ဒီကနေ့ရဲ့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြလာတဲ့ လီဗာပူးအသင်းဆိုင်ရာ သတင်းတွေကို သတင်းတိုးတွေအဖြစ် ပြန်လည် ဖော်ပြသွားပါမယ်။

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးနေရာအတွက် အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေပြီး ပရီးမီးယားလိဂ် တိုက်စစ်သမားတွေဖြစ်တဲ့ ကာဗာနီ၊ စတာလင်နည်းတူ လီဗာပူးမှ အိုရီဂီကလည်း ၎င်းတို့ ပစ်မှတ်စာရင်းထဲ ပါဝင်နေပါတယ်။ (Sport)

လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား အဆန်စီယိုကို ခေါ်ယူရေးကို ပြန်လည် စိတ်ဝင်စားလာနေပါတယ်။ စပိန်သား တိုက်စစ်သမားဟာ ဘာနေဗျူးမှာ သူ့ရဲ့ အနေအထားကို ဘဝင်မကျဖြစ်နေတယ်လို့ သိရပါတယ်။ (Daily Mirror)

၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်မယ့် စာချုပ်ကိစ္စကို သက်တမ်းတိုးရေးကိစ္စ အောင်မြင်ခဲ့မယ်ဆိုရင် ဆာလာဟာ ဗန်ဒိုက် ရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ ကို ကျော်ပြီး လီဗာပူးအသင်းရဲ့ လုပ်ခ အများဆုံးရ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။ (Daily Express)

အေစီမီလန် ကွင်းလယ်လူ ကက်ဆီဟာ ဇန်နဝါရီမှာ အလွတ်ပြောင်းရွှေ့ကြေး ကိစ္စအတွက် စတင် စီစဉ်နိုင်တော့မှာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူး၊ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားမှုတွေ ပြသထားပါတယ်။ (Daily Express)

ပရီးမီးယားလိဂ် ဂန္တဝင်ကြီး အီရန်ရိုက်က “ ဒီအခြေအနေမှာ ကျနော်အတွက်တော့ ဆာလာက ကစားသမားဘဝ အကောင်းဆုံး ပုံစံမှာရှိနေလို့ သူကပဲ ဥရောပရဲ့ အကောင်းဆုံး ကစားသမားလို မြင်ပါတယ် ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ (Kelly and Wrighty Show)

အတ်ဒရီယန်က ” လီဗာပူးမှာ ပွဲထွက်ခွင့်အတွက် ဆက်ပြီး ယှဉ်ပြိုင်သွားမှာပါ။ ယှဉ်ပြိုင်မှုတွေက ပိုမို ခက်ခဲလာပေမယ့်လို့ စိန်ခေါ်မှုတွေကို ကျနော် နှစ်သက်ပပါတယ်။ ကျနော် ဆက်ပြီး ကြိုးစားနေမှာပါ။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကိုတော့ ကြည့်ကြတာပေါ့ ” လို့ ပြောပါတယ်။ (Liverpool Echo)

ဘာစီလိုနာဟာ ကော်တင်ညိုအတွက် လီဗာပူးကို ပေးရမယ့် ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းထဲက ပေါင် ၁၁ သန်းကို အခုထိ မပေးရသေးပါဘူး။ ဒါပေမယ့်လို့ အဆိုပါ ပြောင်းရွှေ့ကြေးကို ကြားခ တတိယအဖွဲ့က မရခြင်းဖြစ်ပြီး လီဗာပူးဘက်ကတော့ အကုန်အစင် ရထားခဲ့ပြီး ဖြစ်ပါတယ်။ (Daily Mirror)

ZAWGYI

ဒီကေန႔ရဲ႕ ျဗိတိန္သတင္းဌာနေတြက ေဖာ္ျပလာတဲ့ လီဗာပူးအသင္းဆိုင္ရာ သတင္းေတြကို သတင္းတိုးေတြအျဖစ္ ျပန္လည္ ေဖာ္ျပသြားပါမယ္။

ဘာစီလိုနာအသင္းဟာ တိုက္စစ္မွဴးေနရာအတြက္ အစားထိုးဖို႔ ကစားသမားသစ္ ရွာေဖြေနျပီး ပရီးမီးယားလိဂ္ တိုက္စစ္သမားေတြျဖစ္တဲ့ ကာဗာနီ၊ စတာလင္နည္းတူ လီဗာပူးမွ အိုရီဂီကလည္း ၄င္းတို႔ ပစ္မွတ္စာရင္းထဲ ပါဝင္ေနပါတယ္။ (Sport)

လီဗာပူးအသင္းဟာ ရီးရဲလ္မက္ဒရစ္ တိုက္စစ္သမား အဆန္စီယိုကို ေခၚယူေရးကို ျပန္လည္ စိတ္ဝင္စားလာေနပါတယ္။ စပိန္သား တိုက္စစ္သမားဟာ ဘာေနဗ်ဴးမွာ သူ႔ရဲ႕ အေနအထားကို ဘဝင္မက်ျဖစ္ေနတယ္လို႔ သိရပါတယ္။ (Daily Mirror)

၂၀၂၃ ခုႏွစ္မွာ သက္တမ္းကုန္မယ့္ စာခ်ဳပ္ကိစၥကို သက္တမ္းတိုးေရးကိစၥ ေအာင္ျမင္ခဲ့မယ္ဆိုရင္ ဆာလာဟာ ဗန္ဒိုက္ ရေနတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၂၂၀၀၀၀ ကို ေက်ာ္ျပီး လီဗာပူးအသင္းရဲ႕ လုပ္ခ အမ်ားဆံုးရ ကစားသမားျဖစ္လာဖို႔ ရွိေနပါတယ္။ (Daily Express)

ေအစီမီလန္ ကြင္းလယ္လူ ကက္ဆီဟာ ဇန္နဝါရီမွာ အလြတ္ေျပာင္းေရႊ႔ေၾကး ကိစၥအတြက္ စတင္ စီစဥ္ႏုိင္ေတာ့မွာျဖစ္ပါတယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူး၊ ယူႏုိက္တက္နဲ႔ ပီအက္စ္ဂ်ီတို႔က စိတ္ဝင္စားမႈေတြ ျပသထားပါတယ္။ (Daily Express)

ပရီးမီးယားလိဂ္ ဂႏၱဝင္ၾကီး အီရန္ရိုက္က “ ဒီအေျခအေနမွာ က်ေနာ္အတြက္ေတာ့ ဆာလာက ကစားသမားဘဝ အေကာင္းဆံုး ပံုစံမွာရွိေနလို႔ သူကပဲ ဥေရာပရဲ႕ အေကာင္းဆံုး ကစားသမားလုိ ျမင္ပါတယ္ ” ဆိုျပီး မွတ္ခ်က္ေပးခဲ့ပါတယ္။ (Kelly and Wrighty Show)

အတ္ဒရီယန္က ” လီဗာပူးမွာ ပြဲထြက္ခြင့္အတြက္ ဆက္ျပီး ယွဥ္ျပိဳင္သြားမွာပါ။ ယွဥ္ျပိဳင္မႈေတြက ပိုမို ခက္ခဲလာေပမယ့္လို႔ စိန္ေခၚမႈေတြကို က်ေနာ္ ႏွစ္သက္ပပါတယ္။ က်ေနာ္ ဆက္ျပီး ၾကိဳးစားေနမွာပါ။ အနာဂတ္မွာ ဘာျဖစ္လာမယ္ဆိုတာကိုေတာ့ ၾကည့္ၾကတာေပါ့ ” လို႔ ေျပာပါတယ္။ (Liverpool Echo)

ဘာစီလိုနာဟာ ေကာ္တင္ညိဳအတြက္ လီဗာပူးကို ေပးရမယ့္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၄၂ သန္းထဲက ေပါင္ ၁၁ သန္းကို အခုထိ မေပးရေသးပါဘူး။ ဒါေပမယ့္လို႔ အဆိုပါ ေျပာင္းေရႊ႔ေၾကးကို ၾကားခ တတိယအဖြဲ႔က မရျခင္းျဖစ္ျပီး လီဗာပူးဘက္ကေတာ့ အကုန္အစင္ ရထားခဲ့ျပီး ျဖစ္ပါတယ္။ (Daily Mirror)