လီဗာပူးတို့ ဘန်လေနဲ့ကစားရမယ့် စနေနေ့ပွဲဟာ ဒီရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် အန်ဖီးမှာ ကစားရမယ်ပွဲဖြစ်ပြီး ဒါဟာ ၁၇ လ ကျော် ကာလအတွင်း အမှတ်ရစေမယ့် ပွဲတစ်ပွဲ ဖြစ်လာတော့မှာပါ။

၅၂၉ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးမှာ ကွင်းလုံးပြည့် အားပေးကြမယ့် ပရိသတ်တွေဟာ ထရန့် အလက်ဇန္ဒား-အာနိုးအတွက် အနည်းငယ် ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နေမှာ ဆိုပေမယ့် အဲ့ဒါက သူနဲ့ အသင်းဖော်တွေအားလုံး အရမ်း မျှော်လင့်နေတဲ့ အရာလဲ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေဟာ အန်ဖီးရဲ့ ဥမင်ထဲကနေ ထွက်လာတဲ့အခါ ကစားသမားတွေရဲ့ အသံကလွဲရင် လုံးဝတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ပြိုင်ဘက်အသင်းတွေကို နှုတ်ဆက်ရတာ အသားကျနေခဲ့ပေမယ့် အခုချိန်မှာတော့ အဲ့လိုအဖြစ်မျိုး ထပ်ရှိတော့မှာ မဟုတ်ပါဘူး။

စနေနေ့ကျရင် သူတို့ဟာ ကွင်းလုံးပြည့် ပရိသတ်တွေရဲ့ အုတ်အော်သောင်းတင်း ဟစ်အော် အားပေးသံတွေနဲ့ နှုတ်ဆက်ရမှာဖြစ်ပြီး ဒါက သူတို့ကို နိုင်ပွဲရရှိအောင် ကြိုးစားရာမှာ တွန်းအားပေးနိုင်မှာလဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ပြန်လာပြီးတော့ အရာအားလုံးအတွက် တိုက်ပွဲဝင်ဖို့ ကွင်းထဲကနေ အားပေးနေမှာကို ထပ်မံမြင်တွေ့ရမယ့်အပေါ် ထရန့်က သဘောကျနေတာပါ။

“ဒါက လုံးဝ ကွဲပြားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်လိမ့်မယ်။ နောက်ဆုံးအကြိမ် အန်ဖီးမှာ ပရိသတ်အပြည့်နဲ့ ကစားခဲ့ရတုန်းက ဘယ်လို ခံစားခဲ့ရလဲဆိုတာ ပြန်တွေးဖို့ မှတ်တောင်မမှတ်မိတော့ဘူး။ အခု သူတို့အားလုံး ပြန်လာတာကို မြင်ရတဲ့အခါ ကျွန်တော်တို့အားလုံးအတွက် အံ့ဩစရာ ခံစားမှုတစ်ခု ဖြစ်စေလိမ့်မယ်။

ဒါက ကျွန်တော်တို့ လုပ်ဖို့ လိုနေသေးတဲ့ အလုပ်တစ်ခုလဲဖြစ်ပြီး ကျွန်တော်တို့ကို ကူညီပေးဖို့ ပရိသတ်တွေကို လိုအပ်ပါတယ်။ သူတို့တွေက ကျွန်တော်တို့ အရမ်းမျှော်လင့်ခဲ့ရတဲ့ အရာဖြစ်ပြီး ဩစတြီးယားမှာ လေ့ကျင့်ရေးကာလကို ကျွန်တော်တို့ ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့တဲ့ အရာလဲ ဖြစ်တယ်။

ဩစတြီးယားကနေ အင်္ဂလန်ကို ပြန်ရောက်ရင် ပရိသတ်တွေနဲ့ ပြန်ကစားရတော့မှာကို ကျွန်တော်သိခဲ့တာကြောင့် အဲ့ဒါကို တွေးပြီးပျော်နေခဲ့တာပေါ့။ ကျွန်တော်တို့ဟာ အရာအားလုံးအတွက် တိုက်ပွဲဝင်ဖို့ ကွင်းထဲက တကယ်အရေးပါတဲ့ အရာကို ပြန်လည် တွေ့ရတော့မှာပါ ” လို့ ထရန့်က ဆိုပါတယ်။

အန်ဖီးကွင်းဟာ လီဗာပူးပရိသတ်တွေရဲ့ အားပေးမှုမှာ ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံးကွင်းလည်း ဖြစ်ထားခဲ့တာပါ။ အန်ဖီးကွင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အနိုင်ယူရ အခက်ဆုံး မှတ်တမ်းတစ်ခုအတွက် ချယ်ဆီးနောက် ဒုတိယနေရာမှာ ရှိထားခဲ့တာဖြစ်တယ်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ကျွန်တော်တို့သိတယ်။ ဆုဖလားတွေ အောင်မြင်ချင်တယ်။ ကျွန်တော်တို့ကိုယ်တိုင် လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်လုံလောက်တဲ့ စုဖွဲ့မှုနဲ့အတူ အံ့ဩစရာကောင်းတဲ့ နည်းပြနဲ့ အသင်းစိတ်ဓာတ်ရှိပါတယ်။

ပွဲတွေမှာ ကျွန်တော်တို့ကို အားပေးမယ့်ပရိသတ်တွေ ပြန်ရောက်လာတာက ကြီးမားတဲ့ ကွာခြားမှုတစ်ခု ဖြစ်စေမှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ ဆုဖလားတွေ အောင်မြင်ဖို့နဲ့ မေလမှာ နောက်ထပ်ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ မဖြစ်နိုင်စရာ မရှိပါဘူး ” လို့ အာနိုးက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတို႔ ဘန္ေလနဲ႔ကစားရမယ့္ စေနေန႔ပြဲဟာ ဒီရာသီအတြက္ ပထမဆုံးအႀကိမ္အျဖစ္ အန္ဖီးမွာ ကစားရမယ္ပြဲျဖစ္ၿပီး ဒါဟာ ၁၇ လ ေက်ာ္ ကာလအတြင္း အမွတ္ရေစမယ့္ ပြဲတစ္ပြဲ ျဖစ္လာေတာ့မွာပါ။

၅၂၉ ရက္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အန္ဖီးမွာ ကြင္းလုံးျပည့္ အားေပးၾကမယ့္ ပရိသတ္ေတြဟာ ထရန္႔ အလက္ဇႏၵား-အာႏိုးအတြက္ အနည္းငယ္ ထူးဆန္းတဲ့ အေတြ႕အႀကဳံတစ္ခု ျဖစ္ေနမွာ ဆိုေပမယ့္ အဲ့ဒါက သူနဲ႔ အသင္းေဖာ္ေတြအားလုံး အရမ္း ေမွ်ာ္လင့္ေနတဲ့ အရာလဲ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္နဲ႔ အသင္းသားေတြဟာ အန္ဖီးရဲ႕ ဥမင္ထဲကေန ထြက္လာတဲ့အခါ ကစားသမားေတြရဲ႕ အသံကလြဲရင္ လုံးဝတိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္နဲ႔ ၿပိဳင္ဘက္အသင္းေတြကို ႏႈတ္ဆက္ရတာ အသားက်ေနခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ အဲ့လိုအျဖစ္မ်ိဳး ထပ္ရွိေတာ့မွာ မဟုတ္ပါဘူး။

စေနေန႔က်ရင္ သူတို႔ဟာ ကြင္းလုံးျပည့္ ပရိသတ္ေတြရဲ႕ အုတ္ေအာ္ေသာင္းတင္း ဟစ္ေအာ္ အားေပးသံေတြနဲ႔ ႏႈတ္ဆက္ရမွာျဖစ္ၿပီး ဒါက သူတို႔ကို ႏိုင္ပြဲရရွိေအာင္ ႀကိဳးစားရာမွာ တြန္းအားေပးႏိုင္မွာလဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ ျပန္လာၿပီးေတာ့ အရာအားလုံးအတြက္ တိုက္ပြဲဝင္ဖို႔ ကြင္းထဲကေန အားေပးေနမွာကို ထပ္မံျမင္ေတြ႕ရမယ့္အေပၚ ထရန္႔က သေဘာက်ေနတာပါ။

“ဒါက လုံးဝ ကြဲျပားလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ နည္းနည္းေတာ့ ထူးဆန္းသလို ျဖစ္လိမ့္မယ္။ ေနာက္ဆုံးအႀကိမ္ အန္ဖီးမွာ ပရိသတ္အျပည့္နဲ႔ ကစားခဲ့ရတုန္းက ဘယ္လို ခံစားခဲ့ရလဲဆိုတာ ျပန္ေတြးဖို႔ မွတ္ေတာင္မမွတ္မိေတာ့ဘူး။ အခု သူတို႔အားလုံး ျပန္လာတာကို ျမင္ရတဲ့အခါ ကြၽန္ေတာ္တို႔အားလုံးအတြက္ အံ့ဩစရာ ခံစားမႈတစ္ခု ျဖစ္ေစလိမ့္မယ္။

ဒါက ကြၽန္ေတာ္တို႔ လုပ္ဖို႔ လိုေနေသးတဲ့ အလုပ္တစ္ခုလဲျဖစ္ၿပီး ကြၽန္ေတာ္တို႔ကို ကူညီေပးဖို႔ ပရိသတ္ေတြကို လိုအပ္ပါတယ္။ သူတို႔ေတြက ကြၽန္ေတာ္တို႔ အရမ္းေမွ်ာ္လင့္ခဲ့ရတဲ့ အရာျဖစ္ၿပီး ဩစႀတီးယားမွာ ေလ့က်င့္ေရးကာလကို ကြၽန္ေတာ္တို႔ ျဖတ္ေက်ာ္ႏိုင္ေအာင္ ကူညီေပးခဲ့တဲ့ အရာလဲ ျဖစ္တယ္။

ဩစႀတီးယားကေန အဂၤလန္ကို ျပန္ေရာက္ရင္ ပရိသတ္ေတြနဲ႔ ျပန္ကစားရေတာ့မွာကို ကြၽန္ေတာ္သိခဲ့တာေၾကာင့္ အဲ့ဒါကို ေတြးၿပီးေပ်ာ္ေနခဲ့တာေပါ့။ ကြၽန္ေတာ္တို႔ဟာ အရာအားလုံးအတြက္ တိုက္ပြဲဝင္ဖို႔ ကြင္းထဲက တကယ္အေရးပါတဲ့ အရာကို ျပန္လည္ ေတြ႕ရေတာ့မွာပါ ” လို႔ ထရန္႔က ဆိုပါတယ္။

အန္ဖီးကြင္းဟာ လီဗာပူးပရိသတ္ေတြရဲ႕ အားေပးမႈမွာ ပရီးမီးယားလိဂ္ရဲ႕ ေၾကာက္စရာအေကာင္းဆံုးကြင္းလည္း ျဖစ္ထားခဲ့တာပါ။ အန္ဖီးကြင္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အႏုိင္ယူရ အခက္ဆံုး မွတ္တမ္းတစ္ခုအတြက္ ခ်ယ္ဆီးေနာက္ ဒုတိယေနရာမွာ ရွိထားခဲ့တာျဖစ္တယ္။

“ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ေတြကို ကြၽန္ေတာ္တို႔သိတယ္။ ဆုဖလားေတြ ေအာင္ျမင္ခ်င္တယ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္လုံေလာက္တဲ့ စုဖြဲ႕မႈနဲ႔အတူ အံ့ဩစရာေကာင္းတဲ့ နည္းျပနဲ႔ အသင္းစိတ္ဓာတ္ရွိပါတယ္။

ပြဲေတြမွာ ကြၽန္ေတာ္တို႔ကို အားေပးမယ့္ပရိသတ္ေတြ ျပန္ေရာက္လာတာက ႀကီးမားတဲ့ ကြာျခားမႈတစ္ခု ျဖစ္ေစမွာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြ ဆုဖလားေတြ ေအာင္ျမင္ဖို႔နဲ႔ ေမလမွာ ေနာက္ထပ္ဆုဖလားေတြ ကိုင္ေျမႇာက္ႏိုင္ဖို႔ မျဖစ္ႏိုင္စရာ မရွိပါဘူး ” လို႔ အာႏိုးက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။