လီဗာပူး အသင်း မန်နေဂျာ ယာဂင်ကလော့ပ်ကို ဘောလုံးကစားတာကနေ အနားယူသွားတဲ့ ကစားသမားတွေထဲက ဘယ်သူ့ကိုများ နည်းပြလုပ်ပေးချင်သလဲ လို့ မေးမြန်းခံခဲ့ရရာ ကလော့ပ်ကတော့ မေးနေစရာတောင် မလိုဘူး ဆိုပြီး လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ်ကို ရွေးချယ်သွားပါတယ်။

ဂျရတ်နဲ့ ကလော့ပ်က ကစားသမားနဲ့ နည်းပြ အဖြစ် လီဗာပူးမှာ ဆုံခွင့် မရလိုက်ပြီး ဘရန်ဒန် ရော်ဂျာ လီဗာပူး နည်းပြ ဖြစ်နေစဉ်ကာလမှ ဂျရတ်က အသင်းကနေ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူသာ ဂျရတ်နဲ့ ဆုံခွင့်ရလိုက်ရင် ဆိုပြီး အခုလို ပြောဆိုခဲ့တာပါ။

” ဟာ ဒါကတော့ လွယ်လွယ်လေးပေါ့ဗျာ။ စတီဗင် ဂျရတ်ပေါ့။ တကယ့်ကို မယုံနိုင်စရာ ကစားသမားပါ။ ကျနော်နဲ့ စတိဗ်နဲ့သာ ဆိုရင်ဗျာ။ သူက ကွင်းထဲမှာ ကစား၊ ကျနော်က နည်းပြ ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲပဲ။ ဒါကြောင့် စတိဗ်ကိုသာ ရွေးမှာပါ။

လွန်ခဲ့တဲ့ ၆နှစ်က ဒီမေးခွန်း လာမေးရင် တခြား အဖြေ ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါပေမယ့် အခု ကျနော် ဒီမှာ ရှိနေပြီး သူ့ကို ကစားသမား တစ်ယောက် အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ရော သိသွားပြီးတဲ့နောက် အခုက လွယ်လွယ်လေး ဖြေလို့ရပြီ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

စတီဗင်ဂျရတ်က လီဗာပူးရဲ့ အသင်းသမိုင်းမှာ ဂရိတ် အကျဆုံး ကစားသမားတွေထဲ ပါဝင်သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ ခြေစွမ်း အကောင်းဆုံး အချိန်မှာ ကမ္ဘာ့ အကောင်းဆုံးလို့ မှတ်ယူခံရပြီး အခုထိလည်း ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်သမား တစ်ဦး အဖြစ် နာမည်ကောင်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

Zawgyi

လီဗာပူး အသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကို ေဘာလုံုးကစားတာကေန အနားယူသြားတဲ့ ကစားသမားေတြထဲက ဘယ္သူ႔ကိုမ်ား နည္းျပလုပ္ေပးခ်င္သလဲ လို႔ ေမးျမန္းခံခဲ့ရရာ ကေလာ့ပ္ကေတာ့ ေမးေနစရာေတာင္ မလိုဘူး ဆိုျပီး လီဗာပူး ဂႏၱ၀င္ စတီဗင္ ဂ်ရတ္ကို ေရြးခ်ယ္သြားပါတယ္။

ဂ်ရတ္နဲ႕ ကေလာ့ပ္က ကစားသမားနဲ႕ နည္းျပ အျဖစ္ လီဗာပူးမွာ ဆံုခြင့္ မရလိုက္ျပီး ဘရန္ဒန္ ေရာ္ဂ်ာ လီဗာပူး နည္းျပ ျဖစ္ေနစဥ္ကာလမွ ဂ်ရတ္က အသင္းကေန ထြက္ခြာသြားခဲ့ရတာ ျဖစ္ပါတယ္။ ကေလာ့ပ္ကေတာ့ သူသာ ဂ်ရတ္နဲ႕ ဆံုခြင့္ရလိုက္ရင္ ဆိုျပီး အခုလို ေျပာဆိုခဲ့တာပါ။

” ဟာ ဒါကေတာ့ လြယ္လြယ္ေလးေပါ့ဗ်ာ။ စတီဗင္ ဂ်ရတ္ေပါ့။ တကယ့္ကို မယံုနိုင္စရာ ကစားသမားပါ။ က်ေနာ္နဲ႕ စတိဗ္နဲ႕သာ ဆိုရင္ဗ်ာ။ သူက ကြင္းထဲမွာ ကစား၊ က်ေနာ္က နည္းျပ ဆိုရင္ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲပဲ။ ဒါေၾကာင့္ စတိဗ္ကိုသာ ေရြးမွာပါ။

လြန္ခဲ့တဲ့ ၆နွစ္က ဒီေမးခြန္း လာေမးရင္ တျခား အေျဖ ျဖစ္ခ်င္ ျဖစ္မွာေပါ့။ ဒါေပမယ့္ အခု က်ေနာ္ ဒီမွာ ရွိေနျပီး သူ႔ကို ကစားသမား တစ္ေယာက္ အေနနဲ႕ေရာ လူပုဂၢိဳလ္တစ္ေယာက္ အေနနဲ႕ေရာ သိသြားျပီးတဲ့ေနာက္ အခုက လြယ္လြယ္ေလး ေျဖလို႔ရျပီ။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

စတီဗင္ဂ်ရတ္က လီဗာပူးရဲ႕ အသင္းသမိုင္းမွာ ဂရိတ္ အက်ဆံုး ကစားသမားေတြထဲ ပါ၀င္သူ တစ္ဦး ျဖစ္ပါတယ္။ သူ႔ ေျခစြမ္း အေကာင္းဆံုး အခ်ိန္မွာ ကမၻာ့ အေကာင္းဆံုးလို႔ မွတ္ယူခံရျပီး အခုထိလည္း ကမၻာ့ အေကာင္းဆံုး ကြင္းလယ္သမား တစ္ဦး အျဖစ္ နာမည္ေကာင္း က်န္ရွိေနဆဲ ျဖစ္ပါတယ္။