အင်္ဂလန်မှာ အပြောင်းအရွှေ့ ပိတ်သွားခဲ့ပြီဖြစ်ပေမယ့်လည်း အခြားသော ဥရောပလိဂ်တွေမှာ ဈေးကွက် ဖွင့်နေဆဲဖြစ်တာကြောင့် လီဗာပူးဟာ ကစားသမား ရောင်းချဖို့အတွက် ကြိုးစားမှု ရှိလာဦးမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဥရောပဈေးကွက်တွေထဲမှာ စက်တင်ဘာလ ၃ ရက်နေ့မှ ပိတ်မယ့် ယူကရိန်း၊ စက်တင်ဘာလ ၇ ရက်မှ ပိတ်မယ့် ရုရှား၊ စက်တင်ဘာလ ၈ ရက်နေ့မှ ပိတ်မယ့် ချက်အပြင် အခြားသော လိဂ်ပြိုင်ပွဲတွေလည်း ရှိနေသေးတာပါ။ ဒါပေမယ့်လို့ အားလုံးထဲမှာတော့ တူရကီ စူပါလိဂ်က နာမည်အကြီးဆုံးဖြစ်ပါတယ်။

တူရကီလိဂ်ရဲ့ နွေဈေးကွက်ဟာ စက်တင်ဘာလ ၈ ရက်နေ့မှ ပိတ်သိမ်းမှာဖြစ်ပြီး လီဗာပူးမှ တိုက်စစ်သမား အိုရီဂီနဲ့ ဂိုးသမား ကားရီးယက်စ်တို့ဟာ နောက်အပတ် အင်္ဂါနေ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ တူရကီမြေကို ရောက်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။

တူရကီဘက်က သတင်းတွေအရ ဖီနာဘာချီဥက္ကဌဟာ အိုရီဂီကို ခေါ်ယူရေး ညိနှိုင်းနိုင်ဖို့ လီဗာပူးကို ထွက်ခွာလာခဲ့တယ်လို့ ဆိုတယ်။ ညိနှိုင်းမှုဟာ နောက်ဆုံးအဆင့်တေါထံ ရောက်သွားဖို့ ခပ်မြန်မြန် တိုးတက်လာနေတယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ အိုရီဂီကို ပရီးမီးယားလိဂ် ၂၅ ဦး လူစာရင်းထဲ ထည့်ဖို့ စိတ်ကူးမရှိဘဲ ဒီနွေမှာတင် ရောင်းထုတ်မှာဖြစ်ကာ ရုရှား၊ တူရကီကလပ်တွေဖြင့် ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဖီနာဘာချီဟာ တူရကီ စူပါလိဂ်မှာ တတိယနေရာက ရပ်တည်ခဲ့တဲ့ အသင်းဖြစ်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ဝင်ရောက်ခွင့်ရထားတာပါ။ ဘယ်ဂျီယံသားအနေနဲ့ တူရကီကို ပြောင်းခဲ့မယ်ဆိုရင် သူ့ကစားသမားဘဝ အဆုံးသတ်သွားပြီလို့ မပြောနိုင်ဘဲ စိန်ခေါ်မှုအသစ်တွေက စောင့်မျှော်နေဦးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ homegrown ကစားသမား နေရာအတွက် မပြည့်မှီသေးတာကြောင့် ကာတစ်ဂျုံးနဲ့ နီကိုးတို့ နှစ်ဦးတည်းက တစ်ဦးကို ထည့်သွင်းရဖွယ်ရှိကာ နိုင်ငံခြားသား ၁၇ ဦးကို နာမည်စာရင်း တင်နိုင်မှာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္မွာ အေျပာင္းအေရႊ႔ ပိတ္သြားခဲ့ျပီျဖစ္ေပမယ့္လည္း အျခားေသာ ဥေရာပလိဂ္ေတြမွာ ေစ်းကြက္ ဖြင့္ေနဆဲျဖစ္တာေၾကာင့္ လီဗာပူးဟာ ကစားသမား ေရာင္းခ်ဖို႔အတြက္ ၾကိဳးစားမႈ ရွိလာဦးမယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

ဥေရာပေစ်းကြက္ေတြထဲမွာ စက္တင္ဘာလ ၃ ရက္ေန႔မွ ပိတ္မယ့္ ယူကရိန္း၊ စက္တင္ဘာလ ၇ ရက္မွ ပိတ္မယ့္ ရုရွား၊ စက္တင္ဘာလ ၈ ရက္ေန႔မွ ပိတ္မယ့္ ခ်က္အျပင္ အျခားေသာ လိဂ္ျပိဳင္ပြဲေတြလည္း ရွိေနေသးတာပါ။ ဒါေပမယ့္လို႔ အားလံုးထဲမွာေတာ့ တူရကီ စူပါလိဂ္က နာမည္အၾကီးဆံုးျဖစ္ပါတယ္။

တူရကီလိဂ္ရဲ႕ ေႏြေစ်းကြက္ဟာ စက္တင္ဘာလ ၈ ရက္ေန႔မွ ပိတ္သိမ္းမွာျဖစ္ျပီး လီဗာပူးမွ တိုက္စစ္သမား အိုရီဂီနဲ႔ ဂိုးသမား ကားရီးယက္စ္တို႔ဟာ ေနာက္အပတ္ အဂၤါေန႔ အေျပာင္းအေရႊ႔ မပိတ္ခင္မွာ တူရကီေျမကို ေရာက္သြားတာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။

တူရကီဘက္က သတင္းေတြအရ ဖီနာဘာခ်ီဥကၠဌဟာ အိုရီဂီကို ေခၚယူေရး ညိႏိႈင္းႏုိင္ဖို႔ လီဗာပူးကို ထြက္ခြာလာခဲ့တယ္လို႔ ဆိုတယ္။ ညိႏိႈင္းမႈဟာ ေနာက္ဆံုးအဆင့္ေတါထံ ေရာက္သြားဖို႔ ခပ္ျမန္ျမန္ တိုးတက္လာေနတယ္ဆိုတဲ့ အသံေတြ ထြက္ေပၚလာေနတာျဖစ္ပါတယ္။

လီဗာပူးဘက္ကေတာ့ အိုရီဂီကို ပရီးမီးယားလိဂ္ ၂၅ ဦး လူစာရင္းထဲ ထည့္ဖို႔ စိတ္ကူးမရွိဘဲ ဒီေႏြမွာတင္ ေရာင္းထုတ္မွာျဖစ္ကာ ရုရွား၊ တူရကီကလပ္ေတြျဖင့္ ေဆြးေႏြးေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဖီနာဘာခ်ီဟာ တူရကီ စူပါလိဂ္မွာ တတိယေနရာက ရပ္တည္ခဲ့တဲ့ အသင္းျဖစ္ျပီး ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ အုပ္စုအဆင့္ကို ဝင္ေရာက္ခြင့္ရထားတာပါ။ ဘယ္ဂ်ီယံသားအေနနဲ႔ တူရကီကို ေျပာင္းခဲ့မယ္ဆိုရင္ သူ႔ကစားသမားဘဝ အဆံုးသတ္သြားျပီလို႔ မေျပာႏုိင္ဘဲ စိန္ေခၚမႈအသစ္ေတြက ေစာင့္ေမွ်ာ္ေနဦးမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ homegrown ကစားသမား ေနရာအတြက္ မျပည့္မွီေသးတာေၾကာင့္ ကာတစ္ဂ်ံဳးနဲ႔ နီကိုးတို႔ ႏွစ္ဦးတည္းက တစ္ဦးကို ထည့္သြင္းရဖြယ္ရွိကာ ႏုိင္ငံျခားသား ၁၇ ဦးကို နာမည္စာရင္း တင္ႏုိင္မွာျဖစ္ပါတယ္။