တနင်္ဂနွေနေ့က လီဗာပူး ယူ-၂၃ အသင်းရဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ်မှာတော့ ကလပ်ဟာ မနှစ်က ချန်ပီယံ မန်စီးတီး ယူ-၂၃ အသင်းကို ဧည့်ခံကစားခဲ့ပြီး ဂိုးမရှိ သရေရလဒ်ဖြင့် ရမှတ် ခွဲယူခဲ့ကြပါတယ်။

မန်စီးတီးလူငယ်အသင်းဟာ ဗြိတိန်ပြည်တွင်း အကောင်းဆုံး လူငယ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အဖွင့်ပွဲမှာတော့ အဆိုပါအသင်းကို ယှဉ်ပြိုင်ကစားနိုင်ခဲ့တာအတွက် ယူ-၂၃ နည်းပြ လွီတက်က ကျေနပ်နေပါတယ်။

လီဗာပူး ယူ-၂၃ အသင်းမှာတော့ ကူမတ်တီယို၊ မော်တန်၊ မူဇီယန်လော့စကီးလို စီနီယာအသင်းနဲ့ ရာသီကြိုမှာ ပူးပေါင်းခွင့်ရခဲ့တဲ့ လူငယ်လေးတွေ ပါဝင်ကစားခဲ့ကြတယ်။ ထူးထူးခြားခြားအဖြစ် ယူ-၁၈ အသင်းမှာ ကွင်းလယ်တိုက်စစ်၊ ဘယ်ခြမ်းတောင်ပံတိုက်စစ်သမားတွေအဖြစ်ပဲ အဓိက ပွဲထွက်ခဲ့တဲ့ မူဇီယန်လော့စကီးဟာ နေရာသစ်ကို ပြောင်းလဲကစားခဲ့ပါတယ်။

ဂိုးမရှိရလဒ် ထွက်ပေါ်အပြီးမှာ လွီတက်က ” ဒီပွဲက ခက်ခဲမယ်ဆိုတာ သိပါတယ်။ ပွဲကို ထိန်းချုပ်ဖို့ ခက်ခဲပေမယ့် ကျနေ်ာတို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ အသင်းသားတွေအတွက်လည်း ဂုဏ်ယူပါတယ် ” လို့ ဆိုပါတယ်။

အသက် ၁၇ နှစ်အရွယ် မူဇီယန်လော့စကီးဟာ လီဗာပူးပရိသတ်တွေကြား လူသိများလာတဲ့ လူငယ်တိုက်စစ်သမားဖြစ်ကာ မနှစ်က ယူ-၁၈ အသင်းအတွက် ၂၅ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၁၅ ဂိုးအတွက် ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။ သူ့ကို ယူ-၂၃ အသင်းမှာတော့ နံပါတ် ၉ ဂျာစီ ဝတ်ခွင့်ပေးထားခဲ့ကာ တိုက်စစ်မှူးနေရာက ကစားစေခဲ့တယ်။

ဒီဆုံးဖြတ်ချက်အပေါ် လွီတက်က “ ဟုတ်ပါတယ် နည်းစနစ်ပိုင်း အကြောင်းရင်းကြောင့် သူက မတူညီတဲ့ နေရာမှာ ကစားရတာဖြစ်ပါတယ်။ ကစားသမားတစ်ဦးကို ကွင်းလယ်မှာ အပိုထည့်ဖို့ လုပ်တာက ပိုင်ဆိုင်မှုပိုင်း ပိုအသားစီရမယ်လို့ ခံစားရလို့ ဒီလို ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ သူ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ အများကြီးလည်း သင်ယူရပါလိမ့်မယ်။ တိုက်စစ်ပိုင်းမှာ အတော်လည်း ကြိုးစားခဲ့ပြီး သူ အဲ့နေရာကနေ တိုးတက်လာမှာပါ။ သူ့ရဲ့ ကွင်းထဲက လုပ်နိုင်စွမ်းတွေအတွက် ပျော်ရွှင်ရမှာဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

မူဇီယန်လော့စကီးဟာ သြစတြီးယားကို ထွက်ခွာစဉ် ယာဂင်ကလော့ပ်ရဲ့ အသင်းသား ၃၄ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒဏ်ရာကြောင့် ပွဲထွက် ပါဝင်ခွင့်တော့ မရခဲ့ဘဲ လေ့ကျင့်ရေးမှာပဲ စီနီယာတွေထံက သင်ယူမှု လုပ်ခဲ့ရတာဖြစ်တယ်။

လူငယ်အသင်းမှာ သူ့ကို နေရာပြောင်းထားနေခြင်းက စီနီယာတိုက်စစ်သမားတွေဟာ တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်ခြင်းလိုမျိုး နည်းစနစ်ပိုင်းအရ တိုးတက်မှုရှိလာစေဖို့ ဖြစ်မယ်လို့ ယုံကြည်ရပါတယ်

ZAWGYI

တနဂၤေႏြေန႔က လီဗာပူး ယူ-၂၃ အသင္းရဲ႕ ပရီးမီးယားလိဂ္ ၂ ပြဲစဥ္မွာေတာ့ ကလပ္ဟာ မႏွစ္က ခ်န္ပီယံ မန္စီးတီး ယူ-၂၃ အသင္းကို ဧည့္ခံကစားခဲ့ျပီး ဂိုးမရွိ သေရရလဒ္ျဖင့္ ရမွတ္ ခြဲယူခဲ့ၾကပါတယ္။

မန္စီးတီးလူငယ္အသင္းဟာ ျဗိတိန္ျပည္တြင္း အေကာင္းဆံုး လူငယ္အသင္းေတြထဲက တစ္သင္းျဖစ္ျပီး အဖြင့္ပြဲမွာေတာ့ အဆိုပါအသင္းကို ယွဥ္ျပိဳင္ကစားႏုိင္ခဲ့တာအတြက္ ယူ-၂၃ နည္းျပ လီြတက္က ေက်နပ္ေနပါတယ္။

လီဗာပူး ယူ-၂၃ အသင္းမွာေတာ့ ကူမတ္တီယို၊ ေမာ္တန္၊ မူဇီယန္ေလာ့စကီးလို စီနီယာအသင္းနဲ႔ ရာသီၾကိဳမွာ ပူးေပါင္းခြင့္ရခဲ့တဲ့ လူငယ္ေလးေတြ ပါဝင္ကစားခဲ့ၾကတယ္။ ထူးထူးျခားျခားအျဖစ္ ယူ-၁၈ အသင္းမွာ ကြင္းလယ္တိုက္စစ္၊ ဘယ္ျခမ္းေတာင္ပံတိုက္စစ္သမားေတြအျဖစ္ပဲ အဓိက ပြဲထြက္ခဲ့တဲ့ မူဇီယန္ေလာ့စကီးဟာ ေနရာသစ္ကို ေျပာင္းလဲကစားခဲ့ပါတယ္။

ဂိုးမရွိရလဒ္ ထြက္ေပၚအျပီးမွာ လီြတက္က ” ဒီပြဲက ခက္ခဲမယ္ဆိုတာ သိပါတယ္။ ပြဲကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေပမယ့္ က်ေန္ာတို႔ အေကာင္းဆံုး လုပ္ႏုိင္ခဲ့တယ္။ အေကာင္းဆံုး ကစားႏုိင္ခဲ့တဲ့ အသင္းသားေတြအတြက္လည္း ဂုဏ္ယူပါတယ္ ” လို႔ ဆိုပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ မူဇီယန္ေလာ့စကီးဟာ လီဗာပူးပရိသတ္ေတြၾကား လူသိမ်ားလာတဲ့ လူငယ္တိုက္စစ္သမားျဖစ္ကာ မႏွစ္က ယူ-၁၈ အသင္းအတြက္ ၂၅ ပြဲ ကစားခဲ့ျပီး သြင္းဂိုး ၁၅ ဂိုးအတြက္ ပါဝင္ပတ္သက္ခဲ့သူျဖစ္ပါတယ္။ သူ႔ကို ယူ-၂၃ အသင္းမွာေတာ့ နံပါတ္ ၉ ဂ်ာစီ ဝတ္ခြင့္ေပးထားခဲ့ကာ တိုက္စစ္မွဴးေနရာက ကစားေစခဲ့တယ္။

ဒီဆံုးျဖတ္ခ်က္အေပၚ လီြတက္က “ ဟုတ္ပါတယ္ နည္းစနစ္ပိုင္း အေၾကာင္းရင္းေၾကာင့္ သူက မတူညီတဲ့ ေနရာမွာ ကစားရတာျဖစ္ပါတယ္။ ကစားသမားတစ္ဦးကို ကြင္းလယ္မွာ အပိုထည့္ဖို႔ လုပ္တာက ပိုင္ဆိုင္မႈပိုင္း ပိုအသားစီရမယ္လို႔ ခံစားရလို႔ ဒီလို ၾကိဳးစားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ သူ အေကာင္းဆံုး ကစားႏုိင္ခဲ့တယ္။ အမ်ားၾကီးလည္း သင္ယူရပါလိမ့္မယ္။ တိုက္စစ္ပိုင္းမွာ အေတာ္လည္း ၾကိဳးစားခဲ့ျပီး သူ အဲ့ေနရာကေန တိုးတက္လာမွာပါ။ သူ႔ရဲ႕ ကြင္းထဲက လုပ္ႏုိင္စြမ္းေတြအတြက္ ေပ်ာ္ရႊင္ရမွာျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

မူဇီယန္ေလာ့စကီးဟာ ၾသစၾတီးယားကို ထြက္ခြာစဥ္ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းသား ၃၄ ဦးစာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ဒဏ္ရာေၾကာင့္ ပြဲထြက္ ပါဝင္ခြင့္ေတာ့ မရခဲ့ဘဲ ေလ့က်င့္ေရးမွာပဲ စီနီယာေတြထံက သင္ယူမႈ လုပ္ခဲ့ရတာျဖစ္တယ္။

လူငယ္အသင္းမွာ သူ႔ကို ေနရာေျပာင္းထားေနျခင္းက စီနီယာတိုက္စစ္သမားေတြဟာ တိုက္စစ္ပိုင္း ေနရာစံုမွာ ကစားႏုိင္ျခင္းလိုမ်ိဳး နည္းစနစ္ပိုင္းအရ တိုးတက္မႈရွိလာေစဖို႔ ျဖစ္မယ္လို႔ ယံုၾကည္ရပါတယ္။