မန်နေဂျာယာဂင်ကလော့ပ်က ကလပ်ရဲ့ လူငယ် ညာအစွန်လူ ကော်နာ ဘရတ်ဒလေရဲ့ အနာဂတ်အတွက် စဉ်းစားပေးခဲ့ပုံရပြီး ယူ-၂၃ အသင်းသားကို ခြားနားတဲ့ နေရာကနေ တိုးတက်လာတာကို မြင်လိုနေပါတယ်။

ညာအစွန်မှာ ထရန့် မပါဝင်နိုင်ချိန်နဲ့ မီလ်နာ မကစားနိုင်ချိန်တွေမှာ ဘရတ်ဒလေကို သုံးဖို့ ကလော့ပ်က မရွယ်ပါဘူး။ အဲ့နေရာအတွက် နီကိုးနဲ့ ဂိုးမက်စ်တို့ ရှိနေဆဲဖြစ်ကာ ဘရတ်ဒလေအတွက် နေရာသစ်ကို ကလော့ပ်ဘက်က စဉ်းစားပေးလာခဲ့တယ်။

လူငယ်ကစားသမားက ညာအစွန်ထက် တစ်ဆင့်မြင့်တဲ့ နေရာမှာ ဘောလုံး ပိုမို ကိုင်ကစားခွင့်တွေ ရမယ်ဆိုရင် တိုးတက်လာနိုင်တယ်လို့ ကလော့ပ်က မြင်တယ်။ ဒီအကြောင်းကို ဘရတ်ဒလေရဲ့ တိုးတက်မှုအတွက် ကလော့ပ်နဲ့ ဆွေးနွေးမှု ရလဒ်ကနေတစ်ဆင့် မြောက်အိုင်ရာလန် မန်နေဂျာက ထုတ်ပြောလာခဲ့ပါတယ်။

“ ယာဂင်ရဲ့ အတွေးကို ကျနော်လည်း သဘောတူပါတယ်။ ကော်နာက ပို အရွယ်ရောက်လာတာနဲ့အမျှ ကွင်းလယ်လူတစ်ယောက်ရဲ့ တာဝန်တွေကို ပိုမို ရယူလာနိုင်ပါတယ် ” လို့ မြောက် အိုင်ယာလန် မန်နေဂျာ Ian Baraclough က ထုတ်ပြောလာခဲ့တယ်။

၎င်းကပဲ ဆက်လက်ပြီး “ ကော်နာ ဘရတ်ဒလေက အစွန်လူနေရာကော၊ တောင်ပံနေရာမှာပါ ကစားနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ သူက ကွင်းလယ်နေရာမှာလည်း ကစားနိုင်တယ်။ တစ်ဆင့် ပိုမြင့်တဲ့ နေရာမှာပေါ့။

သူက ဘောလုံးနဲ့ ပတ်သက်လာရင် ခြားနားတဲ့ ဧရိယာတွေမှာ ဘယ်လို ကစားရမယ်ဆိုတာကို ကောင်းမွန်တဲ့ နားလည်နိုင်စွမ်း ရှိပါတယ်။ သူ့မှာ အရည်အချင်း တစ်ခုထပ် ပိုပြီး ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းမှာ နေရာပြောင်း ကစားစေဖို့ စီစဉ်ပေးခြင်း ခံရတာ ဘရတ်ဒလေက ပထမအကြိမ်တော့ မဟုတ်ပါဘူး။ ငယ်စဉ်က တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး လီဗာပူးစီနီယာအသင်းကို တောင်ပံ ကွင်းလယ်လူအဖြစ် ရောက်လာခဲ့တဲ့ ထရန့်ကို စီနီယာအသင်းအတွက် ညာအစွန်မှာ ပွဲထွက်စေခဲ့တယ်။

အယ်လီးယော့ကလည်း သူအားသန်တဲ့ တောင်ပံလူအစား ကွင်းလယ်လူနေရာကို ပြောင်းကစားပြီး တောက်ပလာခဲ့သေးတာဖြစ်ပါတယ်။

“ ကျနော်တို့က ကော်နာအတွက် လမ်းကြောင်းတစ်ခု ရှာဖွေပေးပြီး အခွင့်အရေးတွေ ပေးနေပါတယ်။ သူ့ကို ခြားနားတဲ့ ကစားသမားအဖြစ် တောက်ပလာဖို့ ကူညီပေးနေပြီး သူက အရပ်အမောင်းလည်း လက်မ အနည်းငယ် ပိုမြင့်လာတယ်၊ ပိုသန်မာလာတယ်၊ ယုံကြည်မှု ပိုရှိလာနေပါတယ် ” လို့ မြောက်အိုင်ယာလန် မန်နေဂျာက ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ကလပ္ရဲ႕ လူငယ္ ညာအစြန္လူ ေကာ္နာ ဘရတ္ဒေလရဲ႕ အနာဂတ္အတြက္ စဥ္းစားေပးခဲ့ပံုရျပီး ယူ-၂၃ အသင္းသားကို ျခားနားတဲ့ ေနရာကေန တိုးတက္လာတာကို ျမင္လိုေနပါတယ္။

ညာအစြန္မွာ ထရန္႔ မပါဝင္ႏုိင္ခ်ိန္နဲ႔ မီလ္နာ မကစားႏုိင္ခ်ိန္ေတြမွာ ဘရတ္ဒေလကို သံုးဖို႔ ကေလာ့ပ္က မရြယ္ပါဘူး။ အဲ့ေနရာအတြက္ နီကိုးနဲ႔ ဂိုးမက္စ္တို႔ ရွိေနဆဲျဖစ္ကာ ဘရတ္ဒေလအတြက္ ေနရာသစ္ကို ကေလာ့ပ္ဘက္က စဥ္းစားေပးလာခဲ့တယ္။

လူငယ္ကစားသမားက ညာအစြန္ထက္ တစ္ဆင့္ျမင့္တဲ့ ေနရာမွာ ေဘာလံုး ပိုမို ကိုင္ကစားခြင့္ေတြ ရမယ္ဆိုရင္ တိုးတက္လာႏုိင္တယ္လုိ႔ ကေလာ့ပ္က ျမင္တယ္။ ဒီအေၾကာင္းကို ဘရတ္ဒေလရဲ႕ တိုးတက္မႈအတြက္ ကေလာ့ပ္နဲ႔ ေဆြးေႏြးမႈ ရလဒ္ကေနတစ္ဆင့္ ေျမာက္အိုင္ရာလန္ မန္ေနဂ်ာက ထုတ္ေျပာလာခဲ့ပါတယ္။

“ ယာဂင္ရဲ႕ အေတြးကို က်ေနာ္လည္း သေဘာတူပါတယ္။ ေကာ္နာက ပို အရြယ္ေရာက္လာတာနဲ႔အမွ် ကြင္းလယ္လူတစ္ေယာက္ရဲ႕ တာဝန္ေတြကို ပိုမို ရယူလာႏုိင္ပါတယ္ ” လို႔ ေျမာက္ အိုင္ယာလန္ မန္ေနဂ်ာ Ian Baraclough က ထုတ္ေျပာလာခဲ့တယ္။

၄င္းကပဲ ဆက္လက္ျပီး “ ေကာ္နာ ဘရတ္ဒေလက အစြန္လူေနရာေကာ၊ ေတာင္ပံေနရာမွာပါ ကစားႏုိင္စြမ္းရွိသူ ျဖစ္ပါတယ္။ သူက ကြင္းလယ္ေနရာမွာလည္း ကစားႏုိင္တယ္။ တစ္ဆင့္ ပိုျမင့္တ့ဲ ေနရာမွာေပါ့။

သူက ေဘာလံုးနဲ႔ ပတ္သက္လာရင္ ျခားနားတဲ့ ဧရိယာေတြမွာ ဘယ္လို ကစားရမယ္ဆိုတာကို ေကာင္းမြန္တဲ့ နားလည္ႏုိင္စြမ္း ရွိပါတယ္။ သူ႔မွာ အရည္အခ်င္း တစ္ခုထပ္ ပိုျပီး ရွိတယ္ဆိုတဲ့ အဓိပၸာယ္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းမွာ ေနရာေျပာင္း ကစားေစဖို႔ စီစဥ္ေပးျခင္း ခံရတာ ဘရတ္ဒေလက ပထမအၾကိမ္ေတာ့ မဟုတ္ပါဘူး။ ငယ္စဥ္က တိုက္စစ္မွဴးအျဖစ္ ကစားခဲ့ျပီး လီဗာပူးစီနီယာအသင္းကို ေတာင္ပံ ကြင္းလယ္လူအျဖစ္ ေရာက္လာခဲ့တဲ့ ထရန္႔ကို စီနီယာအသင္းအတြက္ ညာအစြန္မွာ ပြဲထြက္ေစခဲ့တယ္။

အယ္လီးေယာ့ကလည္း သူအားသန္တဲ့ ေတာင္ပံလူအစား ကြင္းလယ္လူေနရာကို ေျပာင္းကစားျပီး ေတာက္ပလာခဲ့ေသးတာျဖစ္ပါတယ္။

“ က်ေနာ္တုိ႔က ေကာ္နာအတြက္ လမ္းေၾကာင္းတစ္ခု ရွာေဖြေပးျပီး အခြင့္အေရးေတြ ေပးေနပါတယ္။ သူ႔ကို ျခားနားတဲ့ ကစားသမားအျဖစ္ ေတာက္ပလာဖို႔ ကူညီေပးေနျပီး သူက အရပ္အေမာင္းလည္း လက္မ အနည္းငယ္ ပိုျမင့္လာတယ္၊ ပိုသန္မာလာတယ္၊ ယံုၾကည္မႈ ပိုရွိလာေနပါတယ္ ” လို႔ ေျမာက္အိုင္ယာလန္ မန္ေနဂ်ာက ဆိုသြားခဲ့တာျဖစ္ပါတယ္။