ပရီးမီးယားလိဂ် ကစားသမားဟောင်းဖြစ်သလို ယူရို ၂၀၀၄ အနိုင်ရ ဂရိအသင်းရဲ့ တိုက်စစ်သမားဟောင်းလည်းဖြစ်တဲ့ Stelios Giannakopoulos က လီဗာပူးဘယ်အစွန်လူ ကိုစတက်ကို ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။

သူကတော့ ကိုစတက်ဟာ လေ့ကျင့်ရေးက သူ့ရဲ့ ကြိုးစားမှုတွေကို ပွဲတွေမှာ စတင်ပြသနေပြီး ဒါဟာ စတင်ခြင်းပဲ ရှိပါသေးတယ်လို့ ဆိုလာပါတယ်။ မဆုတ်မနစ် ကြိုးစားတတ်ပြီး ရဲရင့်တဲ့ နှလုံးသားရှိသူလို့ ထင်ရှားလာတဲ့ ကိုစတက်ဟာ ရော်ဘတ်ဆန်ထံက ပွဲထွက်ခွင့်တွေကို စတင် ချိန်းခြောက်နေပြီဖြစ်ပါတယ်။

ဒီအပတ် ယှဉ်ပြိုင်ရမယ့် ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ကိုစတက်ဟာ ရော်ဘတ်ဆန်အစား ပါဝင်ခွင့်ရလာမယ်လို့ မှတ်ချက်ပေးခံရမှုတွေ ရှိနေခဲ့တာပါ။

Stelios Giannakopoulos က “ ဒီရာသီ ကိုစတက်ရဲ့ စတင်မှုကို ကျနော်တော့ မအံ့သြပါဘူး။ ဒါက သူ့ရဲ့ အစပဲ ရှိပါသေးတယ်။ ဘာလို့လည်းဆိုတော့ သူက စိတ်ပိုင်းဖြတ်မှုနဲ့အတူ ကောင်းမွန်တဲ့ နှလုံးအိမ် ရှိသူဖြစ်ပါတယ်။ သူက သိပ်ကိုလည်း ကြိုးစားသူပါ။ ပွဲနေ့တွေဟာ လေ့ကျင့်ရေးမှာ ကိုယ်ဘယ်လောက်ထိ ကြိုးစားသလဲကို ရောင်ပြန်ဟပ်ပါတယ်။

ကြိုးစားမှုမရှိဘဲ ဘယ်လိုတိုးတက်မှုမှ မရှိနိုင်ပါဘူး။ ကိုစတက်ရဲ့ တိုးတက်မှုက သိပ်ကို ကောင်းပါတယ်။ အဲ့တာကြောင့်ပဲ လီဗာပူးက သူ့ကို လက်မှတ်ထိုးခဲ့တာပဲလေ။ လီဗာပူးက သူ့ကို ကာလရှည် စောင့်ကြည့်ခဲ့တာပါ။ လီဗာပူးလို ကလပ်အသင်းကြီးအတွက် ကင်းထောက်စနစ်က သိပ်ကို အရေးပါပြီး ကံတစ်ခုတည်းအပေါ် ပုံအပ်ပြီး လက်မှတ်ထိုးခဲ့တာ မဟုတ်ပါဘူး။

လီဗာပူးက ကစားသမားတွေအတွက် ရလာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး လက်မှတ်ထိုးခြင်းဖြစ်ပါတယ်။ သူတို့က ကိုစတက်ကိုလည်း ကောင်းကောင်းကြီး စောင့်ကြည့်ခဲ့တာပါ။ ကိုစတက်က သူနဲ့ ထိုက်တန်တာကို သူရခဲ့တာပါ ဒါက ရိုးရှင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ ကစားဖို့ရာ ရုပ်ပိုင်းဆိုင်ရာကော နည်းစနစ်ပိုင်းဆိုင်ရာမှာပါ အံဝင်ဂွင်ကျဖြစ်ဖို့ လိုပါတယ်။ ကိုစတက်ဟာ အင်္ဂလန်ကို ရောက်လာအပြီး ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရမှုနဲ့အတူ ပွဲကစားခွင့်က လိုအပ်တာထက် နောက်ကျခဲ့တာဖြစ်တယ်။

မြန်ဆန်ပြီး နည်းစနစ်ပိုင်းအရ အသားကျဖို့ ခက်ခဲတဲ့ အင်္ဂလန်လိဂ်မှာ လက်ရှိ ရုပ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းနိုင်မယ်ဆိုရင် ကိုစတက် အောင်မြင်မယ်လို့ ဂရိဘောလုံးအသိုင်းအဝိုင်းက ယုံကြည်နေကြတာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းျဖစ္သလို ယူရို ၂၀၀၄ အႏုိင္ရ ဂရိအသင္းရဲ႕ တိုက္စစ္သမားေဟာင္းလည္းျဖစ္တဲ့ Stelios Giannakopoulos က လီဗာပူးဘယ္အစြန္လူ ကိုစတက္ကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားပါတယ္။

သူကေတာ့ ကိုစတက္ဟာ ေလ့က်င့္ေရးက သူ႔ရဲ႕ ၾကိဳးစားမႈေတြကို ပြဲေတြမွာ စတင္ျပသေနျပီး ဒါဟာ စတင္ျခင္းပဲ ရွိပါေသးတယ္လို႔ ဆိုလာပါတယ္။ မဆုတ္မနစ္ ၾကိဳးစားတတ္ျပီး ရဲရင့္တဲ့ ႏွလံုးသားရွိသူလို႔ ထင္ရွားလာတဲ့ ကိုစတက္ဟာ ေရာ္ဘတ္ဆန္ထံက ပြဲထြက္ခြင့္ေတြကို စတင္ ခ်ိန္းေျခာက္ေနျပီျဖစ္ပါတယ္။

ဒီအပတ္ ယွဥ္ျပိဳင္ရမယ့္ ေပၚတိုနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ကိုစတက္ဟာ ေရာ္ဘတ္ဆန္အစား ပါဝင္ခြင့္ရလာမယ္လို႔ မွတ္ခ်က္ေပးခံရမႈေတြ ရွိေနခဲ့တာပါ။

Stelios Giannakopoulos က “ ဒီရာသီ ကိုစတက္ရဲ႕ စတင္မႈကို က်ေနာ္ေတာ့ မအံ့ၾသပါဘူး။ ဒါက သူ႔ရဲ႕ အစပဲ ရွိပါေသးတယ္။ ဘာလို႔လည္းဆိုေတာ့ သူက စိတ္ပိုင္းျဖတ္မႈနဲ႔အတူ ေကာင္းမြန္တဲ့ ႏွလံုးအိမ္ ရွိသူျဖစ္ပါတယ္။ သူက သိပ္ကိုလည္း ၾကိဳးစားသူပါ။ ပြဲေန႔ေတြဟာ ေလ့က်င့္ေရးမွာ ကိုယ္ဘယ္ေလာက္ထိ ၾကိဳးစားသလဲကို ေရာင္ျပန္ဟပ္ပါတယ္။

ၾကိဳးစားမႈမရွိဘဲ ဘယ္လိုတိုးတက္မႈမွ မရွိႏုိင္ပါဘူး။ ကိုစတက္ရဲ႕ တိုးတက္မႈက သိပ္ကို ေကာင္းပါတယ္။ အဲ့တာေၾကာင့္ပဲ လီဗာပူးက သူ႔ကို လက္မွတ္ထိုးခဲ့တာပဲေလ။ လီဗာပူးက သူ႔ကို ကာလရွည္ ေစာင့္ၾကည့္ခဲ့တာပါ။ လီဗာပူးလို ကလပ္အသင္းၾကီးအတြက္ ကင္းေထာက္စနစ္က သိပ္ကို အေရးပါျပီး ကံတစ္ခုတည္းအေပၚ ပံုအပ္ျပီး လက္မွတ္ထိုးခဲ့တာ မဟုတ္ပါဘူး။

လီဗာပူးက ကစားသမားေတြအတြက္ ရလာတဲ့ အခ်က္အလက္ေတြအေပၚ မူတည္ျပီး လက္မွတ္ထိုးျခင္းျဖစ္ပါတယ္။ သူတို႔က ကိုစတက္ကိုလည္း ေကာင္းေကာင္းၾကီး ေစာင့္ၾကည့္ခဲ့တာပါ။ ကိုစတက္က သူနဲ႔ ထိုက္တန္တာကို သူရခဲ့တာပါ ဒါက ရိုးရွင္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ လက္ေအာက္မွာ ကစားဖို႔ရာ ရုပ္ပိုင္းဆိုင္ရာေကာ နည္းစနစ္ပိုင္းဆိုင္ရာမွာပါ အံဝင္ဂြင္က်ျဖစ္ဖို႔ လိုပါတယ္။ ကိုစတက္ဟာ အဂၤလန္ကို ေရာက္လာအျပီး ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ခဲ့ရမႈနဲ႔အတူ ပြဲကစားခြင့္က လိုအပ္တာထက္ ေနာက္က်ခဲ့တာျဖစ္တယ္။

ျမန္ဆန္ျပီး နည္းစနစ္ပိုင္းအရ အသားက်ဖို႔ ခက္ခဲတဲ့ အဂၤလန္လိဂ္မွာ လက္ရွိ ရုပ္ပိုင္းဆိုင္ရာကို ထိန္းသိမ္းႏုိင္မယ္ဆိုရင္ ကိုစတက္ ေအာင္ျမင္မယ္လို႔ ဂရိေဘာလံုးအသိုင္းအဝုိင္းက ယံုၾကည္ေနၾကတာျဖစ္ပါတယ္။