ဒီရက်ပိုင်းမှာ လီဗာပူးအသင်းနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကြား အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာနေခဲ့ပြီး သေချာတဲ့ ချဉ်းကပ်မှုတွေကနေ စတင်လာခြင်း မဟုတ်ဘဲ ဒေါ့မွန်ဂန္တဝင်ဟောင်း ရိုမန်နီဂီကနေ စတင်လာခြင်း ဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယူဖို့ ဥရောပထိပ်သီး အသင်းတိုင်းက စိတ်ဝင်စားနေကြတာဟာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ကလပ်တွေရဲ့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ဟာလန်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖွယ် မရှိဘဲ အင်္ဂလန်ကလပ်တွေကပဲ အရေးသာလာမယ်လို့ ရိုမန်နီဂီက ယူဆခဲ့တာဖြစ်ပါတယ်။

ရိုမန်နီဂီက ဟာလန်းနဲ့ ပတ်သက်လို့ ‘ ဟာလန်းက သိပ်ကို ထူးချွန်သူပါ။ နှစ်ပေါင်း ၃၀၊ ၄၀ လောက်မှာ တစ်ယောက်ပေါ်တတ်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ အစီအစဉ်တွေက ဘယ်လိုလဲဆိုတာကို ကျနော် မသိပါဘူး။ ဒါပေမယ့်လို့ သူ့ကို ဒီရာသီမှာ ဒေါ့မွန်ဂျာစီနဲ့ ဆက်မြင်ရမှာ ကောင်းပါတယ်။

သူက တကယ်ကို ဂိုးသွင်းစက်ပါ။ သူ့လို အသက်အရွယ်နဲ့ တောက်ပနေမှုမျိုးကို တစ်ကြိမ်မှ မမြင်ဖူးပါဘူး။ သူ့လို ကစားသမားက ခေါင်းတိုက်ဂိုးတွေ အများကြီး မသွင်းနိုင်တာကလွဲရင် ဟာလန်းက ပြည့်စုံတဲ့ ကစားသမားပါ ‘ ဆိုပြီး ချီးကျူးခဲ့တယ်။

အနာဂတ်မှာ တိုက်စစ်သမား ဘယ်ကို ပြောင်းရွှေ့နိုင်မလဲဆိုတာကို ဒေါ့မွန်ကစားသမားဟောင်းကြီးကလည်း စိတ်ဝင်စားပါတယ်။ ဒါပေမယ့်လို့ ဥရောပကလပ်တွေရဲ့ ဘဏ္ဍာရေးတွေကို ချိန်ထိုးကြည့်တဲ့အခါ သူကတော့ လီဗာပူးက ဟာလန်းရဲ့ နောက်ထပ် ကလပ်အဖြစ် မြင်ပါတယ်။

ရိုမန်နီဂီက ‘ ဒီရာသီပြီးရင် ဘာတွေဖြစ်လာမယ်ဆိုတာ ကျနေ်ာတို့ ကြည့်ရပါမယ်။ ရီးရဲလ်နဲ့ ဘာကာက ဘဏ္ဍာရေး ပြဿနာတွေရှိနေတယ်ဆိုတော့ ဟာလန်းက အင်္ဂလန်ကိုပဲ သွားမယ်ထင်ပါတယ်။ အဲ့မှာ သူ့အဖေကလည်း ကစားခဲ့ဖူးပါတယ်။ ဟာလန်း လီဗာပူးကို ရောက်နိုင်မယ်လို့ ကျနော် တွေးဆကြည့်မိတယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီး၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဟာလန်းကို အဓိက စိတ်ဝင်စားနေတဲ့ အသင်းတွေဖြစ်တယ်။ သို့ပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီမှ အမ်ဘတ်ပီကိုပဲ လာမယ့်နွေမှာ ခေါ်ယူဖို့ ကြိုးစားလိုနေတယ်။ ချယ်ဆီးက လူကာကူအတွက် ပေါင် သန်း ၁၀၀ သုံးထားချိန်မှာ မန်စီးတီးက ကိန်းအတွက် ယူရို သန်း ၁၅၀ လောက် သုံးရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းကတော့ ဒီနွေမှာ အသုံးစရိတ် ပေါင် ၃၆ သန်းပဲ ထုတ်ထားကာ တိုက်စစ်ပိုင်းကို အင်အားဖြည့်ရမယ့် အချိန်ကို ရောက်လာတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းရင်းတွေကြောင့်ပဲ ဟာလန်းကို လီဗာပူး ခေါ်ယူသွားမယ်လို့ ရိုမန်နီဂီက တွက်ဆ ဖော်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ZAWGYI

ဒီရက္ပိုင္းမွာ လီဗာပူးအသင္းနဲ႔ ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းၾကား အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေပၚလာေနခ့ဲျပီး ေသခ်ာတဲ့ ခ်ဥ္းကပ္မႈေတြကေန စတင္လာျခင္း မဟုတ္ဘဲ ေဒါ့မြန္ဂႏၱဝင္ေဟာင္း ရိုမန္နီဂီကေန စတင္လာျခင္း ျဖစ္ပါတယ္။

ဟာလန္းကို ေခၚယူဖို႔ ဥေရာပထိပ္သီး အသင္းတိုင္းက စိတ္ဝင္စားေနၾကတာဟာ ထူးဆန္းတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ဟာ ကလပ္ေတြရဲ႕ ဘ႑ာေရး အခက္အခဲေတြေၾကာင့္ ဟာလန္းကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူႏုိင္ဖြယ္ မရွိဘဲ အဂၤလန္ကလပ္ေတြကပဲ အေရးသာလာမယ္လို႔ ရိုမန္နီဂီက ယူဆခဲ့တာျဖစ္ပါတယ္။

ရိုမန္နီဂီက ဟာလန္းနဲ႔ ပတ္သက္လို႔ ‘ ဟာလန္းက သိပ္ကို ထူးခၽြန္သူပါ။ ႏွစ္ေပါင္း ၃၀၊ ၄၀ ေလာက္မွာ တစ္ေယာက္ေပၚတတ္တဲ့ ကစားသမားမ်ိဳးျဖစ္ပါတယ္။ သူ႔ရဲ႕ ကစားသမားဘဝ အစီအစဥ္ေတြက ဘယ္လိုလဲဆိုတာကို က်ေနာ္ မသိပါဘူး။ ဒါေပမယ့္လို႔ သူ႔ကို ဒီရာသီမွာ ေဒါ့မြန္ဂ်ာစီနဲ႔ ဆက္ျမင္ရမွာ ေကာင္းပါတယ္။

သူက တကယ္ကို ဂိုးသြင္းစက္ပါ။ သူ႔လို အသက္အရြယ္နဲ႔ ေတာက္ပေနမႈမ်ိဳးကို တစ္ၾကိမ္မွ မျမင္ဖူးပါဘူး။ သူ႔လို ကစားသမားက ေခါင္းတိုက္ဂိုးေတြ အမ်ားၾကီး မသြင္းႏုိင္တာကလြဲရင္ ဟာလန္းက ျပည့္စံုတဲ့ ကစားသမားပါ ‘ ဆိုျပီး ခ်ီးက်ဴးခဲ့တယ္။

အနာဂတ္မွာ တိုက္စစ္သမား ဘယ္ကို ေျပာင္းေရႊ႔ႏုိင္မလဲဆိုတာကို ေဒါ့မြန္ကစားသမားေဟာင္းၾကီးကလည္း စိတ္ဝင္စားပါတယ္။ ဒါေပမယ့္လို႔ ဥေရာပကလပ္ေတြရဲ႕ ဘ႑ာေရးေတြကို ခ်ိန္ထိုးၾကည့္တဲ့အခါ သူကေတာ့ လီဗာပူးက ဟာလန္းရဲ႕ ေနာက္ထပ္ ကလပ္အျဖစ္ ျမင္ပါတယ္။

ရိုမန္နီဂီက ‘ ဒီရာသီျပီးရင္ ဘာေတြျဖစ္လာမယ္ဆိုတာ က်ေန္ာတို႔ ၾကည့္ရပါမယ္။ ရီးရဲလ္နဲ႔ ဘာကာက ဘ႑ာေရး ျပႆနာေတြရွိေနတယ္ဆိုေတာ့ ဟာလန္းက အဂၤလန္ကိုပဲ သြားမယ္ထင္ပါတယ္။ အဲ့မွာ သူ႔အေဖကလည္း ကစားခဲ့ဖူးပါတယ္။ ဟာလန္း လီဗာပူးကို ေရာက္ႏုိင္မယ္လို႔ က်ေနာ္ ေတြးဆၾကည့္မိတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်ယ္ဆီး၊ မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ဟာ ဟာလန္းကို အဓိက စိတ္ဝင္စားေနတဲ့ အသင္းေတြျဖစ္တယ္။ သို႔ေပမယ့္ ရီးရဲလ္မက္ဒရစ္ဟာ ပီအက္စ္ဂ်ီမွ အမ္ဘတ္ပီကိုပဲ လာမယ့္ေႏြမွာ ေခၚယူဖို႔ ၾကိဳးစားလိုေနတယ္။ ခ်ယ္ဆီးက လူကာကူအတြက္ ေပါင္ သန္း ၁၀၀ သံုးထားခ်ိန္မွာ မန္စီးတီးက ကိန္းအတြက္ ယူရို သန္း ၁၅၀ ေလာက္ သံုးရဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းကေတာ့ ဒီေႏြမွာ အသံုးစရိတ္ ေပါင္ ၃၆ သန္းပဲ ထုတ္ထားကာ တိုက္စစ္ပိုင္းကို အင္အားျဖည့္ရမယ့္ အခ်ိန္ကို ေရာက္လာေတာ့မွာျဖစ္ပါတယ္။ ဒီအေၾကာင္းရင္းေတြေၾကာင့္ပဲ ဟာလန္းကို လီဗာပူး ေခၚယူသြားမယ္လို႔ ရိုမန္နီဂီက တြက္ဆ ေဖာ္ျပခဲ့ျခင္းပဲ ျဖစ္ပါတယ္။