လီဗာပူးတိုက်စစ်သမားဟောင်း ဘန်းစ်က အသင်းဟောင်းဟာ ရာသီသစ်မှာလည်း အမှတ်ပေးဖလားကို အဓိက စိန်ခေါ်နိုင်မယ့် အသင်းတွေထဲ ပါဝင်နိုင်ဦးမယ်လို့ ယုံကြည်နေပါတယ်။

ဒီရာသီမှာတော့ ယခင်ရာသီတွေလို မဟုတ်ဘဲ လိဂ်ကို စိန်ခေါ်မယ့်ကလပ်က ၄ သင်းထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ နွေအပြောင်းအရွှေ့မှာ အင်အားတိုးချဲ့မှုတွေ လုပ်နေတဲ့ ယူနိုက်တက်နဲ့ ချယ်ဆီး လူစာရင်းတို့က အတော်လေး တောင့်တင်းနေခဲ့ပြီး ရာသီကြို ခန့်မှန်းမှုမှာဆိုရင် လီဗာပူးအသင်း ချန်ပီယံဖြစ်မယ်လို့ ယုံကြည်သူတွေလည်း နည်းပါးနေခဲ့ပါပြီ။

ဘန်းစ်ကတော့ လီဗာပူးရဲ့ လူစာရင်းအပေါ် ယုံကြည်နေဆဲဖြစ်ပြီး အဓိက ကစားသမားတွေကို ကြံ့ခိုင်မှုကောင်းအောင် ထိန်းသိမ်းနိုင်မယ်ဆိုရင် မန်စီးတီးနဲ့အပြိုင် အမှတ်ပေးဖလား စိန်ခေါ်နိုင်ဦးမယ်လို့ ယုံကြည်နေပါတယ်။

ဘန်းစ်က ” လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ ကြိုးစားနိုင်မယ့် အသင်းဖြစ်ပါတယ်။ အဲ့လိုပဲ မန်စီးတီးကလည်း အမှတ်ပေးဖလား ရနိုင်မယ့် အသင်းဖြစ်တယ်။ ယူနိုက်တက်ကလည်း တောင့်တင်းလာနေပြီး လူကာကူကို လက်မှတ်ထိုး ခေါ်ယူမှုနဲ့အတူ ချယ်ဆီးကလည်း တောင့်တင်းလာနေပါတယ်။

ကျနော် အမြင်မှာတော့ လီဗာပူးနဲ့ မန်စီးတီးတို့က အမှတ်ပေးဖလးကို စိန်ခေါ်ကြမယ့် ထိပ်ဆုံး နှစ်သင်းဖြစ်ပြီး သူတို့နောက်မှာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ရှိနေမယ်ဆိုတာ သေချာလှပါတယ်။

လီဗာပူးအသင်းက သူတို့ရဲ့ လူစာရင်းကို ကြံ့ခိုင်မှု ကောင်းနေအောင် ထိန်းသိမ်းထားနိုင်သ၍ မဟုတ်ရင်လည်း အဓိက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ်ဆိုရင် ဒီရာသီမှာ သူတို့ကလည်း အဝေးကြီး သွားနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာ ရိုက်ခတ်မှုတွေနဲ့အတူ ပရီးမီးယားလိဂ် ပြေးလမ်းကနေ ခပ်စောစောပဲ ထွက်ခွာခဲ့ရတယ်။ ရာသီအကုန်မှာတော့ ချန်ပီယံ မန်စီးတီးနဲ့ ၁၇ မှတ်ထိ ပြတ်ကျန်နေခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ကွာတားအဆင့်မှာတင် ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်တယ်။

ဒီရာသီမှာတော့ ခံစစ်ပိုင်း ပြဿနာတွေကို ဖြေရှင်းဖို့ လိုက်ဇစ်မှ ကိုနတေး တစ်ဦးတည်းကို ခေါ်ယူထားတာကလွဲရင် အခြားသော ကစားသမားသစ် ခေါ်ယူမှုတွေ ရှိမလာသေးတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမားေဟာင္း ဘန္းစ္က အသင္းေဟာင္းဟာ ရာသီသစ္မွာလည္း အမွတ္ေပးဖလားကို အဓိက စိန္ေခၚႏုိင္မယ့္ အသင္းေတြထဲ ပါဝင္ႏုိင္ဦးမယ္လို႔ ယံုၾကည္ေနပါတယ္။

ဒီရာသီမွာေတာ့ ယခင္ရာသီေတြလို မဟုတ္ဘဲ လိဂ္ကို စိန္ေခၚမယ့္ကလပ္က ၄ သင္းထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။ ေႏြအေျပာင္းအေရႊ႔မွာ အင္အားတိုးခ်ဲ႔မႈေတြ လုပ္ေနတဲ့ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီး လူစာရင္းတို႔က အေတာ္ေလး ေတာင့္တင္းေနခဲ့ျပီး ရာသီၾကိဳ ခန္႔မွန္းမႈမွာဆိုရင္ လီဗာပူးအသင္း ခ်န္ပီယံျဖစ္မယ္လို႔ ယံုၾကည္သူေတြလည္း နညး္ပါးေနခဲ့ပါျပီ။

ဘန္းစ္ကေတာ့ လီဗာပူးရဲ႕ လူစာရင္းအေပၚ ယံုၾကည္ေနဆဲျဖစ္ျပီး အဓိက ကစားသမားေတြကို ၾကံ႔ခိုင္မႈေကာင္းေအာင္ ထိန္းသိမ္းႏုိင္မယ္ဆိုရင္ မန္စီးတီးနဲ႔အျပိဳင္ အမွတ္ေပးဖလား စိန္ေခၚႏုိင္ဦးမယ္လို႔ ယံုၾကည္ေနပါတယ္။

ဘန္းစ္က ” လီဗာပူးအသင္းက ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရဖို႔ ၾကိဳးစားနုိင္မယ့္ အသင္းျဖစ္ပါတယ္။ အဲ့လိုပဲ မန္စီးတီးကလည္း အမွတ္ေပးဖလား ရႏုိင္မယ့္ အသင္းျဖစ္တယ္။ ယူႏုိက္တက္ကလည္း ေတာင့္တင္းလာေနျပီး လူကာကူကို လက္မွတ္ထိုး ေခၚယူမႈနဲ႔အတူ ခ်ယ္ဆီးကလည္း ေတာင့္တင္းလာေနပါတယ္။

က်ေနာ္ အျမင္မွာေတာ့ လီဗာပူးနဲ႔ မန္စီးတီးတို႔က အမွတ္ေပးဖလးကို စိန္ေခၚၾကမယ့္ ထိပ္ဆံုး ႏွစ္သင္းျဖစ္ျပီး သူတို႔ေနာက္မွာ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးတို႔ ရွိေနမယ္ဆိုတာ ေသခ်ာလွပါတယ္။

လီဗာပူးအသင္းက သူတို႔ရဲ႕ လူစာရင္းကို ၾကံ႔ခိုင္မႈ ေကာင္းေနေအာင္ ထိန္းသိမ္းထားႏုိင္သ၍ မဟုတ္ရင္လည္း အဓိက ကစားသမားေတြရဲ႕ ၾကံ႔ခိုင္မႈကို အေကာင္းဆံုး ကိုင္တြယ္ႏိုင္မယ္ဆိုရင္ ဒီရာသီမွာ သူတို႔ကလည္း အေဝးၾကီး သြားႏုိင္လိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။

မႏွစ္ကရာသီမွာ လီဗာပူးအသင္းဟာ ဒဏ္ရာျပႆနာ ရိုက္ခတ္မႈေတြနဲ႔အတူ ပရီးမီးယားလိဂ္ ေျပးလမ္းကေန ခပ္ေစာေစာပဲ ထြက္ခြာခဲ့ရတယ္။ ရာသီအကုန္မွာေတာ့ ခ်န္ပီယံ မန္စီးတီးနဲ႔ ၁၇ မွတ္ထိ ျပတ္က်န္ေနခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း ကြာတားအဆင့္မွာတင္ ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္ျပီး ထြက္ခြာခဲ့ရတာျဖစ္တယ္။

ဒီရာသီမွာေတာ့ ခံစစ္ပိုင္း ျပႆနာေတြကို ေျဖရွင္းဖို႔ လိုက္ဇစ္မွ ကိုနေတး တစ္ဦးတည္းကို ေခၚယူထားတာကလြဲရင္ အျခားေသာ ကစားသမားသစ္ ေခၚယူမႈေတြ ရွိမလာေသးတာ ျဖစ္ပါတယ္။