနော့် နာမည် ပါလာတာပါ။ ဘယ်က သတင်းထွက်တယ်တော့ မသိဘူး။ ဒါပေမယ့် ကျနော့် အတွက် ဆို အဲဗာတန်အသင်းကို တာဝန်ယူဖို့ ဆိုတာ ဖြစ်နိုင်စရာ လုံး၀ ကို မရှိတဲ့ ကိစ္စပါ။ ” လို့ ဂျရတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ မာေဆးဆိုဒ္ ဒါဘီျပိဳင္ဘက္ ျဖစ္တဲ့ အဲဗာတန္အသင္းမွာ နည္းျပ အန္ဆယ္ေလာ့တီ ထြက္ခြာသြားျပီးေနာက္ လႈပ္ခတ္မႈေတြ ရွိခဲ့ပါတယ္။ စေကာ့တလန္ကလပ္ ရိမ္းဂ်ားစ္အသင္း မန္ေနဂ်ာ ျဖစ္ေနတဲ့ စတီဗင္ ဂ်ရတ္က လီဗာပူးနည္းျပေဟာင္း ရာေဖးဘင္နီတက္ဇ္ အဲဗာတန္ နည္းျပ ျဖစ္လာတဲ့ အေပၚ ေဆြးေႏြးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဂ်ရတ္က သူ႔အတြက္ ဆိုရင္ေတာ့ အဲဗာတန္အသင္းကို ကိုင္တြယ္ျဖစ္ဖို႔ ဘယ္ေတာ့မွ ျဖစ္လာစရာ အေၾကာင္း မရွိဘူးလို႔ ယတိျပတ္ ဆိုခဲ့ပါတယ္။ ဂ်ရတ္ရဲ႕ ရိမ္းဂ်ားစ္ အသင္းဟာ ျပီးခဲ့တဲ့ ရာသီက စေကာ့တလန္လိဂ္မွာ အမွတ္ေပးဖလား ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။

ရိမ္းဂ်ားစ္နဲ႕ အတူ ေအာင္ျမင္မႈ ရလာတဲ့ ဂ်ရတ္က ပရီးမီးယားလိဂ္ ျပန္လာနုိင္တဲ့ သတင္းေတြ မၾကာခဏ ထြက္ေပၚေနေပမယ့္ အသက္ ၄၁ နွစ္ အရြယ္ အဂၤလန္သားၾကီးကေတာ့ လက္ရွိကလပ္မွာ ေပ်ာ္ရႊင္ေနေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဘင္နီတက္ဇ္က လီဗာပူး ျပိဳင္ဘက္ အဲဗာတန္အသင္းကို နည္းျပ အျဖစ္ တာ၀န္ယူလိုက္တဲ့ အေပၚလည္း ဂ်ရတ္က အခုလို သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

” ရာဖာက ဒီျမိဳ႔မွာ ေမြးခဲ့တဲ့သူ မဟုတ္ဘူးေလ။ သူက တေလ်ာက္လည္း အနီေရာင္ ပရိသတ္ ျဖစ္လာခဲ့သူလည္း မဟုတ္ဘူး။ သူက အဲဗာတန္ ကို နွစ္ ၂၀ ေလာက္ ျပိဳင္ဘက္ အျဖစ္ ရင္ဆုိင္ ကစားခဲ့သူလည္း မဟုတ္ဘူး။ ဒီေတာ့ က်ေနာ္နဲ႕ ယွဥ္ရင္ေတာ့ သူ႔ အေျခအေနက ေတာ္ေတာ္ မတူညီပါဘူး။

ရာဖာက သူ႔လူနဲ႕ သူ၊ သူ႔ပေရာ္ဖက္ရွင္နယ္ ဆံုးျဖတ္ခ်က္ေတြ ခ်တာပါ။ ဒီေတာ့ သူ ပရီးမီးယားလိဂ္ကို အသင္းၾကီး တစ္သင္းနဲ႕ အတူ ျပန္လာခ်င္တာလည္း အံ့အားသင့္စရာ မဟုတ္ဘူး။ ဒီလိဂ္မွာ ထိပ္တန္းအသင္းေတြနဲ႕ သူ ယွဥ္ျပိဳင္ခြင့္ ရမွာေလ။ ဒီေတာ့ ရိုးရိုးသားသား ေျပာရရင္ က်ေနာ္ေတာ့ မအံ့ၾသမိဘူး။

က်ေနာ္ ေတာ္ေတာ္ အံ့ၾသမိတာက အဲဗာတန္ နည္းျပ ရာထူးနဲ႕ ပတ္သတ္ျပီး သတင္းထြက္တဲ့ထဲ က်ေနာ့္ နာမည္ ပါလာတာပါ။ ဘယ္က သတင္းထြက္တယ္ေတာ့ မသိဘူး။ ဒါေပမယ့္ က်ေနာ့္ အတြက္ ဆို အဲဗာတန္အသင္းကို တာ၀န္ယူဖို႔ ဆိုတာ ျဖစ္နုိင္စရာ လံုး၀ ကို မရွိတဲ့ ကိစၥပါ။ ” လို႔ ဂ်ရတ္က ေျပာဆိုခဲ့ပါတယ္။