လီဗာပူးအသင်းက ဆာလာကို သက်တမ်းတိုးဖို့အတွက် တရားဝင် ညိနှိုင်းနေပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က ဖော်ပြခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ သိထားဖို့လိုမယ့် အချက်တွေကို ပြောပြမှာဖြစ်ပါတယ်။

  • လီဗာပူးအသင်းဟာ ဆာလာနဲ့ စာချုပ်ကိစ္စ ဆွေးနွေးနေပြီဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနှုန်းနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားကို သူ့အသက် ၃၃ နှစ်ရောက်မယ့် ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးမှာဖြစ်ပါတယ်။
  • ၂၀၁၇ မှာတုန်းက ဆာလာဟာ လီဗာပူးအသင်းကို ပေါင် ၄၃.၉ သန်းဖြင့် ပြောင်းလာခဲ့ခြင်းဖြစ်ကာ နောက်တစ်နှစ်အကြာမှာပဲ ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တယ်။ လာမယ့် နွေမှာဆိုရင် သူက လီဗာပူးနဲ့ စာချုပ် ၁၂ လပဲကျန်မှာမို့ အဲ့မတိုင်ခင်မှာပဲ ညိနှိုင်းမှုတွေ စတင်ခြင်းဖြစ်တယ်။
  • ထရန့်၊ ဖာဘင်ညို၊ အယ်လီဆန်၊ ဗန်ဒိုက်တို့ကို သက်တမ်းတိုးထားတဲ့ လီဗာပူးဟာ ဆာလာပြီးရင်လည်း အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ မာနေးနဲ့ ရော်ဘတ်ဆန်တို့ကို သက်တမ်းတိုးဖို့ ကိစ္စတွေ ညိနှိုင်းမှာဖြစ်ပါတယ်။ ဟန်ဒါဆန်ကိုတော့ ကနဦး ကမ်းလှမ်းမှုကို တိုးမြင့်တဲ့ စာချုပ်သစ် ထပ်ပေးထားပါပြီ။
  • ဆာလာရဲ့ အနေအထားက စိတ်ဝင်စားဖို့ ကောင်းနေပြီး စာချုပ်ကိစ္စ အောင်မြင်ရင်တော့ လီဗာပူးက ကလော့ပ်လက်ထက် အဓိက ကစားသမားတွေကို သက်တမ်းတိုးနိုင်ခြင်းဖြစ်ပါမယ်။ ညိနှိုင်းမှု စတင်ထားရာမှာ အခုချိန်ထိတော့ စိုးရိမ်စရာ အခြေအနေတွေ မရှိသေးပါဘူး။
  • လီဗာပူးက ဆာလာကို သက်တမ်းတိုးရာမှာ လုပ်ခပိုင်း ပေးချင်တိုင်းပေးလို့ မရပါဘူး။ ကလပ်ရဲ့ လုပ်ခဟာ နောက်ဆုံး ပေးချေမှုမှာ ပေါင် ၃၂၅ သန်းထိ ရောက်လာခဲ့ပြီး အင်္ဂလန်လိဂ်မှာ မန်စီးတီးနောက် ဒုတိယ လုပ်ခပေးချေမှု အမြင့်ဆုံးဖြစ်ပါတယ်။ ကလပ်ဟာ အသင်းရဲ့ လုပ်ခပေးချေမှု ဟန်ချက်ညီခြင်းကို ဆက်ထိန်းနိုင်ဖို့ လိုအပ်ပါတယ်။
  • ဆာလာဟာ လီဗာပူးအသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားတော့ ဖြစ်လာပါမယ်။ ဒါပေမယ့်လို့ အရမ်းကြီးလည်း များမှာ မဟုတ်ပါဘူး။ ဆာလာကို လုပ်ခ အများကြီး တိုးမြင့်ပေးခြင်းဟာ အခြားသော ကြယ်ပွင့်ကစားသမားတွေရဲ့ စာချုပ်ကိစ္စတွေမှာ ထိခိုက်မှု ရှိလာနိုင်ပါတယ်။
  • ဒီရာသီမှာ လာလီဂါကလပ်တွေ ဘဏ္ဍာရေး ပြဿနာတွေကြောင့် ဆာလာအတွက် ကမ်းလှမ်းမှုတွေ မလုပ်ထားနိုင်ပါဘူး။ မကြာခင်မှာ ကမ်းလှမ်းမှု ရှိလာမယ်လည်း မမြင်ပါဘူး။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ အီဂျစ်သားရဲ့ တန်ကြေးက ပေါင် သန်း ၁၀၀ ရှိပါလိမ့်မယ်။

ZAWGYI

လီဗာပူးအသင္းက ဆာလာကို သက္တမ္းတိုးဖို႔အတြက္ တရားဝင္ ညိႏိႈင္းေနျပီျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က ေဖာ္ျပခဲ့ျပီျဖစ္ပါတယ္။ ဒါေၾကာင့္ စာခ်ဳပ္ကိစၥနဲ႔ ပတ္သက္လို႔ သိထားဖို႔လိုမယ့္ အခ်က္ေတြကို ေျပာျပမွာျဖစ္ပါတယ္။

  • လီဗာပူးအသင္းဟာ ဆာလာနဲ႔ စာခ်ဳပ္ကိစၥ ေဆြးေႏြးေနျပီျဖစ္ပါတယ္။ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းႏႈန္းနဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားကို သူ႔အသက္ ၃၃ ႏွစ္ေရာက္မယ့္ ၂၀၂၅ ခုႏွစ္ထိ သက္တမ္းတိုးမွာျဖစ္ပါတယ္။
  • ၂၀၁၇ မွာတုန္းက ဆာလာဟာ လီဗာပူးအသင္းကို ေပါင္ ၄၃.၉ သန္းျဖင့္ ေျပာင္းလာခဲ့ျခင္းျဖစ္ကာ ေနာက္တစ္ႏွစ္အၾကာမွာပဲ ကာလရွည္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တယ္။ လာမယ့္ ေႏြမွာဆိုရင္ သူက လီဗာပူးနဲ႔ စာခ်ဳပ္ ၁၂ လပဲက်န္မွာမို႔ အဲ့မတိုင္ခင္မွာပဲ ညိႏိႈင္းမႈေတြ စတင္ျခင္းျဖစ္တယ္။
  • ထရန္႔၊ ဖာဘင္ညိဳ၊ အယ္လီဆန္၊ ဗန္ဒိုက္တို႔ကို သက္တမ္းတိုးထားတဲ့ လီဗာပူးဟာ ဆာလာျပီးရင္လည္း အသင္းေခါင္းေဆာင္ ဟန္ဒါဆန္၊ မာေနးနဲ႔ ေရာ္ဘတ္ဆန္တို႔ကို သက္တမ္းတိုးဖို႔ ကိစၥေတြ ညိႏိႈင္းမွာျဖစ္ပါတယ္။ ဟန္ဒါဆန္ကိုေတာ့ ကနဦး ကမ္းလွမ္းမႈကို တိုးျမင့္တဲ့ စာခ်ဳပ္သစ္ ထပ္ေပးထားပါျပီ။
  • ဆာလာရဲ႕ အေနအထားက စိတ္ဝင္စားဖို႔ ေကာင္းေနျပီး စာခ်ဳပ္ကိစၥ ေအာင္ျမင္ရင္ေတာ့ လီဗာပူးက ကေလာ့ပ္လက္ထက္ အဓိက ကစားသမားေတြကို သက္တမ္းတိုးႏုိင္ျခင္းျဖစ္ပါမယ္။ ညိႏိႈင္းမႈ စတင္ထားရာမွာ အခုခ်ိန္ထိေတာ့ စိုးရိမ္စရာ အေျခအေနေတြ မရွိေသးပါဘူး။
  • လီဗာပူးက ဆာလာကို သက္တမ္းတိုးရာမွာ လုပ္ခပိုင္း ေပးခ်င္တိုင္းေပးလို႔ မရပါဘူး။ ကလပ္ရဲ႕ လုပ္ခဟာ ေနာက္ဆံုး ေပးေခ်မႈမွာ ေပါင္ ၃၂၅ သန္းထိ ေရာက္လာခဲ့ျပီး အဂၤလန္လိဂ္မွာ မန္စီးတီးေနာက္ ဒုတိယ လုပ္ခေပးေခ်မႈ အျမင့္ဆံုးျဖစ္ပါတယ္။ ကလပ္ဟာ အသင္းရဲ႕ လုပ္ခေပးေခ်မႈ ဟန္ခ်က္ညီျခင္းကို ဆက္ထိန္းႏုိင္ဖို႔ လိုအပ္ပါတယ္။
  • ဆာလာဟာ လီဗာပူးအသင္းရဲ႕ လုပ္ခအျမင့္ဆံုး ကစားသမားေတာ့ ျဖစ္လာပါမယ္။ ဒါေပမယ့္လို႔ အရမ္းၾကီးလည္း မ်ားမွာ မဟုတ္ပါဘူး။ ဆာလာကို လုပ္ခ အမ်ားၾကီး တိုးျမင့္ေပးျခင္းဟာ အျခားေသာ ၾကယ္ပြင့္ကစားသမားေတြရဲ႕ စာခ်ဳပ္ကိစၥေတြမွာ ထိခိုက္မႈ ရွိလာႏုိင္ပါတယ္။
  • ဒီရာသီမွာ လာလီဂါကလပ္ေတြ ဘ႑ာေရး ျပႆနာေတြေၾကာင့္ ဆာလာအတြက္ ကမ္းလွမ္းမႈေတြ မလုပ္ထားႏုိင္ပါဘူး။ မၾကာခင္မွာ ကမ္းလွမ္းမႈ ရွိလာမယ္လည္း မျမင္ပါဘူး။ အသက္ ၂၉ ႏွစ္ရွိေနျပီျဖစ္တဲ့ အီဂ်စ္သားရဲ႕ တန္ေၾကးက ေပါင္ သန္း ၁၀၀ ရွိပါလိမ့္မယ္။