လီဗာပူးအသင်းရဲ့ နွေဈေးကွက်နဲ့ ပတ်သက်လို့ ကာရေဂါ၊ ဂျွန်ဘန်းစ် အစရှိတဲ့ ကစားသမားဟောင်းကြီးတွေကတော့ စောင့်ကြည့်ပေးကြဖို့၊ ယုံကြည်ပေးကြဖို့ တောင်းဆိုထားပါတယ်။

ဟုတ်ပြီ။ ဒါဆိုရင် ဒီရာသီ လီဗာပူးအသင်းအပေါ် ပြိုင်ဘက်တွေရဲ့ အမြင်ကကော ဘယ်လိုရှိမလဲ။ သူတို့ကကော လီဗာပူးက အမှတ်ပေးဖလား စိန်ခေါ်နိုင်မယ့်အသင်းလို့ ယူဆထားကြသလား။ ဒီအတွက် အကောင်းဆုံး ဥပမာအဖြစ် စကိုင်းစပေါ့က ကာရေဂါရဲ့ တွဲဘက်ဖြစ်သူ ဂယ်ရီနဗီးရဲ့ အမြင်ကို တစ်ချက်လောက် လေ့လာကြည့်ရအောင်ပါ။

ဂယ်ရီနဗီးက “ လီဗာပူးတို့ ဈေးကွက် နောက်ဆုံးအချိန်အတွင်း တစ်ယောက်ယောက်တော့ ဝယ်မယ် ထင်ခဲ့ပါတယ်။ သူတို့တွေ အမ်ဘတ်ပီလို ကစားသမားကို ခေါ်လိုက်ရင်တော့ ကျွန်တော်တို့ အားလုံးက ‘အိုးမိုင်ဂေါ့။ သူတို့တွေ ဖလားစိန်ခေါ်တော့မှာပဲ’ လို့ တွေးမိကြမှာပါ။

မနှစ်က လီဗာပူးအတွက် အဆင့် ၃ ရတာက မယုံနိုင်စရာ ဖြစ်ခဲ့ပါတယ်။ ကလော့ပ်က ကောင်းကောင်း လုပ်နိုင်နေတုန်းပါပဲ။ သူတို့တွေ ဒီနွေဈေးကွက်မှာလည်း အမြတ်တော့ ရမှာသေချာတယ်။ သူတို့က တခြားကလပ်တွေလို အသုံးစရိတ်တွေ မရှိဘူးလေ။ ဒါက လီဗာပူးရဲ့ ပြဿနာဖြစ်နေတာပါပဲ။

ကလော့ပ်က သူ့အသင်းမှာရှိတဲ့ ကစာသမားတွေနဲ့ မယုံနိုင်စရာ အလုပ်ကို လုပ်နေတာပါ။
သူ့အနေနဲ့ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းထံက ထောက်ပံ့မှု ပိုရချင်ခဲ့မှာပါ။ ကစားသမားကောင်း နှစ်ယောက်၊ သုံးယောက်လောက် လိုချင်ခဲ့မှာပါ။

ချယ်ဆီး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ လူတွေ ခေါ်နေတာကို သူ မြင်ခဲ့ရပါတယ်။ သူ့မှာကျ အသုံးစရိတ် မရှိဘူး။ သူက အသင်းကောင်းတစ်သင်းကို ကိုင်တွယ်နေရပေမယ့် သူ့အသင်းက အင်အားမြှင့်တင်ဖို့ လိုအပ်ပါတယ်။ လီဗာပူးမှာ ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒါပေမယ့် အခုချိန် သူတို့မှာ အရင်နှစ်တွေတုန်းကလို အရှိန်အဟုန်မျိုး မရှိနေဘူးလို့ ထင်ပါတယ်။

လီဗာပူးရဲ့ တိုးတက်မှုက ရပ်တန့်သွားတယ်။ လီဗာပူးက အမှတ်ပေးဇယား ပထမနေရာကို ရောက်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ ဒီနှစ်မှာ ယူနိုက်တက်ကိုတောင် သူတို့ ကျော်နိုင်မှ ာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။

နဗီးရဲ့ မှတ်ချက်အရ ပြိုင်ဘက်တွေဟာ ဒီရာသီ လီဗာပူးအသင်းကို အများကြီး ထည့်တွက်မထားကြဘူးဆိုတာက ရှင်းပါတယ်။ မကြာခင်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ရောက်ရှိလာမှာဖြစ်လို့ အသင်းရဲ့ အခြေအနေတွေကို စောင့်ကြည့်ရင်း ဒီရာသီ လီဗာပူးဟာ အမြင့်ကို ပြန်တက်နိုင်မလား ရုန်းကန်ရမလားဆိုတာကို ကျနေ်ာတို့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႔ ေႏြေစ်းကြက္နဲ႔ ပတ္သက္လို႔ ကာေရဂါ၊ ဂၽြန္ဘန္းစ္ အစရွိတဲ့ ကစားသမားေဟာင္းၾကီးေတြကေတာ့ ေစာင့္ၾကည့္ေပးၾကဖို႔၊ ယံုၾကည္ေပးၾကဖို႔ ေတာင္းဆိုထားပါတယ္။

ဟုတ္ျပီ။ ဒါဆိုရင္ ဒီရာသီ လီဗာပူးအသင္းအေပၚ ျပိဳင္ဘက္ေတြရဲ႕ အျမင္ကေကာ ဘယ္လိုရွိမလဲ။ သူတို႔ကေကာ လီဗာပူးက အမွတ္ေပးဖလား စိန္ေခၚႏုိင္မယ့္အသင္းလို႔ ယူဆထားၾကသလား။ ဒီအတြက္ အေကာင္းဆံုး ဥပမာအျဖစ္ စကိုင္းစေပါ့က ကာေရဂါရဲ႕ တြဲဘက္ျဖစ္သူ ဂယ္ရီနဗီးရဲ႕ အျမင္ကို တစ္ခ်က္ေလာက္ ေလ့လာၾကည့္ရေအာင္ပါ။

ဂယ္ရီနဗီးက “ လီဗာပူးတို႔ ေစ်းကြက္ ေနာက္ဆံုးအခ်ိန္အတြင္း တစ္ေယာက္ေယာက္ေတာ့ ဝယ္မယ္ ထင္ခဲ့ပါတယ္။ သူတို႔ေတြ အမ္ဘတ္ပီလို ကစားသမားကို ေခၚလိုက္ရင္ေတာ့ ကြၽန္ေတာ္တို႔ အားလုံးက ‘အိုးမိုင္ေဂါ့။ သူတို႔ေတြ ဖလားစိန္ေခၚေတာ့မွာပဲ’ လို႔ ေတြးမိၾကမွာပါ။

မႏွစ္က လီဗာပူးအတြက္ အဆင့္ ၃ ရတာက မယုံႏိုင္စရာ ျဖစ္ခဲ့ပါတယ္။ ကေလာ့ပ္က ေကာင္းေကာင္း လုပ္ႏိုင္ေနတုန္းပါပဲ။ သူတို႔ေတြ ဒီေႏြေစ်းကြက္မွာလည္း အျမတ္ေတာ့ ရမွာေသခ်ာတယ္။ သူတို႔က တျခားကလပ္ေတြလို အသုံးစရိတ္ေတြ မရွိဘူးေလ။ ဒါက လီဗာပူးရဲ႕ ျပႆနာျဖစ္ေနတာပါပဲ။

ကေလာ့ပ္က သူ႔အသင္းမွာရွိတဲ့ ကစာသမားေတြနဲ႔ မယုံႏိုင္စရာ အလုပ္ကို လုပ္ေနတာပါ။
သူ႔အေနနဲ႔ကေတာ့ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အသင္းထံက ေထာက္ပံ့မႈ ပိုရခ်င္ခဲ့မွာပါ။ ကစားသမားေကာင္း ႏွစ္ေယာက္၊ သုံးေယာက္ေလာက္ လိုခ်င္ခဲ့မွာပါ။

ခ်ယ္ဆီး၊ မန္စီးတီးနဲ႔ ယူႏိုက္တက္တို႔ လူေတြ ေခၚေနတာကို သူ ျမင္ခဲ့ရပါတယ္။ သူ႔မွာက် အသုံးစရိတ္ မရွိဘူး။ သူက အသင္းေကာင္းတစ္သင္းကို ကိုင္တြယ္ေနရေပမယ့္ သူ႔အသင္းက အင္အားျမႇင့္တင္ဖို႔ လိုအပ္ပါတယ္။ လီဗာပူးမွာ ျပႆနာ ႀကီးႀကီးမားမားေတာ့ မရွိပါဘူး။ ဒါေပမယ့္ အခုခ်ိန္ သူတို႔မွာ အရင္ႏွစ္ေတြတုန္းကလို အရွိန္အဟုန္မ်ိဳး မရွိေနဘူးလို႔ ထင္ပါတယ္။

လီဗာပူးရဲ႕ တိုးတက္မႈက ရပ္တန္႔သြားတယ္။ လီဗာပူးက အမွတ္ေပးဇယား ပထမေနရာကို ေရာက္ႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ဒီႏွစ္မွာ ယူႏိုက္တက္ကိုေတာင္ သူတို႔ ေက်ာ္ႏိုင္မွ ာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

နဗီးရဲ႕ မွတ္ခ်က္အရ ျပိဳင္ဘက္ေတြဟာ ဒီရာသီ လီဗာပူးအသင္းကို အမ်ားၾကီး ထည့္တြက္မထားၾကဘူးဆိုတာက ရွင္းပါတယ္။ မၾကာခင္မွာေတာ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲလည္း ေရာက္ရွိလာမွာျဖစ္လို႔ အသင္းရဲ႕ အေျခအေနေတြကို ေစာင့္ၾကည့္ရင္း ဒီရာသီ လီဗာပူးဟာ အျမင့္ကို ျပန္တက္ႏုိင္မလား ရုန္းကန္ရမလားဆိုတာကို က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။