လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဒီရာသီ အသင်းမှာ တောက်ပလာတဲ့ ကာတစ်ဂျုံးနဲ့ ပတ်သက်လို့ သူအမြင်ကို ပြောရာမှာ ‘အတော်လေး သဘောကျပါတယ်’ လို့ ဖြေပါတယ်။

ဒီရာသီမှာ လီဗာပူးအတွက် စီနီယာပွဲကစားခွင့် ပွဲပေါင်း ၅၀ ပြည့်သွားတဲ့ ဂျုံးဟာ အခြားသော လူငယ်တွေလို တောက်လျှောက် ပွဲကစားမှုတွေဖြင့် တောက်ပလာသူ မဟုတ်ပါဘူး။ လူစားဝင် ကစားသမားအဖြစ် (သို့) ပွဲငယ်တွေမှာ ပါဝင်ကစားရမှုတွေဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အဆင့်မြင့်တန်း လိဂ်ရဲ့ စိန်ခေါ်မှုတွေကို ထိတွေ့ခွင့်ရလာသူဖြစ်တယ်။

ဂျုံးဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်သူဖြစ်ပြီး ပေါ်တိုကို ၅-၁ ဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲဟာ အနီရောင်ဂျာစီ ဝတ်ဆင်ပြီး သူရဲ့ အတောက်ပဆုံး ခြေစွမ်းကို မြင်ခွင့်ရတဲ့ ပွဲကောင်းဖြစ်ခဲ့ပါတယ်။

လူငယ် ကွင်းလယ်လူနဲ့ ပတ်သက်ပြီး ဗန်ဒိုက်က သူ့အမြင်ကို ပြောဆိုရာမှာတော့

” ကံမကောင်းစွာဘဲ ဟာဗေးက ဒဏ်ရာရသွားခဲ့တယ်။ သူ ဘယ်လောက်ထိ ကောင်းကောင်း လုပ်နေလဲဆိုတာကို အားလုံးလည်း သိပါတယ်။ ဟာဗေးက သူ့ကို ကျော်ပြီး နေရာရနေတာကို မြင်ရတာက ဂျုံးအတွက်လည်း နည်းနည်းတော့ ခက်ခဲခဲ့တာပေါ့။ သူကလည်း ပွဲကစားလိုပေမယ့် ဟာဗေးက သိပ်ကောင်းနေခဲ့တာလေ။ အခုတော့ ဂျုံးကလည်း အခွင့်အရေး ရလာခဲ့ပါပြီ။

ဒီအခြေအနေမှာ ကျနေ်ာတို့ ကွင်းလယ်လကို ကြည့်မယ်ဆိုရင် နာဘီကလည်း ကောင်းကောင်းလုပ်နေတယ်။ ချိန်ဘာလိန်လည်း လုပ်နေပါတယ်။ ဒီတော့ ကွင်းလယ်ပိုင်းမှာ ပါဝင်ကစားရဖို့က မလွယ်ပါဘူး။ ကုန်ခဲ့တဲ့ နှစ်ပွဲလောက်မှာ ကာတစ်ဂျုံးက အကောင်းဆုံး ကြိုးစားခဲ့ပြီး သူ့ရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တယ်။

ဗန်ဒိုက်က လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ ဆက်ပြောခဲ့တာက ” ဂျုံးက ငယ်ပါသေးတယ်။ သူက ဆက်ပြီး ကြိုးစားနေတယ်။ သူ့အတွက် အခုမှ အစပဲ ရှိသေးပြီး ဆက်ပြီး စွမ်းဆောင်ပြနေဖို့ လိုပါတယ်။

ဘောလုံးမှာ အခက်ခဲဆုံး အပိုင်းကတော့ ခြေစွမ်းပိုင်း တသမတ်တည်း ရှိနေဖို့ပါပဲ။ အဲ့တာကပဲ ကာတစ်ဂျုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်ထိတော့ သူ ကောင်းနေပါတယ် ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ဒီရာသီ အသင္းမွာ ေတာက္ပလာတဲ့ ကာတစ္ဂ်ံဳးနဲ႔ ပတ္သက္လို႔ သူအျမင္ကို ေျပာရာမွာ ‘အေတာ္ေလး သေဘာက်ပါတယ္’ လို႔ ေျဖပါတယ္။

ဒီရာသီမွာ လီဗာပူးအတြက္ စီနီယာပြဲကစားခြင့္ ပြဲေပါင္း ၅၀ ျပည့္သြားတဲ့ ဂ်ံဳးဟာ အျခားေသာ လူငယ္ေတြလို ေတာက္ေလွ်ာက္ ပြဲကစားမႈေတြျဖင့္ ေတာက္ပလာသူ မဟုတ္ပါဘူး။ လူစားဝင္ ကစားသမားအျဖစ္ (သို႔) ပြဲငယ္ေတြမွာ ပါဝင္ကစားရမႈေတြျဖင့္ ျပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ အဆင့္ျမင့္တန္း လိဂ္ရဲ႕ စိန္ေခၚမႈေတြကို ထိေတြ႔ခြင့္ရလာသူျဖစ္တယ္။

ဂ်ံဳးဟာ ရုပ္ပိုင္းဆိုင္ရာ ေကာင္းမြန္သူျဖစ္ျပီး ေပၚတိုကို ၅-၁ ျဖင့္ အႏုိင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲဟာ အနီေရာင္ဂ်ာစီ ဝတ္ဆင္ျပီး သူရဲ႕ အေတာက္ပဆံုး ေျခစြမ္းကို ျမင္ခြင့္ရတဲ့ ပြဲေကာင္းျဖစ္ခဲ့ပါတယ္။

လူငယ္ ကြင္းလယ္လူနဲ႔ ပတ္သက္ျပီး ဗန္ဒိုက္က သူ႔အျမင္ကို ေျပာဆိုရာမွာေတာ့

” ကံမေကာင္းစြာဘဲ ဟာေဗးက ဒဏ္ရာရသြားခ့ဲတယ္။ သူ ဘယ္ေလာက္ထိ ေကာင္းေကာင္း လုပ္ေနလဲဆိုတာကို အားလံုးလည္း သိပါတယ္။ ဟာေဗးက သူ႔ကို ေက်ာ္ျပီး ေနရာရေနတာကို ျမင္ရတာက ဂ်ံဳးအတြက္လည္း နည္းနည္းေတာ့ ခက္ခဲခဲ့တာေပါ့။ သူကလည္း ပြဲကစားလိုေပမယ့္ ဟာေဗးက သိပ္ေကာင္းေနခဲ့တာေလ။ အခုေတာ့ ဂ်ံဳးကလည္း အခြင့္အေရး ရလာခဲ့ပါျပီ။

ဒီအေျခအေနမွာ က်ေန္ာတို႔ ကြင္းလယ္လကို ၾကည့္မယ္ဆိုရင္ နာဘီကလည္း ေကာင္းေကာင္းလုပ္ေနတယ္။ ခ်ိန္ဘာလိန္လည္း လုပ္ေနပါတယ္။ ဒီေတာ့ ကြင္းလယ္ပိုင္းမွာ ပါဝင္ကစားရဖို႔က မလြယ္ပါဘူး။ ကုန္ခဲ့တဲ့ ႏွစ္ပြဲေလာက္မွာ ကာတစ္ဂ်ံဳးက အေကာင္းဆံုး ၾကိဳးစားခဲ့ျပီး သူ႔ရဲ႕ အရည္အခ်င္းကို ျပသႏုိင္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တယ္။

ဗန္ဒိုက္က လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေန ဆက္ေျပာခဲ့တာက ” ဂ်ံဳးက ငယ္ပါေသးတယ္။ သူက ဆက္ျပီး ၾကိဳးစားေနတယ္။ သူ႔အတြက္ အခုမွ အစပဲ ရွိေသးျပီး ဆက္ျပီး စြမ္းေဆာင္ျပေနဖို႔ လိုပါတယ္။

ေဘာလံုးမွာ အခက္ခဲဆံုး အပိုင္းကေတာ့ ေျခစြမ္းပိုင္း တသမတ္တည္း ရွိေနဖို႔ပါပဲ။ အဲ့တာကပဲ ကာတစ္ဂ်ံဳးအတြက္ ၾကီးမားတဲ့ စိန္ေခၚမႈ ျဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ သူ ေကာင္းေနပါတယ္ ” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။