မနေ့က ဘရန့်ဖို့ဒ်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အနိုင် ၃ မှတ်ကိုလက်လွှတ်ခဲ့ရတာအတွက် စိတ်ပျက်ရကြောင်းကို ကာတစ်ဂျုံးက ဝန်ခံခဲ့ပါတယ်။

ဒီယိုဂို ဂျိုတာနဲ့ လီဗာပူးအတွက် လိဂ်ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဆာလာရဲ့ သွင်းဂိုးတွေအပြီး ဂျုံးရဲ့ သွင်းဂိုးဟာ ခဏတာ ဦးဆောင်ခွင့် ရစေခဲ့ပေမယ့် ပွဲပြီး အနိုင်ဂိုးတော့ မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ ကန်ချက်က အနည်းငယ် ဘောလုံးလမ်းကြောင်းပြောင်းခဲ့ကာ ဂိုးသမား ဒေးဗစ်ရာယာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းနဲ့အတူ လီဗာပူးကို ၃-၂ ဖြင့် ယာယီ ဦးဆောင်နိုင်စေခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကာတစ်ဂျုံးစ်က “ကျွန်တော် ဘောလုံးရပြီးတော့ အတွင်းထဲ ချိုးဝင်ခဲ့ပြီး နေရာလွတ် ရှာဖွေခဲ့တယ်။ အဲ့ဒီ့ကနေ ဂိုးပေါက်ကို မြင်ခဲ့ရပြီးတော့ ဒီအတိုင်းကန်သွင်းခဲ့တာပါ။ ဘောလုံးက ကံကောင်းစွာနဲ့ ဂိုးပေါက်ထဲ ကွက်တိဝင်သွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင် ၃ မှတ်နဲ့ ပြန်မလာနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ နောက်ပွဲကျရင် သေချာပေါက် ၃ မှတ်လုံး ရအောင်ယူမှာပါ။

ကျွန်တော်တို့ ဒီကို လာပြီးတော့ ကောင်းကောင်းကစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကလည်း အသင်းကောင်းတစ်သင်းပါ။ ဒါကြောင့် သရေရလဒ်က မျှတတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့က အရမ်းကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး ရင်ဆိုင်ကစားဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဘရန့်ဖို့ဒ်ကို လေးစားပါတယ်။

ပရီးမီးယားလိဂ်ကတော့ သိတဲ့အတိုင်း အသင်းအားလုံးက တော်ကြတယ်ဆိုတော့ ကစားရ ခက်ခဲပါတယ်။ ကိုယ်က ၁၀၀ ရာခိုင်နှုန်း အကောင်းဆုံး အဆင့်အတန်းမှာ မရှိနေဘူးဆိုရင်တော့ အပြစ်ပေးခံရမှာပဲ ” လို့ ပြောဆိုခဲ့တာပါ။

ဂျုံးစ်ဟာ ဒီတစ်ပတ် အစောပိုင်း ကာရာဘောင်းဖလားပွဲမှာ နောဝစ်ချ်နဲ့လည်း ရင်ဆိုင်ကစားခဲ့ပြီးတော့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲမှာ ဆက်လက်ပြီး ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူဟာ ရာသီအစောပိုင်း ကာလတွေအတွင်း ပုံစံကောင်းမှာ ရှိနေတယ်လို့ ခံစားနေရပြီး ကလော့ပ်အထင်ကြီးအောင်လုပ်ဖို့ ရလာမယ့် အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချဖို့ စိတ်ပိုင်းဖြတ်ထားတာပါ။

“ကျွန်တော် နှစ်ကြိမ် ပွဲထွက်ခဲ့ရပြီးတော့ ကြံ့ခိုင်မှု အပြည့်ရှိနေတယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ဒီပုံစံကောင်းတွေကို ဆက်လက်ပြသနိုင်ဖို့ ကျွန်တော် ကြိုးစားသွားမှာပါ။ ရာသီက အစောကြီး ရှိပါသေးတယ်။ မန်နေဂျာမှကာ အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းရှိတယ်။ ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အခွင့်အရေး ရတိုင်း အကောင်းဆုံး ကြိုးစားဖို့ပါပဲ”လို့ ဂျုံးစ်က ဖွင့်ဟခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

မေန႔က ဘရန႔္ဖို႔ဒ္နဲ႔ ၃ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ အႏိုင္ ၃ မွတ္ကိုလက္လႊတ္ခဲ့ရတာအတြက္ စိတ္ပ်က္ရေၾကာင္းကို ကာတစ္ဂ်ံဳးက ဝန္ခံခဲ့ပါတယ္။

ဒီယိုဂို ဂ်ိဳတာနဲ႔ လီဗာပူးအတြက္ လိဂ္ဂိုး ၁၀၀ ျပည့္ခဲ့တဲ့ ဆာလာရဲ႕ သြင္းဂိုးေတြအၿပီး ဂ်ံဳးရဲ႕ သြင္းဂိုးဟာ ခဏတာ ဦးေဆာင္ခြင့္ ရေစခဲ့ေပမယ့္ ပြဲၿပီး အႏိုင္ဂိုးေတာ့ မျဖစ္ခဲ့ပါဘူး။ သူ႔ရဲ႕ ကန္ခ်က္က အနည္းငယ္ ေဘာလုံးလမ္းေၾကာင္းေျပာင္းခဲ့ကာ ဂိုးသမား ေဒးဗစ္ရာယာကို ေက်ာ္ျဖတ္ႏုိင္ခဲ့ျခင္းနဲ႔အတူ လီဗာပူးကို ၃-၂ ျဖင့္ ယာယီ ဦးေဆာင္ႏိုင္ေစခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ ကာတစ္ဂ်ဳံးစ္က “ကြၽန္ေတာ္ ေဘာလုံးရၿပီးေတာ့ အတြင္းထဲ ခ်ိဳးဝင္ခဲ့ၿပီး ေနရာလြတ္ ရွာေဖြခဲ့တယ္။ အဲ့ဒီ့ကေန ဂိုးေပါက္ကို ျမင္ခဲ့ရၿပီးေတာ့ ဒီအတိုင္းကန္သြင္းခဲ့တာပါ။ ေဘာလုံးက ကံေကာင္းစြာနဲ႔ ဂိုးေပါက္ထဲ ကြက္တိဝင္သြားတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အႏိုင္ ၃ မွတ္နဲ႔ ျပန္မလာႏိုင္ခဲ့တဲ့အတြက္ စိတ္ပ်က္မိပါတယ္။ ကြၽန္ေတာ္တို႔ ေနာက္ပြဲက်ရင္ ေသခ်ာေပါက္ ၃ မွတ္လုံး ရေအာင္ယူမွာပါ။

ကြၽန္ေတာ္တို႔ ဒီကို လာၿပီးေတာ့ ေကာင္းေကာင္းကစားခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ကလည္း အသင္းေကာင္းတစ္သင္းပါ။ ဒါေၾကာင့္ သေရရလဒ္က မွ်တတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူတို႔က အရမ္းေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ၿပီး ရင္ဆိုင္ကစားဖို႔ ခက္ခဲပါတယ္။ ဒါေၾကာင့္ ဘရန္႔ဖို႔ဒ္ကို ေလးစားပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ သိတဲ့အတိုင္း အသင္းအားလုံးက ေတာ္ၾကတယ္ဆိုေတာ့ ကစားရ ခက္ခဲပါတယ္။ ကိုယ္က ၁၀၀ ရာခိုင္ႏႈန္း အေကာင္းဆုံး အဆင့္အတန္းမွာ မရွိေနဘူးဆိုရင္ေတာ့ အျပစ္ေပးခံရမွာပဲ ” လို႔ ေျပာဆိုခဲ့တာပါ။

ဂ်ဳံးစ္ဟာ ဒီတစ္ပတ္ အေစာပိုင္း ကာရာေဘာင္းဖလားပြဲမွာ ေနာဝစ္ခ်္နဲ႔လည္း ရင္ဆိုင္ကစားခဲ့ၿပီးေတာ့ ဘရန႔္ဖို႔ဒ္နဲ႔ အေဝးကြင္းပြဲမွာ ဆက္လက္ၿပီး ပြဲထြက္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ကြင္းလယ္လူဟာ ရာသီအေစာပိုင္း ကာလေတြအတြင္း ပုံစံေကာင္းမွာ ရွိေနတယ္လို႔ ခံစားေနရၿပီး ကေလာ့ပ္အထင္ႀကီးေအာင္လုပ္ဖို႔ ရလာမယ့္ အခြင့္အေရးေတြကို ေကာင္းေကာင္းအသုံးခ်ဖို႔ စိတ္ပိုင္းျဖတ္ထားတာပါ။

“ကြၽန္ေတာ္ ႏွစ္ႀကိမ္ ပြဲထြက္ခဲ့ရၿပီးေတာ့ ႀကံ့ခိုင္မႈ အျပည့္ရွိေနတယ္လို႔ ခံစားခဲ့ရတယ္။ ဒါေၾကာင့္ ဒီပုံစံေကာင္းေတြကို ဆက္လက္ျပသႏိုင္ဖို႔ ကြၽန္ေတာ္ ႀကိဳးစားသြားမွာပါ။ ရာသီက အေစာႀကီး ရွိပါေသးတယ္။ မန္ေနဂ်ာမွကာ အင္အားေတာင့္တင္းတဲ့ အသင္းတစ္သင္းရွိတယ္။ ကြၽန္ေတာ္ လုပ္ႏိုင္တဲ့ တစ္ခုတည္းေသာအရာက အခြင့္အေရး ရတိုင္း အေကာင္းဆုံး ႀကိဳးစားဖို႔ပါပဲ”လို႔ ဂ်ဳံးစ္က ဖြင့္ဟခဲ့တာပဲ ျဖစ္ပါတယ္။