လီဗာပူးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်ကို နော့ဝစ်အား အဝေးကွင်းမှာ ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခြင်းနဲ့အတူ ရာသီသစ် စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အဖွင့်ပွဲမှာ ဂျိုတာ၊ ဖာမင်နို၊ ဆာလာတို့ သွင်းဂိုး ကိုယ်စီရခဲ့ကြတယ်။ ပိုလို့ အကောင်းမြင်စရာအားဖြင့် ပထမအပတ်မှာ မပါထားနိုင်တဲ့ ဟန်ဒါဆန်၊ သီယာဂို၊ ဂျုံးတို့ပါ လေ့ကျင့်ရေး အစီအစဉ်တွေထဲ ပါဝင်လာပြီး ဘန်လေနဲ့ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ ဒါကြောင့် အသင်းလူစာရင်းရဲ့ ကြံ့ခိုင်မှုဟာ ကုန်ခဲ့တဲ့ နှစ်တွေအတွင်း အတောင့်တင်းဆုံးလို့ ပြောလို့ရတဲ့ အခြေအနေကို ရောက်လာခဲ့ပြီဖြစ်တယ်။

မနှစ်ကရာသီမှာ ဒဏ်ရာပြဿနာ များပြားခဲ့ခြင်းဟာ အသင်းရဲ့ ချန်ပီယံစိန်ခေါ်ရေး ကိစ္စတွေကို ထိခိုက်မှု ကြီးမားစေခဲ့ပါတယ်။ ကိုဗစ်ကြောင့် ဘောလုံးရာသီသိမ်းမှု နောက်ဆုတ်ခဲ့ခြင်းနဲ့ ဘောလုံးရာသီသစ်ကို ခပ်မြန်မြန် စတင်ခြင်းတွေကြားမှာ ပုံမှန်မဟုတ်တဲ့ အကူးအပြောင်းဖြစ်ခဲ့ပြီး လီဗာပူးအသင်းဟာ စီနီယာအသင်းသားတွေရဲ့ ကြံ့ခိုင်မှုကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့်လို့ ဒီရာသီမှာတော့ ရော်ဘတ်ဆန် တစ်ဦးတည်း ဒဏ်ရာကြောင့် အဖွင့်ပွဲကို လွဲချော်ခဲ့ပြီး ကျန်ကစားသမား အားလုံးက အခြေအနေကောင်းနေခဲ့တာဖြစ်တယ်။ ခြေကျင်းဝတ် ဒဏ်ရာရထားတဲ့ ရော်ဘတ်ဆန် ကိုယ်တိုင်ကလည်း မနေ့က လေ့ကျင့်ရေးမှာ အပြေးလေ့ကျင့်ရေးတွေကို ပြန်လည် စတင်ထားနိုင်ပြီဖြစ်ပါတယ်။

မနှစ်ကရာသီမှာ ခံစစ်က မြင်သာတဲ့ ထိခိုက်မှုတွေ ရှိခဲ့ပေမယ့်လို့ ဂိုးသမား အယ်လီဆန် အပါအဝင် ကွင်းလယ်နဲ့ တိုက်စစ်ကလည်း ရုန်းကန်ရမှုတွေ ရှိထားခဲ့တယ်။ ဂျိုတာ ဒူးဒဏ်ရာရခဲ့ခြင်း၊ ဟန်ဒါဆန်၊ သီယာဂိုနဲ့ ဖာဘင်ညိုတို့ ဒဏ်ရာတွေကြောင့် ပုံမှန် ပွဲမထွက်နိုင်ခြင်းအပြင် ဖခင်ဖြစ်သူ မတော်တဆ ဆုံးပါးမှုမှာ အယ်လီဆန်ရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းတွေက လီဗာပူးကို ထိခိုက်မှု များစေခဲ့တယ်။

ဒီရာသီမှာတေ့ာ လီဗာပူးကစားသမားဘဝ အဆုံးအဖြတ် ကာလကို ရောက်လာခဲ့ပြီဆိုတာ နားလည်ထားတဲ့ ချိန်ဘာလိန်၊ ကိတ်တာတို့နဲ့အတူ အားလုံးသော စီနီယာတွေဟာ ကြံ့ခိုင်မှု ကောင်းနေခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့ လူစာရင်းကနေ လိုဗရန်၊ လယ်လာနာ၊ ဝိုက်နယ်ဒမ်တို့ သုံးဦးကိုပဲ လက်လွတ်ထားရသေးတာဖြစ်တယ်။ သူတို့ သုံးဦးမှာ ဝိုက်နယ်ဒမ် တစ်ဦးကပဲ ပွဲထွက်လူစာရင်းမှာ ကြီးကြီးမားမား ပါဝင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာတော့ ဂျိုတာ၊ သီယာဂို၊ ကိုစတက်နဲ့ ကိုနတေးတို့ ၄ ဦးလုံးက ပွဲထွက်လူစာရင်းကို တိုက်ရိုက် စိန်ခေါ်နိုင်သူတွေဖြစ်ကာ မီနာမီနိုကလည်း အရန်စာရင်းကနေ စိန်ခေါ်နိုင်လာမှာဖြစ်တယ်။

ယာဂင်ဟာ လူငယ်ကစားသမားတွေအဖြစ် ဂျုံး၊ နီကိုး၊ အယ်လီးယော့၊ ကလယ်ဟာ တို့ကိုလည်း စင်တင်လာခဲ့ပြီဖြစ်ကာ ဂျုံး နဲ့ အယ်လီးယော့တို့ဟာ ပွဲကစားခွင့်တွေ ရလာဖို့ မျှော်လင့်ခံနေရပါတယ်။

ဘောလုံးရာသီတွေရဲ့ အစဉ်အလာအတိုင်း ရာသီအစတွေမှာ တစ်ပတ်ကို တစ်ပွဲနှုန်းပဲ စတင် ယှဉ်ပြိုင်ရမှာဖြစ်ကာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု တိုးတက်လာအောင် တည်ဆောက်ကြမှာဖြစ်တယ်။ ပထမအကြိမ် နိုင်ငံတကာ သီတင်းပတ် နောက်ပိုင်းမှာတော့ ချန်ပီယံလိဂ်ပွဲတွေပါ စတင်လာတော့မှာဖြစ်ကာ ပွဲစဉ်တွေ ပိုမို များပြားလာတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့ကို အောင်မြင်ခဲ့ခြင်းမှာ စီနီယာအသင်းသားတွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ခဲ့ခြင်းက အဓိက ကျခဲ့ပြီး ဒီရာသီမှာလည်း တူညီတဲ့ အောင်မြင်မှုတွေအတွက် အသင်းသားတွေရဲ့ ဒဏ်ရာပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီသစ္ကို ေနာ့ဝစ္အား အေဝးကြင္းမွာ ၃-၀ ျဖင့္ ဂိုးျပတ္ အႏုိင္ရျခင္းနဲ႔အတူ ရာသီသစ္ စတင္ႏုိင္ခဲ့ျပီျဖစ္ပါတယ္။

အဖြင့္ပြဲမွာ ဂ်ိဳတာ၊ ဖာမင္ႏို၊ ဆာလာတို႔ သြင္းဂိုး ကိုယ္စီရခဲ့ၾကတယ္။ ပိုလို႔ အေကာင္းျမင္စရာအားျဖင့္ ပထမအပတ္မွာ မပါထားႏုိင္တဲ့ ဟန္ဒါဆန္၊ သီယာဂို၊ ဂ်ံဳးတို႔ပါ ေလ့က်င့္ေရး အစီအစဥ္ေတြထဲ ပါဝင္လာျပီး ဘန္ေလနဲ႔ပြဲအတြက္ အဆင္သင့္ ျဖစ္ေနပါျပီ။ ဒါေၾကာင့္ အသင္းလူစာရင္းရဲ႕ ၾကံ႔ခိုင္မႈဟာ ကုန္ခဲ့တဲ့ ႏွစ္ေတြအတြင္း အေတာင့္တင္းဆံုးလို႔ ေျပာလို႔ရတဲ့ အေျခအေနကို ေရာက္လာခဲ့ျပီျဖစ္တယ္။

မႏွစ္ကရာသီမွာ ဒဏ္ရာျပႆနာ မ်ားျပားခဲ့ျခင္းဟာ အသင္းရဲ႕ ခ်န္ပီယံစိန္ေခၚေရး ကိစၥေတြကို ထိခိုက္မႈ ၾကီးမားေစခဲ့ပါတယ္။ ကိုဗစ္ေၾကာင့္ ေဘာလံုးရာသီသိမ္းမႈ ေနာက္ဆုတ္ခဲ့ျခင္းနဲ႔ ေဘာလံုးရာသီသစ္ကို ခပ္ျမန္ျမန္ စတင္ျခင္းေတြၾကားမွာ ပံုမွန္မဟုတ္တဲ့ အကူးအေျပာင္းျဖစ္ခဲ့ျပီး လီဗာပူးအသင္းဟာ စီနီယာအသင္းသားေတြရဲ႕ ၾကံ႔ခိုင္မႈကို မထိန္းခ်ဳပ္ႏုိင္ခဲ့ပါဘူး။

ဒါေပမယ့္လို႔ ဒီရာသီမွာေတာ့ ေရာ္ဘတ္ဆန္ တစ္ဦးတည္း ဒဏ္ရာေၾကာင့္ အဖြင့္ပြဲကို လြဲေခ်ာ္ခဲ့ျပီး က်န္ကစားသမား အားလံုးက အေျခအေနေကာင္းေနခဲ့တာျဖစ္တယ္။ ေျခက်င္းဝတ္ ဒဏ္ရာရထားတဲ့ ေရာ္ဘတ္ဆန္ ကိုယ္တိုင္ကလည္း မေန႔က ေလ့က်င့္ေရးမွာ အေျပးေလ့က်င့္ေရးေတြကို ျပန္လည္ စတင္ထားႏုိင္ျပီျဖစ္ပါတယ္။

မႏွစ္ကရာသီမွာ ခံစစ္က ျမင္သာတဲ့ ထိခိုက္မႈေတြ ရွိခဲ့ေပမယ့္လို႔ ဂိုးသမား အယ္လီဆန္ အပါအဝင္ ကြင္းလယ္နဲ႔ တိုက္စစ္ကလည္း ရုန္းကန္ရမႈေတြ ရွိထားခဲ့တယ္။ ဂ်ိဳတာ ဒူးဒဏ္ရာရခဲ့ျခင္း၊ ဟန္ဒါဆန္၊ သီယာဂိုနဲ႔ ဖာဘင္ညိဳတို႔ ဒဏ္ရာေတြေၾကာင့္ ပံုမွန္ ပြဲမထြက္ႏုိင္ျခင္းအျပင္ ဖခင္ျဖစ္သူ မေတာ္တဆ ဆံုးပါးမႈမွာ အယ္လီဆန္ရဲ႕ စြမ္းေဆာင္ရည္ က်ဆင္းျခင္းေတြက လီဗာပူးကို ထိခိုက္မႈ မ်ားေစခဲ့တယ္။

ဒီရာသီမွာေတ့ာ လီဗာပူးကစားသမားဘဝ အဆံုးအျဖတ္ ကာလကို ေရာက္လာခဲ့ျပီဆိုတာ နားလည္ထားတဲ့ ခ်ိန္ဘာလိန္၊ ကိတ္တာတို႔နဲ႔အတူ အားလံုးေသာ စီနီယာေတြဟာ ၾကံ႔ခိုင္မႈ ေကာင္းေနခဲ့ျပီျဖစ္ပါတယ္။

လက္ရွိ လီဗာပူးအသင္းမွာ ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့တဲ့ လူစာရင္းကေန လိုဗရန္၊ လယ္လာနာ၊ ဝိုက္နယ္ဒမ္တို႔ သံုးဦးကိုပဲ လက္လြတ္ထားရေသးတာျဖစ္တယ္။ သူတို႔ သံုးဦးမွာ ဝိုက္နယ္ဒမ္ တစ္ဦးကပဲ ပြဲထြက္လူစာရင္းမွာ ၾကီးၾကီးမားမား ပါဝင္ခဲ့သူျဖစ္ျပီး ဒီရာသီမွာေတာ့ ဂ်ိဳတာ၊ သီယာဂို၊ ကိုစတက္နဲ႔ ကိုနေတးတို႔ ၄ ဦးလံုးက ပြဲထြက္လူစာရင္းကို တိုက္ရိုက္ စိန္ေခၚႏုိင္သူေတြျဖစ္ကာ မီနာမီႏိုကလည္း အရန္စာရင္းကေန စိန္ေခၚႏုိင္လာမွာျဖစ္တယ္။

ယာဂင္ဟာ လူငယ္ကစားသမားေတြအျဖစ္ ဂ်ံဳး၊ နီကိုး၊ အယ္လီးေယာ့၊ ကလယ္ဟာ တို႔ကိုလည္း စင္တင္လာခဲ့ျပီျဖစ္ကာ ဂ်ံဳး နဲ႔ အယ္လီးေယာ့တို႔ဟာ ပြဲကစားခြင့္ေတြ ရလာဖို႔ ေမွ်ာ္လင့္ခံေနရပါတယ္။

ေဘာလံုးရာသီေတြရဲ႕ အစဥ္အလာအတိုင္း ရာသီအစေတြမွာ တစ္ပတ္ကို တစ္ပြဲႏႈန္းပဲ စတင္ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ကစားသမားေတြရဲ႕ ၾကံ႔ခိုင္မႈ တိုးတက္လာေအာင္ တည္ေဆာက္ၾကမွာျဖစ္တယ္။ ပထမအၾကိမ္ ႏုိင္ငံတကာ သီတင္းပတ္ ေနာက္ပိုင္းမွာေတာ့ ခ်န္ပီယံလိဂ္ပြဲေတြပါ စတင္လာေတာ့မွာျဖစ္ကာ ပြဲစဥ္ေတြ ပိုမို မ်ားျပားလာေတာ့မွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္တို႔ကို ေအာင္ျမင္ခဲ့ျခင္းမွာ စီနီယာအသင္းသားေတြရဲ႕ ၾကံ႔ခိုင္မႈကို ထိန္းသိမ္းႏုိင္ခဲ့ျခင္းက အဓိက က်ခဲ့ျပီး ဒီရာသီမွာလည္း တူညီတဲ့ ေအာင္ျမင္မႈေတြအတြက္ အသင္းသားေတြရဲ႕ ဒဏ္ရာျပႆနာေတြကို ကိုင္တြယ္ႏုိင္ဖို႔ လိုအပ္ေနမွာ ျဖစ္ပါတယ္။