ချယ်ဆီး ခံစစ်မှုး ရူဒီဂါက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဗဟိုခံစစ်သမားလားလို့ ဒီအပတ် talkSPORT အစီအစဉ်မှာ ဆွေးနွေးကြရာ အင်္ဂလန် တိုက်စစ်မှုးဟောင်း ဒါရင်းဘန့်ကတော့ မထောက်ခံဘဲ ဗန်ဒိုက်ကသာ အကောင်းဆုံး ဖြစ်ဆဲ လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

” ဟာ.. (ရူဒီဂါက အကောင်းဆုံးဆိုတာ) ကျနော်တော့ သဘောမတူဘူးဗျာ။ အန်တိုနီယို ရူဒီဂါက ချယ်ဆီးအတွက် အရမ်း အရမ်းကို ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် သူက ဗာဂျေး ဗန်ဒိုက် လို လယ်ဗယ်တော့ မရောက်သေးဘူး။
ဗန်ဒိုက်က ဒီနိုင်ငံမှာ အကောင်းဆုံးပဲ။ သူက ဒီ စကြာဝဠာမှာတောင် အကောင်းဆုံး ဗျာ ကဲ။

လောလောဆယ်မှာ ဆိုရင်တောင် တနင်္ဂနွေနေ့က ဘာနာဒိုဆေးလ်ဗား သူ့ကို ကျော်ဖြတ်သွားတာ၊ သူ ဇောချွေးပြန်နေရတာ ကျနော်တွေ့ပေမယ့် ကျနော်ကတော့ ဗန်ဒိုက်က အကောင်းဆုံး ဖြစ်ဆဲပဲလို့ ထင်တယ်။

သူက အခုထိ လီဗာပူး ခံစစ်ကြောင်းကို စုစည်းပေးနိုင်ဆဲပဲ။ ကျနော် ပြောခဲ့သလိုပဲ။ ရူဒီဂါက ချယ်ဆီး အတွက် သိပ်ကောင်းပါတယ်။ သူက သီယေဂို ဆေးလ်ဗားထက် ကောင်းလား မကောင်းလားတော့ ကျနော် မပြောတတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူကလည်း ချယ်ဆီး ခံစစ်ကြောင်းမှာ တကယ့် ဇာတ်ညွှန်းဆရာပဲ။ ” လို့ ဘန့်က ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီကနေ ဒဏ်ရာ ပြန်သက်သာ ကောင်းမွန်ပြီးနောက် ပြန် အခြေကျ ပုံမှန်ဖြစ်ဖို့ အချိန်ယူနေရဆဲ ဖြစ်ပေမယ့် ၎င်းကသာ အကောင်းဆုံး ဖြစ်နေဆဲ ဖြစ်ကာ ရူဒီဂါနဲ့ ယှဉ်မရတဲ့ အဆင့် တစ်ခုမှာ ရှိနေဆဲ လို့ ဘန့်က ယုံကြည်နေတာ ဖြစ်ပါတယ်။

ဗန်ဒိုက်ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ခြေစွမ်း တည်ငြိမ်မှု နှစ်မျိုးလုံးက ရူဒီဂါထက် သာလွန်နေပြီး ဒီရာသီ နောက်ထပ် အဓိက ဆုဖလား နှစ်လုံးလောက်သာ လီဗာပူးနဲ့ အတူ ရယူနိုင်ရင် ဗန်ဒိုက်က ဒီမျိုးဆက်မှာ အကောင်းဆုံး ဆိုတဲ့ တံဆိပ်ကို ပို အခိုင်အမာ ယူထားနိုင်မှာပဲ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီး ခံစစ္မႈး ရူဒီဂါက ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး ဗဟိုခံစစ္သမားလားလို႔ ဒီအပတ္ talkSPORT အစီအစဥ္မွာ ေဆြးေႏြးၾကရာ အဂၤလန္ တိုက္စစ္မႈးေဟာင္း ဒါရင္းဘန္႕ကေတာ့ မေထာက္ခံဘဲ ဗန္ဒိုက္ကသာ အေကာင္းဆံုး ျဖစ္ဆဲ လို႔ သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။

” ဟာ.. (ရူဒီဂါက အေကာင္းဆံုးဆိုတာ) က်ေနာ္ေတာ့ သေဘာမတူဘူးဗ်ာ။ အန္တိုနီယို ရူဒီဂါက ခ်ယ္ဆီးအတြက္ အရမ္း အရမ္းကို ေကာင္းတဲ့ ကစားသမားပါ။ ဒါေပမယ့္ သူက ဗာေဂ်း ဗန္ဒိုက္ လို လယ္ဗယ္ေတာ့ မေရာက္ေသးဘူး။
ဗန္ဒိုက္က ဒီနိုင္ငံမွာ အေကာင္းဆံုးပဲ။ သူက ဒီ စၾကာ၀ဠာမွာေတာင္ အေကာင္းဆံုး ဗ်ာ ကဲ။

ေလာေလာဆယ္မွာ ဆိုရင္ေတာင္ တနဂၤေႏြေန႔က ဘာနာဒိုေဆးလ္ဗား သူ႔ကို ေက်ာ္ျဖတ္သြားတာ၊ သူ ေဇာေခၽြးျပန္ေနရတာ က်ေနာ္ေတြ႔ေပမယ့္ က်ေနာ္ကေတာ့ ဗန္ဒိုက္က အေကာင္းဆံုး ျဖစ္ဆဲပဲလို႔ ထင္တယ္။

သူက အခုထိ လီဗာပူး ခံစစ္ေၾကာင္းကို စုစည္းေပးနုိင္ဆဲပဲ။ က်ေနာ္ ေျပာခဲ့သလိုပဲ။ ရူဒီဂါက ခ်ယ္ဆီး အတြက္ သိပ္ေကာင္းပါတယ္။ သူက သီေယဂို ေဆးလ္ဗားထက္ ေကာင္းလား မေကာင္းလားေတာ့ က်ေနာ္ မေျပာတတ္ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူကလည္း ခ်ယ္ဆီး ခံစစ္ေၾကာင္းမွာ တကယ့္ ဇာတ္ညႊန္းဆရာပဲ။ ” လို႔ ဘန္႔က ေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္ဟာ ျပီးခဲ့တဲ့ရာသီကေန ဒဏ္ရာ ျပန္သက္သာ ေကာင္းမြန္ျပီးေနာက္ ျပန္ အေျခက် ပံုမွန္ျဖစ္ဖို႔ အခ်ိန္ယူေနရဆဲ ျဖစ္ေပမယ့္ ၄င္းကသာ အေကာင္းဆံုး ျဖစ္ေနဆဲ ျဖစ္ကာ ရူဒီဂါနဲ႕ ယွဥ္မရတဲ့ အဆင့္ တစ္ခုမွာ ရွိေနဆဲ လို႔ ဘန္႔က ယံုၾကည္ေနတာ ျဖစ္ပါတယ္။

ဗန္ဒိုက္ရဲ႕ ယံုၾကည္စိတ္ခ်ရမႈနဲ႕ ေျခစြမ္း တည္ျငိမ္မႈ နွစ္မ်ိဳးလံုးက ရူဒီဂါထက္ သာလြန္ေနျပီး ဒီရာသီ ေနာက္ထပ္ အဓိက ဆုဖလား နွစ္လံုးေလာက္သာ လီဗာပူးနဲ႕ အတူ ရယူနိုင္ရင္ ဗန္ဒိုက္က ဒီမ်ိဳးဆက္မွာ အေကာင္းဆံုး ဆိုတဲ့ တံဆိပ္ကို ပို အခိုင္အမာ ယူထားနိုင္မွာပဲ ျဖစ္ပါတယ္။