ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းဟာ ပိုင်ရှင် အပြောင်းအလဲ ဖြစ်လာခဲ့ပြီဖြစ်ကာ ဆော်ဒီရင်းနှီးမြုပ်နှံမှု အဖွဲ့က ပိုင်ရှင်ဟောင်း အက်ရှလေထံကနေ ပေါင် ၃၀၅ သန်းဖြင့် လက်လွဲယူခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာကြောင့် ရည်ရွယ်ချက်ကြီးတွေ ရှိနေတဲ့ နယူးကာဆယ်ဘက်က မကြာခင်မှာ မန်နေဂျာ အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ သတင်းကြီးနေတယ်။ လက်ရှိ မန်နေဂျာ စတိဘရုဂျ်ကို ရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် အစားထိုးဖို့ ရေပန်းအစားဆုံး မန်နေဂျာတွေထဲ စတီဗင်ဂျရတ် ပါဝင်လာပါတယ်။

နယူးကာဆယ်ရဲ့ ဦးစားပေး မန်နေဂျာက လက်စတာအသင်းမှ ဘရန်ဒန်ရော်ဂျာ ဖြစ်တယ်လို့ သိရတယ်။ ဒါပေမယ့်လို့ ရာသီဝက်မှာတင် ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်မှ ရော်ဂျာကို ခေါ်ယူရေးက ဖြစ်လာနိုင်ဖွယ် မရှိခြင်းကြောင့် စတီဗင်ဂျရတ်ဘက် ဦးလှည့်နိုင်တယ်လို့ သိရတာဖြစ်တယ်။

စတိဗ်ဘရုဂျ်နေရာ အစားထိုးဖို့ လမ်းပတ်၊ ဟိုဝီ၊ ကွန်တီ၊ မန်ချီနီ၊ ဇီဒန်း အစရှိတဲ့ မန်နေဂျာတွေကိုလည်း ချိတ်ဆက်နိုင်ကြောင်း သတင်းတွေ ထွက်နေပေမယ့် အင်္ဂလန် ဘွန်ကီတွေကတော့ စတီဗင်ဂျရတ်ကို အစားထိုးဖို့က အဖြစ်နိုင်ဆုံးအဖြစ် ပေါက်ကြေး ဖွင့်ထားခဲ့ပြီဖြစ်ပါတယ်။

ဗြိတိန် အထင်ကရ သတင်းဌာနကြီးဖြစ်တဲ့ တယ်လီဂရပ်ကတော့ ဂျရတ်နဲ့ လမ်းပတ် နှစ်ဦးထဲက တစ်ဦးဟာ နယူးကာဆယ် မန်နေဂျာရာထူးကို ဆက်ခံဖွယ်ရှိတယ်လို့ ဖော်ပြနေတယ်။ လမ်းပတ်ဟာ ချယ်ဆီးအသင်းကို ကိုင်တွယ်ဖူးကာ မနှစ်ကဘောလုံးရာသီ ရာသီဝက်ကမှ ရာထူးကနေ ထုတ်ပယ်ခံထားရသူ ဖြစ်ပါတယ်။

စတီဗင်ဟာ ၂၀၁၈ မှာ မန်နေဂျာလောကကို ပထမဆုံး ခြေချမှုအဖြစ် စကော်တလန်ကလပ် ရိန်းဂျားအသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ဆယ်စုနှစ်အတွင်း ပထမဆုံးအဖြစ် စကော်တလန်အမှတ်ပေးဖလားကို ကိုင်မြောက်နိုင်အောင် ကြိုးစားပေးနိုင်ခဲ့သူဖြစ်တယ်။

အင်္ဂလန်ရဲ့ အလားအလာအရှိဆုံး မန်နေဂျာတွေထဲက တစ်ဦးလို့ ချီးကျူးမှုတွေ ရထားခဲ့တဲ့ ဂျရတ်ဟာ စကော်ကလပ်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေသူလည်း ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္အသင္းဟာ ပိုင္ရွင္ အေျပာင္းအလဲ ျဖစ္လာခဲ့ျပီျဖစ္ကာ ေဆာ္ဒီရင္းႏွီးျမဳပ္ႏွံမႈ အဖြဲ႔က ပိုင္ရွင္ေဟာင္း အက္ရွေလထံကေန ေပါင္ ၃၀၅ သန္းျဖင့္ လက္လြဲယူခဲ့ျပီျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္ အဆင့္ ၁၉ ေနရာမွာ ရပ္တည္ေနတာေၾကာင့္ ရည္ရြယ္ခ်က္ၾကီးေတြ ရွိေနတဲ့ နယူးကာဆယ္ဘက္က မၾကာခင္မွာ မန္ေနဂ်ာ အေျပာင္းအလဲ ျပဳလုပ္သြားမယ္လို႔ သတင္းၾကီးေနတယ္။ လက္ရွိ မန္ေနဂ်ာ စတိဘရုဂ်္ကို ရာထူးကေန ထုတ္ပယ္မယ္ဆိုရင္ အစားထိုးဖို႔ ေရပန္းအစားဆံုး မန္ေနဂ်ာေတြထဲ စတီဗင္ဂ်ရတ္ ပါဝင္လာပါတယ္။

နယူးကာဆယ္ရဲ႕ ဦးစားေပး မန္ေနဂ်ာက လက္စတာအသင္းမွ ဘရန္ဒန္ေရာ္ဂ်ာ ျဖစ္တယ္လို႔ သိရတယ္။ ဒါေပမယ့္လို႔ ရာသီဝက္မွာတင္ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ကလပ္မွ ေရာ္ဂ်ာကို ေခၚယူေရးက ျဖစ္လာႏုိင္ဖြယ္ မရွိျခင္းေၾကာင့္ စတီဗင္ဂ်ရတ္ဘက္ ဦးလွည့္ႏုိင္တယ္လို႔ သိရတာျဖစ္တယ္။

စတိဗ္ဘရုဂ်္ေနရာ အစားထိုးဖို႔ လမ္းပတ္၊ ဟိုဝီ၊ ကြန္တီ၊ မန္ခ်ီနီ၊ ဇီဒန္း အစရွိတဲ့ မန္ေနဂ်ာေတြကိုလည္း ခ်ိတ္ဆက္ႏုိင္ေၾကာင္း သတင္းေတြ ထြက္ေနေပမယ့္ အဂၤလန္ ဘြန္ကီေတြကေတာ့ စတီဗင္ဂ်ရတ္ကို အစားထိုးဖို႔က အျဖစ္ႏုိင္ဆံုးအျဖစ္ ေပါက္ေၾကး ဖြင့္ထားခဲ့ျပီျဖစ္ပါတယ္။

ျဗိတိန္ အထင္ကရ သတင္းဌာနၾကီးျဖစ္တ့ဲ တယ္လီဂရပ္ကေတာ့ ဂ်ရတ္နဲ႔ လမ္းပတ္ ႏွစ္ဦးထဲက တစ္ဦးဟာ နယူးကာဆယ္ မန္ေနဂ်ာရာထူးကို ဆက္ခံဖြယ္ရွိတယ္လို႔ ေဖာ္ျပေနတယ္။ လမ္းပတ္ဟာ ခ်ယ္ဆီးအသင္းကို ကိုင္တြယ္ဖူးကာ မႏွစ္ကေဘာလံုးရာသီ ရာသီဝက္ကမွ ရာထူးကေန ထုတ္ပယ္ခံထားရသူ ျဖစ္ပါတယ္။

စတီဗင္ဟာ ၂၀၁၈ မွာ မန္ေနဂ်ာေလာကကို ပထမဆံုး ေျခခ်မႈအျဖစ္ စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းကို စတင္ ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ မႏွစ္ကရာသီမွာ ဆယ္စုႏွစ္အတြင္း ပထမဆံုးအျဖစ္ စေကာ္တလန္အမွတ္ေပးဖလားကို ကိုင္ေျမာက္ႏုိင္ေအာင္ ၾကိဳးစားေပးႏုိင္ခဲ့သူျဖစ္တယ္။

အဂၤလန္ရဲ႕ အလားအလာအရွိဆံုး မန္ေနဂ်ာေတြထဲက တစ္ဦးလို႔ ခ်ီးက်ဴးမႈေတြ ရထားခဲ့တဲ့ ဂ်ရတ္ဟာ စေကာ္ကလပ္နဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနသူလည္း ျဖစ္ပါတယ္။