အောက်တိုဘာ နိုင်ငံတကာသီတင်းအပြီး ပြန်လည် ယှဉ်ပြိုင်ကစားရမယ့် ဝတ်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားဖို့ မသေချာတဲ့ လီဗာပူးအသင်းသားတွေက (၇) ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးမန်နေဂျာက လက်ရွေးစင်ပွဲ ၃ ပွဲ မပြီးမချင်း အသင်းသားတွေကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြောခဲ့တာကြောင့် အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ကတော့ ဝတ်ဖိုဒ့်ပွဲကို သေချာပေါက် လွဲချော်မှာပါ။

ဗြိတိန်ရဲ့ အနီရောင့်အဆင့် သတ်မှတ်ချက် နိုင်ငံတွေထဲမှာ ဘရာဇီးကို ဖယ်ထုတ်လိုက်ပေမယ့်လို့ ကိုလံဘီယာ ပါဝင်နေဆဲဖြစ်လို့ လက်ရွေးစင်အဆင့်မှာ ကိုလံဘီယာထံ သွားရောက် ယှဉ်ပြိုင်ရမယ့် အယ်လီဆန်နဲ့ ဖာဘင်ညိုတို့က အင်္ဂလန်ကို ပြန်လာခဲ့ရင် ၁၀ ရက် ကွာရန်တင်း ဝင်ရဦးမှာဖြစ်ပါတယ်။

သီယာဂိုရဲ့ အခြေအနေကတော့ အခုချိန်ထိ မသေချာသေးသလို ထရန့် ပြန်ကစားနိုင်နေပြီးလားကလည်း မသိရသေးပါဘူး။ အယ်လီးယော့ကတော့ ပြန်လည် ထူးထောင်ရေး ကိစ္စတွေကို စတင်ထားပေမယ့် ၂၀၂၂ မကျော်ခင်ထိ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

အင်္ဂလန်ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံထားရတဲ့ ကာတစ်ဂျုံးကလည်း အသေးစား ဒဏ်ရာကြောင့် အန်ဒိုရာနဲ့ပွဲကို လွဲမှာဖြစ်တယ်။ ပေါင်ခြံ ဧရိယာမှာ ဒဏ်ရာရခဲ့တာလို့ သိရပြီး စွန့်စားမှုတွေ မလုပ်လိုတာကြောင့် အနားပေးထားတာလို့ ယူ-၂၁ မန်နေဂျာက ပြောပါတယ်။

ဒါ့အပြင် ပေါ်တူဂီနဲ့ သွားရောက် ပူးပေါင်းနေတဲ့ ဂျိုတာကလည်း လေ့ကျင့်ရေး အခုချိန်ထိ မဆင်းနိုင်ဖြစ်နေပါတယ်။ လေ့ကျင့်ရေးက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂျိုတာဟာ ကြွက်သားဒဏ်ရာကြောင့် အသင်းလိုက် လေ့ကျင့်မှုတွေမှာ ပါဝင်ဖို့ အဆင်မပြေသလို ပေါ်တူဂီရဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ဖွယ် မရှိဘူးလို့ သိရပါတယ်။

ZAWGYI

ေအာက္တိုဘာ ႏုိင္ငံတကာသီတင္းအျပီး ျပန္လည္ ယွဥ္ျပိဳင္ကစားရမယ့္ ဝတ္ဖိုဒ့္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္ကစားဖို႔ မေသခ်ာတဲ့ လီဗာပူးအသင္းသားေတြက (၇) ဦးထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။

ဘရာဇီးမန္ေနဂ်ာက လက္ေရြးစင္ပြဲ ၃ ပြဲ မျပီးမခ်င္း အသင္းသားေတြကို ျပန္လႊတ္ေပးမွာ မဟုတ္ဘူးလို႔ ထုတ္ေျပာခဲ့တာေၾကာင့္ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ကေတာ့ ဝတ္ဖိုဒ့္ပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္မွာပါ။

ျဗိတိန္ရဲ႕ အနီေရာင့္အဆင့္ သတ္မွတ္ခ်က္ ႏုိင္ငံေတြထဲမွာ ဘရာဇီးကို ဖယ္ထုတ္လိုက္ေပမယ့္လို႔ ကိုလံဘီယာ ပါဝင္ေနဆဲျဖစ္လို႔ လက္ေရြးစင္အဆင့္မွာ ကိုလံဘီယာထံ သြားေရာက္ ယွဥ္ျပိဳင္ရမယ့္ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔က အဂၤလန္ကို ျပန္လာခဲ့ရင္ ၁၀ ရက္ ကြာရန္တင္း ဝင္ရဦးမွာျဖစ္ပါတယ္။

သီယာဂိုရဲ႕ အေျခအေနကေတာ့ အခုခ်ိန္ထိ မေသခ်ာေသးသလို ထရန္႔ ျပန္ကစားႏုိင္ေနျပီးလားကလည္း မသိရေသးပါဘူး။ အယ္လီးေယာ့ကေတာ့ ျပန္လည္ ထူးေထာင္ေရး ကိစၥေတြကို စတင္ထားေပမယ့္ ၂၀၂၂ မေက်ာ္ခင္ထိ ကစားႏုိင္ဦးမွာ မဟုတ္ပါဘူး။

အဂၤလန္ယူ-၂၁ အသင္းအတြက္ ေရြးခ်ယ္ခံထားရတဲ့ ကာတစ္ဂ်ံဳးကလည္း အေသးစား ဒဏ္ရာေၾကာင့္ အန္ဒိုရာနဲ႔ပြဲကို လြဲမွာျဖစ္တယ္။ ေပါင္ျခံ ဧရိယာမွာ ဒဏ္ရာရခဲ့တာလို႔ သိရျပီး စြန္႔စားမႈေတြ မလုပ္လိုတာေၾကာင့္ အနားေပးထားတာလို႔ ယူ-၂၁ မန္ေနဂ်ာက ေျပာပါတယ္။

ဒါ့အျပင္ ေပၚတူဂီနဲ႔ သြားေရာက္ ပူးေပါင္းေနတဲ့ ဂ်ိဳတာကလည္း ေလ့က်င့္ေရး အခုခ်ိန္ထိ မဆင္းႏုိင္ျဖစ္ေနပါတယ္။ ေလ့က်င့္ေရးက ထြက္ေပၚလာတဲ့ သတင္းေတြအရ ဂ်ိဳတာဟာ ၾကြက္သားဒဏ္ရာေၾကာင့္ အသင္းလိုက္ ေလ့က်င့္မႈေတြမွာ ပါဝင္ဖို႔ အဆင္မေျပသလို ေပၚတူဂီရဲ႕ ခ်စ္ၾကည္ေရးပြဲမွာ ပါဝင္ဖြယ္ မရွိဘူးလို႔ သိရပါတယ္။