ယူနိုက်တက် ခံစစ်မှူးဟောင်းဖာဒီနန်က သူ့ရဲ့ ယူကျူ့ အစီအစဉ်မှာပဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဟာ ဆာလာ ဖြစ်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအတွက် ပါဝင် ပတ်သက်မှု အမြင့်ဆုံးသော ကစားသမားဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲ ကစားပြီးချိန်မှာ ကိုယ်တိုင် ၆ ဂိုးသွင်းကာ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ၃ ကြိမ် ဂိုးထောက်ပံ့ပေးထားနိုင်တာဖြစ်ပါတယ်။

ဆာလာနဲ့ ပတ်သက်ပြီး ဖာဒီနန်က ပြောရာမှာ ” ဆာလာရဲ့ ဂိုးတွေ သွင်းယူပြီး စွမ်းဆောင်ရည်ကောင်းတွေနဲ့ သူ့အသင်းကို ချန်ပီယံလိဂ်၊ အမှတ်ပေးဖလားတွေ အနိုင်ရရေးမှာ အစွမ်းကုန် ကြိုးစားပေးနေတာဖြစ်ပါတယ်။

သိပ်ကောင်းခဲ့ပါတယ်ဆိုတဲ့ ဆွာရက်ဇ်တောင်မှ ဆာလာ လုပ်သလို မလုပ်နိုင်ခဲ့ပါဘူး။ ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆိုတဲ့ အဆင့်မှာ ရှိနေပါပြီ။ အဲ့လို ပြောရတာအတွက် ပူလောင်ရပါတယ်။ လီဗာပူးကစားသမား တစ်ယောက်အကြောင်း အခုလို ပြောနေရတာကိုပဲ ကျနော်ရဲ့ ရင်တစ်ခုလုံး ပူလောင်ရပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆာလာဟာ ဒီရာသီ လီဗာပူးအသင်းအတွက် အထူး ခြေစွမ်းပြနေပြီး သူ့ရဲ့ နိုင်ပွဲနဲ့ သွင်းဂိုး ဆာလောင်စိတ်တွေဟာ ကလပ်ရဲ့ ဆုဖလား အောင်မြင်ရေးမှာ တွန်းအားတစ်ခု ဖြစ်လာစေဖို့ ပရိသတ်တွေဘက်က မျှော်လင့်လာတာ ဖြစ်ပါတယ်။

အမှတ်ပေးဖလားအတွက် ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ပွဲမှာ လက်ဖျားခါလောက်တဲ့ သွင်းဂိုးကို ရယူပေးခဲ့တဲ့ ဆာလာနဲ့ ပတ်သက်လို့ ဘီဘီစီမှ အစီအစဉ် တင်ဆက်သူ ဆက်တန်ကလည်း “ လက်ရှိ အနေအထားမှာ ဆာလာက မက်ဆီနဲ့ ရော်နယ်ဒိုထက် ပိုကောင်းပါတယ်” လို့ ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ခံစစ္မွဴးေဟာင္းဖာဒီနန္က သူ႔ရဲ႕ ယူက်ဴ႔ အစီအစဥ္မွာပဲ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားဟာ ဆာလာ ျဖစ္ပါတယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုးအတြက္ ပါဝင္ ပတ္သက္မႈ အျမင့္ဆံုးေသာ ကစားသမားျဖစ္တယ္။ သူဟာ ပရီးမီးယားလိဂ္ပြဲ ၇ ပြဲ ကစားျပီးခ်ိန္မွာ ကိုယ္တိုင္ ၆ ဂိုးသြင္းကာ အသင္းေဖာ္ေတြ ဂိုးသြင္းႏုိင္ဖို႔ ၃ ၾကိမ္ ဂိုးေထာက္ပံ့ေပးထားႏုိင္တာျဖစ္ပါတယ္။

ဆာလာနဲ႔ ပတ္သက္ျပီး ဖာဒီနန္က ေျပာရာမွာ ” ဆာလာရဲ႕ ဂိုးေတြ သြင္းယူျပီး စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ သူ႔အသင္းကို ခ်န္ပီယံလိဂ္၊ အမွတ္ေပးဖလားေတြ အႏုိင္ရေရးမွာ အစြမ္းကုန္ ၾကိဳးစားေပးေနတာျဖစ္ပါတယ္။

သိပ္ေကာင္းခဲ့ပါတယ္ဆိုတဲ့ ဆြာရက္ဇ္ေတာင္မွ ဆာလာ လုပ္သလို မလုပ္ႏုိင္ခဲ့ပါဘူး။ ဆာလာဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားဆိုတဲ့ အဆင့္မွာ ရွိေနပါျပီ။ အဲ့လို ေျပာရတာအတြက္ ပူေလာင္ရပါတယ္။ လီဗာပူးကစားသမား တစ္ေယာက္အေၾကာင္း အခုလို ေျပာေနရတာကိုပဲ က်ေနာ္ရဲ႕ ရင္တစ္ခုလံုး ပူေလာင္ရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဆာလာဟာ ဒီရာသီ လီဗာပူးအသင္းအတြက္ အထူး ေျခစြမ္းျပေနျပီး သူ႔ရဲ႕ ႏုိင္ပြဲနဲ႔ သြင္းဂိုး ဆာေလာင္စိတ္ေတြဟာ ကလပ္ရဲ႕ ဆုဖလား ေအာင္ျမင္ေရးမွာ တြန္းအားတစ္ခု ျဖစ္လာေစဖို႔ ပရိသတ္ေတြဘက္က ေမွ်ာ္လင့္လာတာ ျဖစ္ပါတယ္။

အမွတ္ေပးဖလားအတြက္ ေရပန္းအစားဆံုး အသင္းတစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔ပြဲမွာ လက္ဖ်ားခါေလာက္တဲ့ သြင္းဂိုးကို ရယူေပးခဲ့တဲ့ ဆာလာနဲ႔ ပတ္သက္လို႔ ဘီဘီစီမွ အစီအစဥ္ တင္ဆက္သူ ဆက္တန္ကလည္း “ လက္ရွိ အေနအထားမွာ ဆာလာက မက္ဆီနဲ႔ ေရာ္နယ္ဒိုထက္ ပိုေကာင္းပါတယ္” လို႔ ခ်ီးက်ဴးခဲ့ေသးတာ ျဖစ္ပါတယ္။