စကိုင်းစပေါ့မှ သုံးသပ်သူ ဂျင်မီကာရေဂါက လီဗာပူးမန်နေဂျာတာဝန်ကနေ ယာဂင်ကလော့ပ် အနားယူချိန်မှာ သူ့နေရာ အစားထိုးဖို့ ကလပ် မန်နေဂျာဟောင်း ဘရန်ဒန် ရော်ဂျာကို ပြန်ခေါ်ဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။

၂၀၁၅ မှာ လီဗာပူးအသင်းကို မန်နေဂျာအဖြစ် တာဝန်ယူခဲ့တဲ့ ကလော့ပ်ဟာ ၂၀၂၄ မှာတော့ လီဗာပူးနဲ့ စာချုပ်ကုန်မှာဖြစ်ပါတယ်။ ကလော့ပ်ဟာ အသင်းနဲ့ သက်တမ်း ထပ်မတိုးတော့ဘူးလို့ သတင်းတွေ ထွက်နေပြီး သူ့နေရာမှာ အစားထိုးဖို့ စတီဗင်ဂျရတ်ကို လီဗာပူးပရိသတ်တွေက အများကြီး မျှော်လင့်ထားပါတယ်။

ဒါပေမယ့်လို့ လီဗာပူးမန်နေဂျာ ရာထူးအတွက် ပရိသတ်တွေ နှစ်သက်ရတဲ့ သူတွေထဲမှာ စတီဗင်ဂျရတ်တင် မဟုတ်ဘဲ လက်ထောက်နည်းပြ ပပ်လင်ဒါး ပါဝင်သလို ရီးရဲလ်ဆိုစီဒက်မှ လူငယ်နည်းပြ အလွန်ဆိုတို့လည်း ရှိနေတာဖြစ်တယ်။

ကာရေဂါကတော့ လက်တွေ့ကျတဲ့ အစားထိုးမှုအဖြစ် လီဗာပူးကို တာဝန်ယူခဲ့ဖူးသလို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း မန်နေဂျာအဖြစ် တောက်ပနေတဲ့ ရော်ဂျာကို ထောက်ခံလာခဲ့တာ ဖြစ်ပါတယ်။

စကိုင်းစပေါ့ကနေ ကာရေဂါက ပြောရာမှာ ” ကျနော်က ဘရန်ဒန် ရော်ဂျာရဲ့ အမာခံ ပရိသတ်ဖြစ်ပါတယ်။ သူက အေတော်လေးကို ထူးချွန်တဲ့ မန်နေဂျာလို့ ကျနော် တကယ်ကို ယုံကြည်တယ်။

လီဗာပူးမှာ သူနဲ့အတူ တွဲဘက်ပြီး ၁၂ လလောက် အလုပ်လုပ်ခွင့်ရခဲ့တယ်။ ကျနော်ကတော့ သူ လီဗာပူးမန်နေဂျာတာဝန်ကို ရယူခဲ့ချိန်က သိပ်စောခဲ့တယ်လို့ ထင်ပါတယ်။ အကယ်လို့ မနက်ဖြန်မှာ ကလော့ပ် လီဗာပူးကနေ ထွက်ခွာသွားမယ်ဆိုရင် အစားထိုးရမယ့် မန်နေဂျာစာရင်းမှာ ရော်ဂျာက ထိပ်ဆုံးက ပါလာပါလိမ့်မယ်။

ရော်ဂျာက လီဗာပူးမန်နေဂျာတာဝန်ကို ရယူဖူးတာကြောင့် အဲ့လို သေချာပေါက် ဖြစ်ပါလိမ့်မယ်။ သူက လက်စတာမှာလည်း သူ့အလုပ်ကို အကောင်းဆုံး လုပ်နေပါတယ်။ ” လို့ ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ သံုးသပ္သူ ဂ်င္မီကာေရဂါက လီဗာပူးမန္ေနဂ်ာတာဝန္ကေန ယာဂင္ကေလာ့ပ္ အနားယူခ်ိန္မွာ သူ႔ေနရာ အစားထိုးဖို႔ ကလပ္ မန္ေနဂ်ာေဟာင္း ဘရန္ဒန္ ေရာ္ဂ်ာကို ျပန္ေခၚဖို႔ အသင္းေဟာင္းကို တိုက္တြန္းလိုက္ပါတယ္။

၂၀၁၅ မွာ လီဗာပူးအသင္းကို မန္ေနဂ်ာအျဖစ္ တာဝန္ယူခဲ့တဲ့ ကေလာ့ပ္ဟာ ၂၀၂၄ မွာေတာ့ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ပါတယ္။ ကေလာ့ပ္ဟာ အသင္းနဲ႔ သက္တမ္း ထပ္မတိုးေတာ့ဘူးလို႔ သတင္းေတြ ထြက္ေနျပီး သူ႔ေနရာမွာ အစားထိုးဖို႔ စတီဗင္ဂ်ရတ္ကို လီဗာပူးပရိသတ္ေတြက အမ်ားၾကီး ေမွ်ာ္လင့္ထားပါတယ္။

ဒါေပမယ့္လို႔ လီဗာပူးမန္ေနဂ်ာ ရာထူးအတြက္ ပရိသတ္ေတြ ႏွစ္သက္ရတဲ့ သူေတြထဲမွာ စတီဗင္ဂ်ရတ္တင္ မဟုတ္ဘဲ လက္ေထာက္နည္းျပ ပပ္လင္ဒါး ပါဝင္သလို ရီးရဲလ္ဆိုစီဒက္မွ လူငယ္နည္းျပ အလြန္ဆိုတို႔လည္း ရွိေနတာျဖစ္တယ္။

ကာေရဂါကေတာ့ လက္ေတြ႔က်တဲ့ အစားထိုးမႈအျဖစ္ လီဗာပူးကို တာဝန္ယူခဲ့ဖူးသလို ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း မန္ေနဂ်ာအျဖစ္ ေတာက္ပေနတဲ့ ေရာ္ဂ်ာကို ေထာက္ခံလာခဲ့တာ ျဖစ္ပါတယ္။

စကိုင္းစေပါ့ကေန ကာေရဂါက ေျပာရာမွာ ” က်ေနာ္က ဘရန္ဒန္ ေရာ္ဂ်ာရဲ႕ အမာခံ ပရိသတ္ျဖစ္ပါတယ္။ သူက အေေတာ္ေလးကို ထူးခၽြန္တဲ့ မန္ေနဂ်ာလို႔ က်ေနာ္ တကယ္ကို ယံုၾကည္တယ္။

လီဗာပူးမွာ သူနဲ႔အတူ တြဲဘက္ျပီး ၁၂ လေလာက္ အလုပ္လုပ္ခြင့္ရခဲ့တယ္။ က်ေနာ္ကေတာ့ သူ လီဗာပူးမန္ေနဂ်ာတာဝန္ကို ရယူခဲ့ခ်ိန္က သိပ္ေစာခဲ့တယ္လို႔ ထင္ပါတယ္။ အကယ္လို႔ မနက္ျဖန္မွာ ကေလာ့ပ္ လီဗာပူးကေန ထြက္ခြာသြားမယ္ဆိုရင္ အစားထိုးရမယ့္ မန္ေနဂ်ာစာရင္းမွာ ေရာ္ဂ်ာက ထိပ္ဆံုးက ပါလာပါလိမ့္မယ္။

ေရာ္ဂ်ာက လီဗာပူးမန္ေနဂ်ာတာဝန္ကို ရယူဖူးတာေၾကာင့္ အဲ့လို ေသခ်ာေပါက္ ျဖစ္ပါလိမ့္မယ္။ သူက လက္စတာမွာလည္း သူ႔အလုပ္ကို အေကာင္းဆံုး လုပ္ေနပါတယ္။ ” လို႔ ေထာက္ခံသြားခ့ဲတာ ျဖစ္ပါတယ္။