လီဗာပူးညာအစွန်လူ ထရန့်က သြစတြီးယားနဲ့ ပြင်သစ် ရာသီကြိုမှာ အသင်းဟာ ကောင်းမွန်တဲ့ နည်းစနစ်ပိုင်းတွေကို သင်ယူလေ့ကျင့်မှုတွေ လုပ်နေခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။

ရာသီကြိုမှာ မန်နေဂျာကလော့ပ်နဲ့ နည်းပြအဖွဲ့ နည်းစနစ်ပိုင်း အသစ်အချို့ကို သယ်ဆောင်လာပါတယ်။ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့အတွက် ယာဂင်ရဲ့ အသင်းသားတွေက လိုက်လျောညီထွေရှိမယ့် ပိုမိုကောင်းမွန်သော နည်းစနစ်ပိုင်းတွေကို အရှိန်မြင့် လေ့ကျင့်လာခဲ့တာဖြစ်တယ်။

အသင်းသားတွေကလည်း နည်းပြတွေ လမ်းညွှန်တဲ့ နည်းစနစ်တွေကို အသားကျလာအောင် ကြိုးစားနေပြီး အသင်းလိုက် တိုးတက်မှုတွေကို ရှာဖွေနေတယ်လို့ သိရတယ်။

ထရန့်က ” ကျနေ်ာတို့ ခြားနားတဲ့ နည်းစနစ်အချို့အတွက် အလုပ်လုပ်နေခဲ့ပါတယ်။ အဲ့သည် နည်းစနစ်တွေအပေါ် ကျနေ်ာတို့ နားလည်နိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒါမှပဲ ကျနော်တို့ ဒီရာသီမှာ လိုက်လျောညီထွေ အသုံးပြုနိုင်မှာဖြစ်ပါတယ် ” ဆိုပြီး YNWA magazine ကို ပြောပြပါတယ်။

မနှစ်ကရာသီမှာ ဆုဖလားလက်မဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့တယ်ဆိုပေမယ့် ဒီရာသီမှာ ပြိုင်ပွဲအချို့အတွင်း ချန်ပီယံဖြစ်ဖို့ကို လီဗာပူးက ဦးတည်ချက်တွေ ထားနေပါတယ်။ အသင်းကို ထောက်ပံ့ အားပေးနေမယ့် ပရိသတ်တွေနဲ့အတူ ကလပ်ဟာ ဆုဖလားတွေကို စိန်ခေါ်လာဖို့ ရှိနေပါတယ်။

ထရန့်က “ ရာသီကြိုအချို့မှာတော့ ကိုယ်က ခြေစမ်းပွဲအားလုံးကို နိုင်ပါလိမ့်မယ်၊ အချို့မှာတော့ မနိုင်ပါဘူး။ ရာသီကြိုဆိုတာက ကိုယ်ရဲ့ ကြံ့ခိုင်မှုတွေ တိုးလာဖို့နဲ့ အသင်းအနေနဲ့ အခြေခံ ကိစ္စရပ်တွေကို ပြန်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အတူကတွ ကစားကြမယ်၊ ယူနစ်တစ်ခုအဖြစ် တိုင်ပင်ပြောဆိုပြီး ရာသီသစ်မှာ ကိုယ်အကောင်အထည်ဖော်လိုတာတွေအပေါ် အလုပ်လုပ်ကြရပါတယ်။

ဘောလုံးရာသီတိုင်း ပရီးမီးယားလိဂ်ကို ကမ္ဘာအဆင့် ကစားသမား ၅ ဦးကနေ ၁၀ ဦးလောက်ထိ အသင်းကြီးတွေထံ ပြောင်းရွှေ့လာပါတယ်။ ဒီတော့ လိဂ်က ပိုမို ခက်ခဲလာပါတယ်။ ပြီးခဲ့တဲ့ ရာသီကုန်ပိုင်းမှာ အသင်းတွေက ထိပ်ပိုင်းကို တက်လာဖို့အတွက် တွန်းအားပေးပြီး ပွဲတွေကို အနိုင်ရအောင် တိုက်ခိုက်လာကြတယ်။ ဒီတော့ လိဂ်ရဲ့ ထိပ်ဆုံးနေရာအတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ ရှိနေမယ်လို့ ထင်ပါတယ်။

ကျနေ်ာတို့ရဲ့ ဦးတည်ချက်က ဘာလို့ဆိုတာကို သိပါတယ်။ ကျနေ်ာတို့က ဆုဖလားတွေ အနိုင်ရလိုတာပါ။ ကိုယ်ဘာသာလည်း မျှော်လင့်ထားကြပါတယ်။ အလုပ်ကို ကြိုးစားနိုင်မယ်ဆိုရင် သိပ်ကောင်းတဲ့ မန်နေဂျာ၊ အသင်းလိုက်စိတ်ဓါတ်တွေဖြင့် လုံလောက်တဲ့ အသင်းကို ဖန်တီးနိုင်မယ်ဆိုရင် ပွဲတွေမှာ ပြန်လည်အားပေးလာမယ့် ပရိသတ်တွေနဲ့အတူ ကြီးကြီးမားမား ခြားနားမှုတွေ ဖြစ်လာပါလိမ့်မယ်။

ဒီတော့ ကျနေ်ာတို့ ဆုဖလားတွေကို မမျှော်လင့်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ မေလမှာ ဆုဖလားတွေကို ရဖို့ ကျနေ်ာတို့ အာရုံစိုက်သွားမှာဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔က ၾသစၾတီးယားနဲ႔ ျပင္သစ္ ရာသီၾကိဳမွာ အသင္းဟာ ေကာင္းမြန္တဲ့ နည္းစနစ္ပိုင္းေတြကို သင္ယူေလ့က်င့္မႈေတြ လုပ္ေနခဲ့တယ္လို႔ ထုတ္ေျပာလာပါတယ္။

ရာသီၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ နည္းစနစ္ပိုင္း အသစ္အခ်ိဳ႔ကို သယ္ေဆာင္လာပါတယ္။ အမွတ္ေပးဖလားကို စိန္ေခၚဖို႔အတြက္ ယာဂင္ရဲ႕ အသင္းသားေတြက လိုက္ေလ်ာညီေထြရွိမယ့္ ပိုမိုေကာင္းမြန္ေသာ နည္းစနစ္ပိုင္းေတြကို အရွိန္ျမင့္ ေလ့က်င့္လာခဲ့တာျဖစ္တယ္။

အသင္းသားေတြကလည္း နည္းျပေတြ လမ္းညႊန္တဲ့ နည္းစနစ္ေတြကို အသားက်လာေအာင္ ၾကိဳးစားေနျပီး အသင္းလိုက္ တိုးတက္မႈေတြကို ရွာေဖြေနတယ္လို႔ သိရတယ္။

ထရန္႔က ” က်ေန္ာတို႔ ျခားနားတဲ့ နည္းစနစ္အခ်ိဳ႔အတြက္ အလုပ္လုပ္ေနခဲ့ပါတယ္။ အဲ့သည္ နည္းစနစ္ေတြအေပၚ က်ေန္ာတို႔ နားလည္ႏုိင္စြမ္းရွိဖို႔ လိုပါတယ္။ ဒါမွပဲ က်ေနာ္တို႔ ဒီရာသီမွာ လိုက္ေလ်ာညီေထြ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္ ” ဆိုျပီး YNWA magazine ကို ေျပာျပပါတယ္။

မႏွစ္ကရာသီမွာ ဆုဖလားလက္မဲ့ ေဘာလံုးရာသီကို ပိုင္ဆိုင္ခဲ့တယ္ဆိုေပမယ့္ ဒီရာသီမွာ ျပိဳင္ပြဲအခ်ိဳ႔အတြင္း ခ်န္ပီယံျဖစ္ဖို႔ကို လီဗာပူးက ဦးတည္ခ်က္ေတြ ထားေနပါတယ္။ အသင္းကို ေထာက္ပံ့ အားေပးေနမယ့္ ပရိသတ္ေတြနဲ႔အတူ ကလပ္ဟာ ဆုဖလားေတြကို စိန္ေခၚလာဖို႔ ရွိေနပါတယ္။

ထရန္႔က “ ရာသီၾကိဳအခ်ိဳ႔မွာေတာ့ ကိုယ္က ေျခစမ္းပြဲအားလံုးကို ႏုိင္ပါလိမ့္မယ္၊ အခ်ိဳ႔မွာေတာ့ မႏုိင္ပါဘူး။ ရာသီၾကိဳဆိုတာက ကိုယ္ရဲ႕ ၾကံ႔ခိုင္မႈေတြ တိုးလာဖို႔နဲ႔ အသင္းအေနနဲ႔ အေျခခံ ကိစၥရပ္ေတြကို ျပန္လုပ္ႏုိင္ဖို႔ ျဖစ္ပါတယ္။ အတူကတြ ကစားၾကမယ္၊ ယူနစ္တစ္ခုအျဖစ္ တိုင္ပင္ေျပာဆိုျပီး ရာသီသစ္မွာ ကိုယ္အေကာင္အထည္ေဖာ္လိုတာေတြအေပၚ အလုပ္လုပ္ၾကရပါတယ္။

ေဘာလံုးရာသီတိုင္း ပရီးမီးယားလိဂ္ကို ကမၻာအဆင့္ ကစားသမား ၅ ဦးကေန ၁၀ ဦးေလာက္ထိ အသင္းၾကီးေတြထံ ေျပာင္းေရႊ႔လာပါတယ္။ ဒီေတာ့ လိဂ္က ပိုမို ခက္ခဲလာပါတယ္။ ျပီးခဲ့တဲ့ ရာသီကုန္ပိုင္းမွာ အသင္းေတြက ထိပ္ပိုင္းကို တက္လာဖို႔အတြက္ တြန္းအားေပးျပီး ပြဲေတြကို အႏုိင္ရေအာင္ တိုက္ခိုက္လာၾကတယ္။ ဒီေတာ့ လိဂ္ရဲ႕ ထိပ္ဆံုးေနရာအတြက္ ျပင္းထန္တဲ့ ယွဥ္ျပိဳင္မႈေတြ ရွိေနမယ္လို႔ ထင္ပါတယ္။

က်ေန္ာတို႔ရဲ႕ ဦးတည္ခ်က္က ဘာလို႔ဆိုတာကို သိပါတယ္။ က်ေန္ာတို႔က ဆုဖလားေတြ အႏုိင္ရလိုတာပါ။ ကိုယ္ဘာသာလည္း ေမွ်ာ္လင့္ထားၾကပါတယ္။ အလုပ္ကို ၾကိဳးစားႏုိင္မယ္ဆိုရင္ သိပ္ေကာင္းတဲ့ မန္ေနဂ်ာ၊ အသင္းလိုက္စိတ္ဓါတ္ေတြျဖင့္ လံုေလာက္တဲ့ အသင္းကို ဖန္တီးႏုိင္မယ္ဆိုရင္ ပြဲေတြမွာ ျပန္လည္အားေပးလာမယ့္ ပရိသတ္ေတြနဲ႔အတူ ၾကီးၾကီးမားမား ျခားနားမႈေတြ ျဖစ္လာပါလိမ့္မယ္။

ဒီေတာ့ က်ေန္ာတို႔ ဆုဖလားေတြကို မေမွ်ာ္လင့္ႏုိင္စရာ ဘာအေၾကာင္းမွ မရွိပါဘူး။ ေမလမွာ ဆုဖလားေတြကို ရဖို႔ က်ေန္ာတို႔ အာရံုစိုက္သြားမွာျဖစ္ပါတယ္ ” လုိ႔ ဆိုခဲ့ပါတယ္။