လီဗာပူးနဲ့ ပရိသတ်တွေကြား စုပေါင်းပြီး အတူတကွ ဆောင်ရွက်မှုကြောင့် မိမိတို့အသင်းဟာ ဒီရာသီမှာ ပိုပြီး အောင်မြင်နိုင်မယ်လို့ ဆာဒီယို မာနေးက ယုံကြည်နေပါတယ်။

လီဗာပူးဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ အားတက်စရာ ရာသီအစကို ရရှိနေပြီး ပထမဆုံး ပရီးမီးယားလိဂ် ၃ ပွဲကနေ ၇ မှတ်ရခဲ့ကာ ၆ ဂိုးသွင်း၊ ၁ ဂိုးသာ ခွင့်ပြုထားရပါတယ်။ ဘန်လေကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲနဲ့ ချယ်ဆီးကို ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲတွေကို အန်ဖီးက ပရိသတ်တွေရဲ့ရှေ့မှာ ကစားခဲ့ရတာဖြစ်တယ်။

အန်ဖီးကွင်းအတွင်း ပရိသတ်တွေ ပြန်ရောက်လာတာက ကလပ်ရဲ့ ရည်မှန်းချက်တွေအတွက် ကြီးမားတဲ့ အင်အားပေးနိုင်မယ်လို့ မာနေးက ယူဆထားတာ ဖြစ်ပါတယ်။

“ ခင်ဗျားတို့သိပါတယ်။ ဒါက ကျွန်တော့်ရဲ့ ငယ်ဘဝအိမ်မက်ပါပဲ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ကစားရဖို့ပေါ့။ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံး လိဂ်တစ်ခုဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် ဒီမှာ ကစားရတဲ့တိုင်း စက္ကန့်တိုင်းကို ကျွန်တော် ကြိုက်တယ်၊၊ ကျွန်တော့်ကို ပျော်ရွှင်မှုတွေ ယူလာပေးပါတယ်။

ဘောလုံးသမား တစ်ယောက် အနေနဲ့ အမြဲတမ်း အကောင်းဆုံး ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ကစားပြီး ဆုဖလားတွေ အောင်မြင်ချင်တာပါပဲ။ ဒါကြောင့် ဒီလို ကြီးမားပြီး ဂန္တဝင်ဆန်တဲ့ ကလပ်ရယ်၊ အံ့ဩစရာကောင်းတဲ့ ပရိသတ်တွေရယ်နဲ့အတူ ဒီလိဂ်မှာ ကစားရတာက ကျွန်တော့်အတွက် သိပ်ကို ကောင်းပါတယ်။

ကျွန်တော်တို့ ပရိသတ်တွေ ကွင်းထဲပြန်ရောက်လာတာက ကစားသမားတွေအတွက် ပိုပြီး တွန်းအားပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အမြဲပြောခဲ့သလိုပဲ လီဗာပူးပရိသတ်တွေက ကမ္ဘာမှာ အကောင်းဆုံး ပရိသတ်တွေဖြစ်လို့ပါပဲ။

အန်ဖီးမှာ ကွင်းလုံးပြည့် ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ပြန်ကစားရတာ မယုံနိုင်စရာပဲ။ သူတို့ရဲ့ အားပေးမှုက ကျွန်တော်တို့အတွက် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေနိုင်ပြီး အသင်းရဲ့ အောင်မြင်မှုမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နိုင်ပါတယ် ” လို့ အနီရောင် နံပါတ် ၁၀ ဝတ် တိုက်စစ်သမားက ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ပရိသတ္ေတြၾကား စုေပါင္းၿပီး အတူတကြ ေဆာင္႐ြက္မႈေၾကာင့္ မိမိတို႔အသင္းဟာ ဒီရာသီမွာ ပိုၿပီး ေအာင္ျမင္ႏိုင္မယ္လို႔ ဆာဒီယို မာေနးက ယုံၾကည္ေနပါတယ္။

လီဗာပူးဟာ ၂၀၂၁-၂၂ ေဘာလံုးရာသီမွာ အားတက္စရာ ရာသီအစကို ရရွိေနျပီး ပထမဆုံး ပရီးမီးယားလိဂ္ ၃ ပြဲကေန ၇ မွတ္ရခဲ့ကာ ၆ ဂိုးသြင္း၊ ၁ ဂိုးသာ ခြင့္ျပဳထားရပါတယ္။ ဘန္ေလကို ၂-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲနဲ႔ ခ်ယ္ဆီးကို ၁ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲေတြကို အန္ဖီးက ပရိသတ္ေတြရဲ႕ေရွ႕မွာ ကစားခဲ့ရတာျဖစ္တယ္။

အန္ဖီးကြင္းအတြင္း ပရိသတ္ေတြ ျပန္ေရာက္လာတာက ကလပ္ရဲ႕ ရည္မွန္းခ်က္ေတြအတြက္ ႀကီးမားတဲ့ အင္အားေပးႏိုင္မယ္လို႔ မာေနးက ယူဆထားတာ ျဖစ္ပါတယ္။

“ ခင္ဗ်ားတို႔သိပါတယ္။ ဒါက ကြၽန္ေတာ့္ရဲ႕ ငယ္ဘဝအိမ္မက္ပါပဲ။ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြနဲ႔ ရင္ဆိုင္ကစားရဖို႔ေပါ့။ ပရီးမီးယားလိဂ္က ကမာၻ႔အေကာင္းဆုံး လိဂ္တစ္ခုဆိုတာ လူတိုင္းသိပါတယ္။ ဒါေၾကာင့္ ဒီမွာ ကစားရတဲ့တိုင္း စကၠန႔္တိုင္းကို ကြၽန္ေတာ္ ႀကိဳက္တယ္၊၊ ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္မႈေတြ ယူလာေပးပါတယ္။

ေဘာလုံးသမား တစ္ေယာက္ အေနနဲ႔ အၿမဲတမ္း အေကာင္းဆုံး ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ကစားၿပီး ဆုဖလားေတြ ေအာင္ျမင္ခ်င္တာပါပဲ။ ဒါေၾကာင့္ ဒီလို ႀကီးမားၿပီး ဂႏၲဝင္ဆန္တဲ့ ကလပ္ရယ္၊ အံ့ဩစရာေကာင္းတဲ့ ပရိသတ္ေတြရယ္နဲ႔အတူ ဒီလိဂ္မွာ ကစားရတာက ကြၽန္ေတာ့္အတြက္ သိပ္ကို ေကာင္းပါတယ္။

ကြၽန္ေတာ္တို႔ ပရိသတ္ေတြ ကြင္းထဲျပန္ေရာက္လာတာက ကစားသမားေတြအတြက္ ပိုၿပီး တြန္းအားေပးတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အၿမဲေျပာခဲ့သလိုပဲ လီဗာပူးပရိသတ္ေတြက ကမာၻမွာ အေကာင္းဆုံး ပရိသတ္ေတြျဖစ္လို႔ပါပဲ။

အန္ဖီးမွာ ကြင္းလုံးျပည့္ ပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္မွာ ျပန္ကစားရတာ မယုံႏိုင္စရာပဲ။ သူတို႔ရဲ႕ အားေပးမႈက ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ သက္ေရာက္မႈ ျဖစ္ေစႏိုင္ၿပီး အသင္းရဲ႕ ေအာင္ျမင္မႈမွာ အေရးပါတဲ့ က႑ကေန ပါဝင္ႏိုင္ပါတယ္ ” လို႔ အနီေရာင္ နံပါတ္ ၁၀ ဝတ္ တိုက္စစ္သမားက ေျပာဆိုသြားခဲ့ပါတယ္။