နွေရာသီကြိုမှာတုန်းက လီဗာပူးအသင်းဟာ မန်နေဂျာယာဂင်ကလော့ပ် နှစ်သက်ရတဲ့ ကူမတ်တီယို၊ ဘရတ်ဒလေ၊ ဂျိတ်ကိန်းတို့လို ကစားသမားတွေကို ခါဘီထံ ပြန်ပို့ခဲ့ပေမယ့်လို့ ပြင်သစ် ရာသီကြို လေ့ကျင့်ရေးအထိကို ခေး ဂေါ်ဒန်အား ဆက်လက် လိုက်ပါစေခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေက ဂေါ်ဒန်ကို စသိလာကြတာဟာ သိပ်တော့ မကြာသေးပါဘူး။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတုန်းကမှ ဂေါ်ဒန်ကို ဒါဘီအသင်းကနေ ပေါင် ၃ သန်းဖြင့် လီဗာပူးအသင်း အပြီးသတ် ခေါ်ယူထားခဲ့တာဖြစ်တယ်။ အသက် ၁၆ နှစ်အရွယ် ကစားသမားတစ်ဦးအတွက် ပေါင် ၃ သန်းဆိုတာက အင်္ဂလန်လိဂ်မှာတော့ စံချိန်တင်ကြေးလို့ ဆိုနိုင်ပါတယ်။

ဒါဘီရဲ့ လေ့ကျင့်ရေးတွေမှာတည်းက ထူးချွန်သူအဖြစ် နာမည်ကောင်းရခဲ့တဲ့ ဂေါ်ဒန်ကို ဒါဘီမန်နေဂျာ ရွန်းနီက နေရာပေးဖို့ ရည်ရွယ်ချက် ရှိထားခဲ့တယ်။ ဒါပေမယ့်လို့ လီဗာပူးရဲ့ ဆွဲဆောင်မှုကို ဒါဘီအသင်းက မတားဆီးနိုင်ခဲ့ပါဘူး။ ဇန်နဝါရီမှာ အသင်းပြောင်းလာပြီးနောက် ဂေါ်ဒန်က လီဗာပူး ယူ-၁၈ အသင်းအတွက်ပဲ အဓိက ကစားပေးနေခဲ့တယ်။ ရာသီသစ်မှာတော့ သူဟာ ယူ-၂၃ အသင်းမှာ ကစားရဖို့ ရှိနေပါတယ်။

ဒီနွေ လီဗာပူးအသင်းရဲ့ ရာသီကြိုမှာ ပါဝင်တဲ့ အသင်းသားတွေထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ဂေါ်ဒန်ဟာ အခုမှ အသက် ၁၆ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်တယ်။ လီဗာပူးအကယ်ဒမီ အသင်းသားတွေထဲမှာ သူ့လို ငယ်ငယ်ရွယ်ရွယ်နဲ့ ပါဝင်နိုင်စွမ်း ရှိခဲ့သူက ၂၀၁၅ ခုနှစ်တုန်းက ထရန့် အလက်စန္ဒား-အာနိုးဖြစ်ပါတယ်။

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ရာသီကြို ခြေစမ်းပွဲမှာ အိုရီဂီကို ကျော်ပြီး နေရာရခဲ့တဲ့ ဂေါ်ဒန်က ရာသီသစ်အတွက် ယာဂင်ကလော့ပ်ရဲ့ အစီအစဉ်တွေထဲ ကြီးကြီးမားမား ပါဝင်ခွင့်ရဦးမှာ မဟုတ်တာကတော့ ရှင်းပါတယ်။ ဒါပေမယ့် သြစတြီးယား ရာသီကြိုမှာ ဒီလူငယ်လေးက စီနီယာအသင်း နည်းပြတွေ မျက်စိကျအောင် ကြိုးစားနိုင်ခဲ့တယ်။

တိုက်စစ်ပိုင်းမှာ အကြောက်တရား ကင်းလွန်းတဲ့ ဂေါ်ဒန်ဟာ အကယ်ဒမီမှာ နာမည်ကြီးနေတဲ့ မိုဆော့လော့စကီ၊ ဘလာဂီဇီတို့ကိုပါ ကျော်ပြီး ပြင်သစ်ရာသီကြိုမှာ ပါဝင်ခွင့်ရတဲ့ တစ်ဦးတည်းသော ယူ-၁၈ အသင်းသားလည်းဖြစ်လာခဲ့တယ်။ ဂေါ်ဒန်ကို ကလော့ပ်ရဲ့ နေရာပေးပုံက ထရန့် ၁၇ နှစ်သားတုန်းက နေရာပေးခံရမှုထက်တောင် ပိုမို သာလွန်တယ်လို့ အန်ဖီးနဲ့ နီးစပ်သူတွေက ထုတ်ဖော်ထားခဲ့တယ်။

ရာသီကြိုဟာ ရာသီသစ်နဲ့ ပတ်သက်တဲ့ နည်းစနစ်တွေကို အတူတကွ လေ့ကျင့်မှုတွေ လုပ်တဲ့ကာလဖြစ်သလို ရာသီကြိုကို အဆုံးထိ ပါဝင်ခွင့်ဟာ အကယ်ဒမီအသင်းသားတွေအတွက် ဆုလာဘ်တစ်ခုလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရှာကွီရီနေရာမှာ အယ်လီးယော့ဖြင့် တိုက်ရိုက် အစားထိုးမှာဖြစ်ပေမယ့် ဖလားပွဲတွေမှာတော့ ဂေါ်ဒန်ကို ပါဝင်စေမယ်လို့ သိထားရတာဖြစ်တယ်။ တောင်ပံသမား စစ်စစ်အဖြစ် လူငယ်အသင်းမှာ ပါဝင်နေတဲ့ ဂေါ်ဒန်ဟာ လီဗာပူးရဲ့ နောက်ထပ် ထရန့်ဖြစ်လာမလား အချိန်ကပဲ စကားပြောသွားမှဖြစ်ပါတယ်။

ZAWGYI

ေႏြရာသီၾကိဳမွာတုန္းက လီဗာပူးအသင္းဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ ႏွစ္သက္ရတဲ့ ကူမတ္တီယို၊ ဘရတ္ဒေလ၊ ဂ်ိတ္ကိန္းတို႔လို ကစားသမားေတြကို ခါဘီထံ ျပန္ပို႔ခဲ့ေပမယ့္လို႔ ျပင္သစ္ ရာသီၾကိဳ ေလ့က်င့္ေရးအထိကို ေခး ေဂၚဒန္အား ဆက္လက္ လိုက္ပါေစခဲ့ပါတယ္။

လီဗာပူးပရိသတ္ေတြက ေဂၚဒန္ကို စသိလာၾကတာဟာ သိပ္ေတာ့ မၾကာေသးပါဘူး။ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီတုန္းကမွ ေဂၚဒန္ကို ဒါဘီအသင္းကေန ေပါင္ ၃ သန္းျဖင့္ လီဗာပူးအသင္း အျပီးသတ္ ေခၚယူထားခဲ့တာျဖစ္တယ္။ အသက္ ၁၆ ႏွစ္အရြယ္ ကစားသမားတစ္ဦးအတြက္ ေပါင္ ၃ သန္းဆိုတာက အဂၤလန္လိဂ္မွာေတာ့ စံခ်ိန္တင္ေၾကးလို႔ ဆိုႏုိင္ပါတယ္။

ဒါဘီရဲ႕ ေလ့က်င့္ေရးေတြမွာတည္းက ထူးခၽြန္သူအျဖစ္ နာမည္ေကာင္းရခဲ့တဲ့ ေဂၚဒန္ကို ဒါဘီမန္ေနဂ်ာ ရြန္းနီက ေနရာေပးဖို႔ ရည္ရြယ္ခ်က္ ရွိထားခဲ့တယ္။ ဒါေပမယ့္လို႔ လီဗာပူးရဲ႔ ဆြဲေဆာင္မႈကို ဒါဘီအသင္းက မတားဆီးႏုိင္ခဲ့ပါဘူး။ ဇန္နဝါရီမွာ အသင္းေျပာင္းလာျပီးေနာက္ ေဂၚဒန္က လီဗာပူး ယူ-၁၈ အသင္းအတြက္ပဲ အဓိက ကစားေပးေနခဲ့တယ္။ ရာသီသစ္မွာေတာ့ သူဟာ ယူ-၂၃ အသင္းမွာ ကစားရဖို႔ ရွိေနပါတယ္။

ဒီေႏြ လီဗာပူးအသင္းရဲ႕ ရာသီၾကိဳမွာ ပါဝင္တဲ့ အသင္းသားေတြထဲမွာ အသက္အငယ္ဆံုးျဖစ္တဲ့ ေဂၚဒန္ဟာ အခုမွ အသက္ ၁၆ ႏွစ္အရြယ္ပဲ ရွိေသးတာျဖစ္တယ္။ လီဗာပူးအကယ္ဒမီ အသင္းသားေတြထဲမွာ သူ႔လို ငယ္ငယ္ရြယ္ရြယ္နဲ႔ ပါဝင္ႏုိင္စြမ္း ရွိခဲ့သူက ၂၀၁၅ ခုႏွစ္တုန္းက ထရန္႔ အလက္စႏၵား-အာႏိုးျဖစ္ပါတယ္။

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ရာသီၾကိဳ ေျခစမ္းပြဲမွာ အိုရီဂီကို ေက်ာ္ျပီး ေနရာရခဲ့တဲ့ ေဂၚဒန္က ရာသီသစ္အတြက္ ယာဂင္ကေလာ့ပ္ရဲ႕ အစီအစဥ္ေတြထဲ ၾကီးၾကီးမားမား ပါဝင္ခြင့္ရဦးမွာ မဟုတ္တာကေတာ့ ရွင္းပါတယ္။ ဒါေပမယ့္ ၾသစၾတီးယား ရာသီၾကိဳမွာ ဒီလူငယ္ေလးက စီနီယာအသင္း နည္းျပေတြ မ်က္စိက်ေအာင္ ၾကိဳးစားႏုိင္ခဲ့တယ္။

တိုက္စစ္ပိုင္းမွာ အေၾကာက္တရား ကင္းလြန္းတဲ့ ေဂၚဒန္ဟာ အကယ္ဒမီမွာ နာမည္ၾကီးေနတဲ့ မိုေဆာ့ေလာ့စကီ၊ ဘလာဂီဇီတို႔ကိုပါ ေက်ာ္ျပီး ျပင္သစ္ရာသီၾကိဳမွာ ပါဝင္ခြင့္ရတဲ့ တစ္ဦးတည္းေသာ ယူ-၁၈ အသင္းသားလည္းျဖစ္လာခဲ့တယ္။ ေဂၚဒန္ကို ကေလာ့ပ္ရဲ႔ ေနရာေပးပံုက ထရန္႔ ၁၇ ႏွစ္သားတုန္းက ေနရာေပးခံရမႈထက္ေတာင္ ပိုမို သာလြန္တယ္လို႔ အန္ဖီးနဲ႔ နီးစပ္သူေတြက ထုတ္ေဖာ္ထားခဲ့တယ္။

ရာသီၾကိဳဟာ ရာသီသစ္နဲ႔ ပတ္သက္တဲ့ နည္းစနစ္ေတြကို အတူတကြ ေလ့က်င့္မႈေတြ လုပ္တဲ့ကာလျဖစ္သလို ရာသီၾကိဳကို အဆံုးထိ ပါဝင္ခြင့္ဟာ အကယ္ဒမီအသင္းသားေတြအတြက္ ဆုလာဘ္တစ္ခုလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ရွာကီြရီေနရာမွာ အယ္လီးေယာ့ျဖင့္ တိုက္ရိုက္ အစားထိုးမွာျဖစ္ေပမယ့္ ဖလားပြဲေတြမွာေတာ့ ေဂၚဒန္ကို ပါဝင္ေစမယ္လို႔ သိထားရတာျဖစ္တယ္။ ေတာင္ပံသမား စစ္စစ္အျဖစ္ လူငယ္အသင္းမွာ ပါဝင္ေနတဲ့ ေဂၚဒန္ဟာ လီဗာပူးရဲ႕ ေနာက္ထပ္ ထရန္႔ျဖစ္လာမလား အခ်ိန္ကပဲ စကားေျပာသြားမွျဖစ္ပါတယ္။