ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ဟာ သြစတြီးယား ရာသီကြိုမှာ ပါဝင်နေပေမယ့် လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ဟာသာဘာလင်နဲ့ ချစ်ကြည်ရေးပွဲမှာလည်း ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

မနေ့ကပွဲမှာ မန်နေဂျာကလော့ပ်က ကိုနတေးနဲ့ မာတစ်အတွဲ၊ နက်ဖီးလစ်နဲ့ ကိုမတ်တီယို အတွဲတွေကို စမ်းသပ် အသုံးပြုခဲ့တယ်။ လာမယ့်ပွဲမှာလည်း ကိုနတေးနဲ့ မာတစ် အတွဲကိုပဲ ထုတ်သုံးဦးမှာဖြစ်ကာ အဓိက ခံစစ်မှူး နှစ်ဦးကိုတော့ လေ့ကျင့်ရေးတွေမှာ ပါဝင်စေတာကလွဲလို့ မိနစ် ၉၀ ပွဲတစ်ပွဲရဲ့ ဖိအားတွေကို ရင်ဆိုင်စေဖို့ မရှိပါဘူး။

သူတို့ နှစ်ဦးနဲ့ ပတ်သက်ပြီး စွန့်စားမှုတွေ မလုပ်လိုတာကြောင့် ဟာသာဘာလင်ပွဲမှာ ပွဲကစားခွင့် မပေးဖို့ ဆုံးဖြတ်ထားတာလို့ ကလော့ပ်က ဆိုပါတယ်။

ယာဂင်က “ ဟုတ်ပါတယ်လည်း ကျနော်လည်း အံ့သြသင့်နေဆဲပါပဲ။ ကံမကောင်းစွာပဲ သူတို့ ကစားခွင့်ရဦးမှာ မဟုတ်ပါဘူူး။ သူတို့ကြည့်ရတာ အဆင်ပြေပါတယ်။ အားလုံးလည်း လုပ်နိုင်စွမ်းရှိနေတယ်။ ဘောလုံးကစားနိုင်သလို လေ့ကျင့်ရေးမှာလည်း သူတို့ကို ပါဝင်စေပြီး ကျနေ်ာတို့ လုပ်သလို လုပ်ခွင့်ပေးထားနိုင်ပါတယ်။ အရမ်းကြီး ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။

ကျနော်တို့ စိတ်ရှည်ရပါမယ်။ ကျနေ်ာတို့က ဘောလုံးရာသီ တစ်ခုလုံးအတွက် ပြင်ဆင်နေတာပါ။ ရာသီကြို တစ်ခုလောက်အတွက် မဟုတ်ပါဘူး။ သူတို့ကို စွန့်စားပြီး သုံးမှာ မဟုတ်ပါဘူး။ ရာသီကြို ပွဲတွေအများကြီး လာပါဦးမယ်။ ဒါပေမယ့် လာမယ့်ပွဲမှာလည်း သူတို့နှစ်ဦး ပါဝင်သွားမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ မကစားနိုင်သေးတာကို ပရိသတ်တွေ စိတ်ပျက်နေမှာ ဖြစ်ပေမယ့်လည်း ရာသီကြိုမှာ ကိုနတေးရဲ့ စွမ်းဆောင်ရည်ကို ပိုမို မြင်တွေ့ရဖို့ ဖြစ်လာပါလိမ့်မယ်။ သြဂုတ်လ ၁၄ ရက်နေ့မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် နော့ဝစ်ဖြင့် ယှဉ်ပြိင်ကစားရဖို့ ရှိနေပါတယ်။

ZAWGYI

ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ဟာ ၾသစၾတီးယား ရာသီၾကိဳမွာ ပါဝင္ေနေပမယ့္ လာမယ့္အပတ္မွာ ယွဥ္ျပိဳင္ကစားမယ့္ ဟာသာဘာလင္နဲ႔ ခ်စ္ၾကည္ေရးပြဲမွာလည္း ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။

မေန႔ကပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ကိုနေတးနဲ႔ မာတစ္အတြဲ၊ နက္ဖီးလစ္နဲ႔ ကိုမတ္တီယို အတြဲေတြကို စမ္းသပ္ အသံုးျပဳခဲ့တယ္။ လာမယ့္ပြဲမွာလည္း ကိုနေတးနဲ႔ မာတစ္ အတြဲကိုပဲ ထုတ္သံုးဦးမွာျဖစ္ကာ အဓိက ခံစစ္မွဴး ႏွစ္ဦးကိုေတာ့ ေလ့က်င့္ေရးေတြမွာ ပါဝင္ေစတာကလြဲလို႔ မိနစ္ ၉၀ ပြဲတစ္ပြဲရဲ႕ ဖိအားေတြကို ရင္ဆိုင္ေစဖို႔ မရွိပါဘူး။

သူတို႔ ႏွစ္ဦးနဲ႔ ပတ္သက္ျပီး စြန္႔စားမႈေတြ မလုပ္လိုတာေၾကာင့္ ဟာသာဘာလင္ပြဲမွာ ပြဲကစားခြင့္ မေပးဖို႔ ဆံုးျဖတ္ထားတာလို႔ ကေလာ့ပ္က ဆိုပါတယ္။

ယာဂင္က “ ဟုတ္ပါတယ္လည္း က်ေနာ္လည္း အံ့ၾသသင့္ေနဆဲပါပဲ။ ကံမေကာင္းစြာပဲ သူတို႔ ကစားခြင့္ရဦးမွာ မဟုတ္ပါဘူူး။ သူတို႔ၾကည့္ရတာ အဆင္ေျပပါတယ္။ အားလံုးလည္း လုပ္ႏုိင္စြမ္းရွိေနတယ္။ ေဘာလံုးကစားႏုိင္သလို ေလ့က်င့္ေရးမွာလည္း သူတို႔ကို ပါဝင္ေစျပီး က်ေန္ာတို႔ လုပ္သလို လုပ္ခြင့္ေပးထားႏုိင္ပါတယ္။ အရမ္းၾကီး ျပင္းျပင္းထန္ထန္ မဟုတ္ပါဘူး။

က်ေနာ္တို႔ စိတ္ရွည္ရပါမယ္။ က်ေန္ာတို႔က ေဘာလံုးရာသီ တစ္ခုလံုးအတြက္ ျပင္ဆင္ေနတာပါ။ ရာသီၾကိဳ တစ္ခုေလာက္အတြက္ မဟုတ္ပါဘူး။ သူတို႔ကို စြန္႔စားျပီး သံုးမွာ မဟုတ္ပါဘူး။ ရာသီၾကိဳ ပြဲေတြအမ်ားၾကီး လာပါဦးမယ္။ ဒါေပမယ့္ လာမယ့္ပြဲမွာလည္း သူတို႔ႏွစ္ဦး ပါဝင္သြားမွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ မကစားႏုိင္ေသးတာကို ပရိသတ္ေတြ စိတ္ပ်က္ေနမွာ ျဖစ္ေပမယ့္လည္း ရာသီၾကိဳမွာ ကိုနေတးရဲ႕ စြမ္းေဆာင္ရည္ကို ပိုမို ျမင္ေတြ႔ရဖို႔ ျဖစ္လာပါလိမ့္မယ္။ ၾသဂုတ္လ ၁၄ ရက္ေန႔မွာေတာ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲအျဖစ္ ေနာ့ဝစ္ျဖင့္ ယွဥ္ျပိင္ကစားရဖို႔ ရွိေနပါတယ္။