အဝေးကွင်းမှာ ဘရန့်ဖိုဒ့်ကို ၃-၃ သရေရလဒ်ပဲ ရယူနိုင်တဲ့နောက် မန်နေဂျာကလော့ပ်ဟာ အသင်းတိုက်စစ်ပိုင်း လိုအပ်ချက်ရှိတယ်လို့ ထုတ်ပြောခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ကြိုးစားနိုင်စွမ်းတွေကို ချီးကျူးခဲ့ပါတယ်။
ဘရန့်ဖိုဒ့်ဟာ လီဗာပူးကို ရှိန်မနေဘဲ သူတင်ကိုယ်တင် ကစားဖို့ ကြိုးစားခဲ့တာပါ။ ဒါကြောင့်လည်း လီဗာပူးခံစစ်က အမှားတွေ ပြုလုပ်မိခဲ့ကာ သွင်းဂိုး ၃ ဂိုးထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ယာဂင်က ” ခပ်ထက်ထက်လေး ကစားခဲ့ကြတယ်။ ဘရန့်ဖိုဒ့်က သူတို့ရဲ့ ကစားဟန်နဲ့အတူ သွင်းဂိုး ၃ ဂိုးရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အဝေးဘောတွေကို ကျနေ်ာတို့တွေ ကာကွယ်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါပေမယ့် ကျနေ်ာတို့ ဒီထက်လည်း ဂိုးတွေ ပိုရခဲ့သင့်ပါတယ်။
ဘရန့်ဖိုဒ့်က ထိုက်တန်ပါတယ်။ သူတို့ကို ဒီထက်ပိုပြီးလည်း မထိန်းချုပ်နိုင်တော့ပါဘူး။ ကျနေ်ာတို့ ရှင်းလင်းတဲ့ ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပေမယ့် ခံစစ်မှာတော့ သူတို့ကို မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါတွေ ဖြစ်ခဲ့တာပေါ့။
ကျနေ်ာတို့ ဂိုးတွေ ပိုပြီး သွင်းသင့်ပါတယ်။ အကယ်လို့ ၃-၂ (သို့) ၄-၃ ဖြစ်ရင်တောင် ခံစစ်ပိုင်းကတော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ တိုနီနဲ့ ဘက်မိုတို့က သိပ်ကိုကောင်းခဲ့တာကြောင့် ဘရန့်ဖိုဒ့် ရမှတ် ၁ မှတ်ရဖို့ ထိုက်တန်ပါတယ်။
ဒီလိုပွဲတွေကစားရင် ရလဒ်ကို လက်ခံဖို့ ကျနော်အတွက် ပြဿနာမဟုတ်ပါဘူး။ ဒါက ဘောလုံးပဲဖြစ်ပါတယ်။ အနိုင်ရဖို့ ထိုက်တန်တဲ့ ကိစ္စတွေကို ဖန်တီးရမယ်။ သူတို့ကလည်း သရေတစ်မှတ်ရဖို့ ထိုက်တန်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ သူတို့ စစ်မှန်စွာ တိုက်ခိုက်ခဲ့တာပါ။ အဲ့တာကို အများကြီး လေးစားပါတယ်။
အဆုံးသတ်ပိုင်းတွေမှာ ကျနေ်ာတို့ ပိုကောင်းခဲ့သင့်တယ် အဲ့တာဆိုရင် ခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်သွားပါလိမ့်မယ်။ သူတို့ရဲ့ ဂိုးသမားက ဘောလုံးကိုင်ကစားတာ သိပ်ကောင်းပါတယ်။ သူ နံပါတ် ၁၀ ဂျာစီတောင် ပြောင်းဝတ်သင့်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဘရန့်ဖိုဒ့်ဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ်ဆိုပေမယ့် တက်ကြွတဲ့ ကစားဟန်တွေကို ပြသနေတာဖြစ်တယ် ပြီးခဲ့တဲ့ ရာသီတွေက ရှက်ဖီးနဲ့ လိဒ်ယူနိုက်တက်တို့ လုပ်ပြခဲ့သလို ထိပ်တန်းကလပ်တွေကို ဒုက္ခပေးနိုင်စွမ်းတွေကို သူတို့ထံကနေ မြင်နေရတာပဲ ဖြစ်ပါတယ်။
ZAWGYI