ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် ဘန်လေအသင်းကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပထမဆုံး အိမ်ကွင်းပွဲဖြစ်လို့ အသင်းဟာ ပရိသတ်တွေ အားပေးမှုအောက်မှာ အနိုင် ၃ မှတ် သေချာပေါက် ရယူနိုင်ဖို့ ဦးတည်လာမှာပါ။ အဆိုပါ ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးပွဲခန့်မှန်းသူ လောရိုးရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။

လီဗာပူး V ဘန်လေ
ပရီးမီးယားလိဂ် ပွဲစဉ် (၂)
သြဂုတ် ၂၁ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီ။

လော်ရိုး၏ ပွဲကြို သုံးသပ်ချက်။ ။ ကျနော် ဒီပွဲအတွက် LFC TV အစီအစဉ်မှာ ရှိနေမှာပါ။ အန်းဖီးလ်မှာတော့ ကလပ်အသင်းအတွက် မယုံနိုင်စရာ ရင်ခုန်ရမယ့် နေ့ပါ။ ပရိသတ်တွေက ဇူလိုင်လထဲမှာ ဟေးဘရော့စ် ဖြစ်ရပ် နောက်ဆက်တွဲအဖြစ် ၉၇ ယောက်မြောက် သေဆုံးသွားတဲ့ အန်ဒရူး ဒီဗိုင်းကို အောင်မေ့သတိရ ဂုဏ်ပြုကြပါလိမ့်မယ်။

ဒီနေရာကတော့ ဘယ်လို ဖြစ်ဖြစ် အလန်းစား အသက်ဝင်နေမှာပါ။ လီဗာပူးအတွက် ဘောလုံးရာသီရဲ့ ပထမဆုံး အိမ်ကွင်းပွဲလည်း ဖြစ်တယ်၊ ပရိသတ်တွေ အပြည့်လည်း ပြန်တွေ့ရမယ်။ ဗန်ဒိုက်ကလည်း အသင်းမှာ ပြန်ပါလာနိုင်ပြီ။ ဒါ့အပြင် ဒီပွဲက ပို ထူးရှယ် ဖြစ်ဦးမယ့် အကြောင်း တစ်ချက်လည်း ရှိပါသေးတယ်။

ဘန်လေက ဇန်နဝါရီလတုန်းက အန်းဖီးလ်မှာ လီဗာပူးကို အနိုင်ယူပြီး အနီရောင်တွေရဲ့ လိဂ်ပွဲ ၆၈ ပွဲ ရှုံးပွဲ မရှိ မှတ်တမ်းကို အဆုံးသတ် သွားစေခဲ့ကာ အိမ်ကွင်း ရုန်းကန်ရမှုတွေ အစပြုစေခဲ့တဲ့ အသင်းပါ။

ဒီတကြိမ်မှာတော့ ဆန်ဒိုက်ရဲ့ အသင်းက အရင်တစ်ခေါက်လို ရလဒ်မျိုး ပြန်ရဖို့ မလွယ်နိုင်တော့ပါဘူး။ နောက်ကွယ်မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ မသိပေမယ့် ဘန်လေ ဘုတ်အဖွဲ့က အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ နည်းပြကို ထောက်ပံ့ခြင်းမျိုးလည်း မရှိတော့တာ နားမလည်နိုင်လောက်အောင်ပါပဲ။

ပွဲစဉ်အတွက် လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဘန်လေ

ZAWGYI

ဒီအပတ္ စေနေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ အျဖစ္ ဘန္ေလအသင္းကို အိမ္ကြင္း အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

လီဗာပူးအသင္းအတြက္ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ ပထမဆံုး အိမ္ကြင္းပြဲျဖစ္လို႔ အသင္းဟာ ပရိသတ္ေတြ အားေပးမႈေအာက္မွာ အႏုိင္ ၃ မွတ္ ေသခ်ာေပါက္ ရယူႏုိင္ဖို႔ ဦးတည္လာမွာပါ။ အဆိုပါ ပြဲစဥ္အတြက္ ဘီဘီစီမွ ေဘာလံုးပြဲခန္႔မွန္းသူ ေလာရိုးရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။

လီဗာပူး V ဘန္ေလ
ပရီးမီးယားလိဂ္ ပြဲစဥ္ (၂)
ၾသဂုတ္ ၂၁ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ညေန ၆း၀၀ နာရီ။

ေလာ္ရိုး၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ က်ေနာ္ ဒီပြဲအတြက္ LFC TV အစီအစဥ္မွာ ရွိေနမွာပါ။ အန္းဖီးလ္မွာေတာ့ ကလပ္အသင္းအတြက္ မယံုနိုင္စရာ ရင္ခုန္ရမယ့္ ေန႔ပါ။ ပရိသတ္ေတြက ဇူလိုင္လထဲမွာ ေဟးဘေရာ့စ္ ျဖစ္ရပ္ ေနာက္ဆက္တြဲအျဖစ္ ၉၇ ေယာက္ေျမာက္ ေသဆံုးသြားတဲ့ အန္ဒရူး ဒီဗိုင္းကို ေအာင္ေမ့သတိရ ဂုဏ္ျပဳၾကပါလိမ့္မယ္။

ဒီေနရာကေတာ့ ဘယ္လို ျဖစ္ျဖစ္ အလန္းစား အသက္၀င္ေနမွာပါ။ လီဗာပူးအတြက္ ေဘာလံုးရာသီရဲ႕ ပထမဆံုး အိမ္ကြင္းပြဲလည္း ျဖစ္တယ္၊ ပရိသတ္ေတြ အျပည့္လည္း ျပန္ေတြ႔ရမယ္။ ဗန္ဒိုက္ကလည္း အသင္းမွာ ျပန္ပါလာနုိင္ျပီ။ ဒါ့အျပင္ ဒီပြဲက ပို ထူးရွယ္ ျဖစ္ဦးမယ့္ အေၾကာင္း တစ္ခ်က္လည္း ရွိပါေသးတယ္။

ဘန္ေလက ဇန္န၀ါရီလတုန္းက အန္းဖီးလ္မွာ လီဗာပူးကို အနုိင္ယူျပီး အနီေရာင္ေတြရဲ႕ လိဂ္ပြဲ ၆၈ ပြဲ ရွံဳးပြဲ မရွိ မွတ္တမ္းကို အဆံုးသတ္ သြားေစခဲ့ကာ အိမ္ကြင္း ရုန္းကန္ရမႈေတြ အစျပဳေစခဲ့တဲ့ အသင္းပါ။

ဒီတၾကိမ္မွာေတာ့ ဆန္ဒိုက္ရဲ႕ အသင္းက အရင္တစ္ေခါက္လို ရလဒ္မ်ိဳး ျပန္ရဖို႔ မလြယ္နုိင္ေတာ့ပါဘူး။ ေနာက္ကြယ္မွာ ဘာေတြ ျဖစ္ေနတယ္ ဆိုတာ မသိေပမယ့္ ဘန္ေလ ဘုတ္အဖြဲ႕က အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ နည္းျပကို ေထာက္ပံ့ျခင္းမ်ိဳးလည္း မရွိေတာ့တာ နားမလည္နုိင္ေလာက္ေအာင္ပါပဲ။

ပြဲစဥ္အတြက္ ေလာ္ရိုး၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၃-၀ ဘန္ေလ