လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဒဏ်ရာကနေ ပြန်သက်သာလာပေမယ့်လို့ ရာနှုန်းပြည့်တော့ ပြန်မကောင်းလာသေးဘူးလို့ ဝန်ခံလိုက်ပါတယ်။

ဗန်ဒိုက်ဟာ သူ့ရဲ့ ဘောလုံးသမားဘဝ အရေးကြီးတဲ့ အချိန်အပိုင်းအခြားကို ရောက်နေတယ်ဆိုတာ နားလည်ထားတယ်။ ဒါကြောင့်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲကနေတောင် နုတ်ထွက်ခဲ့ကာ ကြံ့ခိုင်မှု တိုးတက်လာရေးကိုပဲ အပြည့်အဝ အာရုံစိုက်နေခဲ့တာဖြစ်ပါတယ်။ ရာသီကြိုမှာ အသင်းနဲ့ စတင်ပူးပေါင်းခဲ့တဲ့ ဗန်ဒိုက်ဟာ လေ့ကျင့်ရေးတွေမှာ ပုံမှန်ထက် ပိုပြီး အားထုတ်နေခဲ့တာ မြင်သာခဲ့တယ်။

ဒါပေမယ့်လို့ သူဟာ လူသားတစ်ဦးပဲဖြစ်ပြီး အပြည့်အဝ ပြန်ကောင်းလာဖို့ကတော့ ပွဲကစားခွင့်နဲ့ အချိန် လိုအပ်ပါဦးမယ်လို့ အသိပေးစကား ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်က ” ဘောလုံး ပြန်ကစားနိုင်တာက စာမျက်နှာတစ်ခုရဲ့ အဆုံးသတ် မဟုတ်ပါဘူး။ ကျနော် ပွဲကစားချင်တယ်။ ပထမဆံုံးပွဲတည်းက ကစားချင်တယ်ဆိုတာ ကျနော် တိုးတက်လာဖို့အတွက်ပါပဲ။ ကျနော်ရဲ့ ကိုယ်ပိုင်အမြင်အရ ကိုယ်ရဲ့ ခန္ဓာကိုယ်အကြောင်း ကိုယ်တိုင်ပဲ သိပါတယ်။

တိုးတက်မှုတွေ ရှိလာပေမယ့် ကျနော်က စက်ရုပ်လည်း မဟုတ်ပါဘူး။ ချက်ခြင်းတော့ ရာနှုန်းပြည့် ပြန်ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ ကျနော် ပွဲကစားခွင့်ရခဲ့ပြီး ပထမဆုံး ပြန်ကစားရတဲ့ပွဲဟာ အကြောင်းကြောင်းတွေကြောင့် အရမ်းကို ခက်ခဲခဲ့ပြီး ခံစားချက်တွေ ရှိခဲ့ရပါတယ်။ ပွဲကို တကယ်တမ်း မကစားခင်တည်းက ပွဲနဲ့ပတ်သက်လို့ ခေါင်းထဲမှာ အများကြီးကို ပုံဖော်ထားဖြစ်ခဲ့ပါတယ်။

ပွဲကစားအပြီးမှာ ကျနော် ပင်ပန်းနွမ်းလျခဲ့ရတယ်။ အခက်အခဲတစ်ခုဖြစ်ခဲ့ပေမယ့် ကျနော် ကျော်လွှားနိုင်ခဲ့တယ်။ ကျနော် ဆက်ပြီး လေ့ကျင့်နေသလို ဒူးဒဏ်ရာနဲ့ ပတ်သက်လို့ ခံစားချက်တွေလည်း ကောင်းနေပါတယ်။ ခက်ခဲတဲ့ ခရီးလမ်းဖြစ်ပေမယ့်လည်း ပြန်ပြီး ကစားခွင့်ရတာအတွက် ပျော်မိပါတယ်။

ကျနော်နဲ့ ဂိုးမက်စ်တို့ရဲ့ ခရီးကြမ်းကို ခင်ဗျားတို့ ကိုယ်တိုင် ခံစားရချိန်မှပဲ နားလည်ပေးနိုင်ကြပါလိမ့်မယ်။ တကယ်ကို မလွယ်ကူတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်အတွက်နဲ့ ကျနော်ကို ကူညီပေးခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဇနီးနဲ့ ကလေးတွေကောပေါ့ ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံးကို အနားယူခဲ့ရတဲ့ ဗန်ဒိုက်ဟာ နော့ဝစ်ကို အနိုင်ရတဲ့ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မိနစ် ၉၀ အပြည့် ကစားနိုင်ခဲ့တယ်။ သူဟာ ဒီအပတ် ဘန်လေနဲ့ပွဲမှာလည်း ပါဝင်ကစားခွင့် ရနိုင်မယ်လို့ ယူဆခံထားရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ဒဏ္ရာကေန ျပန္သက္သာလာေပမယ့္လို႔ ရာႏႈန္းျပည့္ေတာ့ ျပန္မေကာင္းလာေသးဘူးလို႔ ဝန္ခံလိုက္ပါတယ္။

ဗန္ဒိုက္ဟာ သူ႔ရဲ႕ ေဘာလံုးသမားဘဝ အေရးၾကီးတဲ့ အခ်ိန္အပိုင္းအျခားကို ေရာက္ေနတယ္ဆိုတာ နားလည္ထားတယ္။ ဒါေၾကာင့္လည္း ယူရို ၂၀၂၀ ျပိဳင္ပြဲကေနေတာင္ ႏုတ္ထြက္ခ့ဲကာ ၾကံ႔ခိုင္မႈ တိုးတက္လာေရးကိုပဲ အျပည့္အဝ အာရံုစိုက္ေနခဲ့တာျဖစ္ပါတယ္။ ရာသီၾကိဳမွာ အသင္းနဲ႔ စတင္ပူးေပါင္းခဲ့တဲ့ ဗန္ဒိုက္ဟာ ေလ့က်င့္ေရးေတြမွာ ပံုမွန္ထက္ ပိုျပီး အားထုတ္ေနခဲ့တာ ျမင္သာခဲ့တယ္။

ဒါေပမယ့္လို႔ သူဟာ လူသားတစ္ဦးပဲျဖစ္ျပီး အျပည့္အဝ ျပန္ေကာင္းလာဖို႔ကေတာ့ ပြဲကစားခြင့္နဲ႔ အခ်ိန္ လိုအပ္ပါဦးမယ္လို႔ အသိေပးစကား ေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္က ” ေဘာလံုး ျပန္ကစားႏုိင္တာက စာမ်က္ႏွာတစ္ခုရဲ႕ အဆံုးသတ္ မဟုတ္ပါဘူး။ က်ေနာ္ ပြဲကစားခ်င္တယ္။ ပထမဆံံုးပြဲတည္းက ကစားခ်င္တယ္ဆိုတာ က်ေနာ္ တိုးတက္လာဖို႔အတြက္ပါပဲ။ က်ေနာ္ရဲ႕ ကိုယ္ပိုင္အျမင္အရ ကိုယ္ရဲ႕ ခႏၶာကိုယ္အေၾကာင္း ကိုယ္တိုင္ပဲ သိပါတယ္။

တိုးတက္မႈေတြ ရွိလာေပမယ့္ က်ေနာ္က စက္ရုပ္လည္း မဟုတ္ပါဘူး။ ခ်က္ျခင္းေတာ့ ရာႏႈန္းျပည့္ ျပန္ေကာင္းလာႏုိင္မွာ မဟုတ္ပါဘူး။ က်ေနာ္ ပြဲကစားခြင့္ရခဲ့ျပီး ပထမဆံုး ျပန္ကစားရတဲ့ပြဲဟာ အေၾကာင္းေၾကာင္းေတြေၾကာင့္ အရမ္းကို ခက္ခဲခဲ့ျပီး ခံစားခ်က္ေတြ ရွိခဲ့ရပါတယ္။ ပြဲကို တကယ္တမ္း မကစားခင္တည္းက ပြဲနဲ႔ပတ္သက္လို႔ ေခါင္းထဲမွာ အမ်ားၾကီးကို ပံုေဖာ္ထားျဖစ္ခဲ့ပါတယ္။

ပြဲကစားအျပီးမွာ က်ေနာ္ ပင္ပန္းႏြမ္းလ်ခဲ့ရတယ္။ အခက္အခဲတစ္ခုျဖစ္ခဲ့ေပမယ့္ က်ေနာ္ ေက်ာ္လႊားႏုိင္ခဲ့တယ္။ က်ေနာ္ ဆက္ျပီး ေလ့က်င့္ေနသလို ဒူးဒဏ္ရာနဲ႔ ပတ္သက္လို႔ ခံစားခ်က္ေတြလည္း ေကာင္းေနပါတယ္။ ခက္ခဲတဲ့ ခရီးလမ္းျဖစ္ေပမယ့္လည္း ျပန္ျပီး ကစားခြင့္ရတာအတြက္ ေပ်ာ္မိပါတယ္။

က်ေနာ္နဲ႔ ဂိုးမက္စ္တို႔ရဲ႕ ခရီးၾကမ္းကို ခင္ဗ်ားတို႔ ကိုယ္တိုင္ ခံစားရခ်ိန္မွပဲ နားလည္ေပးႏုိင္ၾကပါလိမ့္မယ္။ တကယ္ကို မလြယ္ကူတဲ့ ကိစၥျဖစ္ခဲ့ပါတယ္။ က်ေနာ္ကိုယ္တုိင္အတြက္နဲ႔ က်ေနာ္ကို ကူညီေပးခဲ့ၾကတဲ့ လူတိုင္းကို ေက်းဇူးတင္ပါတယ္။ ဇနီးနဲ႔ ကေလးေတြေကာေပါ့ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

ေအာက္တိုဘာလ ၁၇ ရက္ေန႔မွာ ဒူးဒဏ္ရာေၾကာင့္ တစ္ရာသီလံုးကို အနားယူခဲ့ရတဲ့ ဗန္ဒိုက္ဟာ ေနာ့ဝစ္ကို အႏုိင္ရတဲ့ပြဲမွာ ပထမဆံုးအၾကိမ္အျဖစ္ မိနစ္ ၉၀ အျပည့္ ကစားႏုိင္ခဲ့တယ္။ သူဟာ ဒီအပတ္ ဘန္ေလနဲ႔ပြဲမွာလည္း ပါဝင္ကစားခြင့္ ရႏုိင္မယ္လို႔ ယူဆခံထားရတာျဖစ္ပါတယ္။