လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ မန်နေဂျာဘဝ နှစ်ပေါင်း ၂၀ အတွင်းမှာ သူ့အတွက် အမှတ်တရ ကိစ္စတွေကို အသင်းဖန်းဆိုဒ် TIA နဲ့ အင်တာဗျူးခဲ့ပါတယ်။ အဆိုပါထဲက မေးခွန်းတစ်ခုကို စတင် ဖော်ပြမှာဖြစ်ပါတယ်။

TIA – ယာဂင်ရေ..။ မင်းရဲ့ မန်နေဂျာဘဝ နှစ်ပေါင်း ၂၀ အတွင်းမှာ အခုချိန်ထိ အစိုင်အခဲဖြစ်နေပြီး မချေဖျက်နိုင်သေးတဲ့ ပွဲကောင်း တစ်ပွဲက ဘာပွဲဖြစ်မလဲ?

Klopp – ဒီမေးခွန်းက လွယ်ပါတယ်။ ဘာစီလိုနာနဲ့ပွဲပေါ့။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲ့ပွဲကို အန်ဖီးကွင်းရဲ့ မတူညီတဲ့ မြင့်ကွင်း ထောင့်ပေါင်းစုံကနေ ပြန်ကြည့်ဖို့ထိကို ငါနှစ်သက်ပါတယ်။

ငါတို့ ဗိုလ်လုပွဲတွေ ကစားခဲ့ပြီး ဗိုလ်လုပွဲတွေကို နိုင်ခဲ့တာက ကောင်းပါတယ်။ ဒေါ့မွန်နဲ့ ချန်ပီယံဖြစ်ခဲ့တာတွေ မိန့်ဇ်နဲ့ တန်းတက်ခဲ့တာတွေကလည်း သိပ်ကို ကြီးကျယ်တဲ့ ကိစ္စတွေပါပဲ။ မိန့်ဇ်နဲ့ တန်းတက်လာစေခဲ့တဲ့ ပွဲကတော့ ဘာစီလိုနာလိုပဲ နောက်ထပ် ပွဲကောင်းတစ်ပွဲပေါ့။ ဘာလို့လည်းဆိုတော့ အဲ့မတိုင်ခင် နှစ်နှစ်က ရမှတ် တစ်မှတ်၊ သွင်းဂိုး တစ်ဂိုးလေးနဲ့ တန်းတက်ခွင့် ကျရှုံးခဲ့တာပါ။

ဒါပေမယ့်လို့ ဘာစီလိုနာပွဲကတော့ လုံးဝကို သေချာပါတယ်။ လူတိုင်းတော့ အဲ့ပွဲကို နောက်တစ်ကြိမ် ပြန်မြင်လိုကြတော့မယ်လို့ မထင်ပါဘူး။ တကယ့်ကို ရှားပါးပါးပါ။ တကယ်ကို ခက်ခဲတဲ့ အခြေအနေမှာ သိပ်ကို ကောင်းခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကောင်လေးတွေက ဖြစ်အောင် လုပ်ခဲ့တယ်။ ဒီတော့ အဲ့ပွဲကတော့ အခုချိန်ထိ ပြန်မြင်ချင်နေသေးတဲ့ ပွဲတစ်ပွဲပါပဲ။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ မန္ေနဂ်ာဘဝ ႏွစ္ေပါင္း ၂၀ အတြင္းမွာ သူ႔အတြက္ အမွတ္တရ ကိစၥေတြကို အသင္းဖန္းဆိုဒ္ TIA နဲ႔ အင္တာဗ်ဴးခဲ့ပါတယ္။ အဆိုပါထဲက ေမးခြန္းတစ္ခုကို စတင္ ေဖာ္ျပမွာျဖစ္ပါတယ္။

TIA – ယာဂင္ေရ..။ မင္းရဲ႕ မန္ေနဂ်ာဘဝ ႏွစ္ေပါင္း ၂၀ အတြင္းမွာ အခုခ်ိန္ထိ အစိုင္အခဲျဖစ္ေနျပီး မေခ်ဖ်က္ႏုိင္ေသးတဲ့ ပြဲေကာင္း တစ္ပြဲက ဘာပြဲျဖစ္မလဲ?

Klopp – ဒီေမးခြန္းက လြယ္ပါတယ္။ ဘာစီလိုနာနဲ႔ပြဲေပါ့။ ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ အဲ့ပြဲကို အန္ဖီးကြင္းရဲ႕ မတူညီတဲ့ ျမင့္ကြင္း ေထာင့္ေပါင္းစံုကေန ျပန္ၾကည့္ဖို႔ထိကို ငါႏွစ္သက္ပါတယ္။

ငါတို႔ ဗိုလ္လုပြဲေတြ ကစားခဲ့ျပီး ဗိုလ္လုပြဲေတြကို ႏုိင္ခဲ့တာက ေကာင္းပါတယ္။ ေဒါ့မြန္နဲ႔ ခ်န္ပီယံျဖစ္ခဲ့တာေတြ မိန္႔ဇ္နဲ႔ တန္းတက္ခဲ့တာေတြကလည္း သိပ္ကို ၾကီးက်ယ္တဲ့ ကိစၥေတြပါပဲ။ မိန္႔ဇ္နဲ႔ တန္းတက္လာေစခဲ့တဲ့ ပြဲကေတာ့ ဘာစီလိုနာလိုပဲ ေနာက္ထပ္ ပြဲေကာင္းတစ္ပြဲေပါ့။ ဘာလို႔လည္းဆိုေတာ့ အဲ့မတိုင္ခင္ ႏွစ္ႏွစ္က ရမွတ္ တစ္မွတ္၊ သြင္းဂိုး တစ္ဂိုးေလးနဲ႔ တန္းတက္ခြင့္ က်ရွံဳးခဲ့တာပါ။

ဒါေပမယ့္လို႔ ဘာစီလိုနာပြဲကေတာ့ လံုးဝကို ေသခ်ာပါတယ္။ လူတိုင္းေတာ့ အဲ့ပြဲကို ေနာက္တစ္ၾကိမ္ ျပန္ျမင္လိုၾကေတာ့မယ္လို႔ မထင္ပါဘူး။ တကယ့္ကို ရွားပါးပါးပါ။ တကယ္ကို ခက္ခဲတဲ့ အေျခအေနမွာ သိပ္ကို ေကာင္းခဲ့တဲ့ ပြဲလည္း ျဖစ္ပါတယ္။ ေကာင္ေလးေတြက ျဖစ္ေအာင္ လုပ္ခဲ့တယ္။ ဒီေတာ့ အဲ့ပြဲကေတာ့ အခုခ်ိန္ထိ ျပန္ျမင္ခ်င္ေနေသးတဲ့ ပြဲတစ္ပြဲပါပဲ။