ဆဲလ်ဘတ်အသင်းမှ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမား ဒါရင်း အာဒယ်ရယ်မီကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းမှ ပေါင် ၃၄ သန်းကြား ပေးရပါမယ်လို့ Sky Germany က ဖော်ပြသွားပါတယ်။

ဟာဗေး အယ်လီးယော့ဟာ အက်ဆာ လေ့ကျင့်ရေးမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။ အယ်လီးယော့ဟာ ခြေထိန်းတွေ တပ်ထားခြင်း မရှိတော့ဘဲ ခြေကျင်းဝတ်ကို ပိုမို အားဖြစ်စေမယ့် လေ့ကျင့်ရေးကို စတင် ပြုလုပ်နိုင်နေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်က ဝတ်ဖိုဒ့်နဲ့ပွဲကို ၆ နာရီ ၁၅ မိနစ်စာ နောက်ဆုတ်ပေးဖို့ လိဂ်ကို တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့် အဆိုပါပွဲကို ဘရာဇီး ကစားသမားတွေဖြစ်တဲ့ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ လွဲချော်သွားဖို့ သေချာခဲ့ပါပြီ။

စပိန်သတင်းဌာနတွေက နှစ်သစ်ကူးမှာ အိုရီဂီကို ပေါင် ၁၂ သန်း ဝန်းကျင်ဖြင့် ခေါ်ယူဖို့ ဘာစီလိုနာက ကြိုးစားနိုင်တယ်ဆိုတဲ့ သတင်းတွေကို အံ့သြသင့်ဖွယ် ဖော်ပြနေကြပါတယ်။

Papa John’s ဖလားပြိုင်ပွဲအတွက် ဘော်တန်စီနီယာအသင်းနဲ့ ယှဉ်ပြိုင်တဲ့ လီဗာပူး ယူ-၂၁ အသင်းမှာ နက်ဖီးလစ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ပွဲထွက်ပြီး ၄-၁ ဖြင့် အရေးနိမ့်သွားပါတယ်။ ကွင်းလယ်လူ မော်တန်လည်း ပွဲထွက်စာရင်းကနေ ပါဝင်ခဲ့ပါတယ်။

ယာဂင်ကလော့ပ် ခေတ်လွန်မှာ လီဗာပူးမန်နေဂျာရာထူးကို စတီဗင်ဂျရတ် တာဝန်ယူနိုင်ပါလိမ့်မယ်လို့ ကလပ်တွဲဘက်ဟောင်း ဒတ်ကွတ်ချ်က ထောက်ခံလိုက်ပါတယ်။

လီဗာပူးတောင်ပံသမား ဂေါ်ဒန်ဟာ မနေ့ကပဲ အသက် ၁၇ နှစ် ပြည့်ခဲ့ပါပြီ။ ကလပ်ဘက်က သူ့ကို ကစားသမားဘဝ ပထမဆုံးသော ပရော်ဖက်ရှင်နယ် စာချုပ်ကို ပေးနိုင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

ZAWGYI

ဆဲဲလ္ဘတ္အသင္းမွ အသက္ ၁၉ ႏွစ္အရြယ္ တိုက္စစ္သမား ဒါရင္း အာဒယ္ရယ္မီကို ေခၚယူမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၉ သန္းမွ ေပါင္ ၃၄ သန္းၾကား ေပးရပါမယ္လို႔ Sky Germany က ေဖာ္ျပသြားပါတယ္။

ဟာေဗး အယ္လီးေယာ့ဟာ အက္ဆာ ေလ့က်င့္ေရးမွာ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြကို စတင္ေနျပီျဖစ္ပါတယ္။ အယ္လီးေယာ့ဟာ ေျခထိန္းေတြ တပ္ထားျခင္း မရွိေတာ့ဘဲ ေျခက်င္းဝတ္ကို ပိုမို အားျဖစ္ေစမယ့္ ေလ့က်င့္ေရးကို စတင္ ျပဳလုပ္ႏုိင္ေနတာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဘက္က ဝတ္ဖိုဒ့္နဲ႔ပြဲကို ၆ နာရီ ၁၅ မိနစ္စာ ေနာက္ဆုတ္ေပးဖို႔ လိဂ္ကို ေတာင္းဆိုခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။ ဒါေၾကာင့္ အဆိုပါပြဲကို ဘရာဇီး ကစားသမားေတြျဖစ္တဲ့ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ လြဲေခ်ာ္သြားဖို႔ ေသခ်ာခဲ့ပါျပီ။

စပိန္သတင္းဌာနေတြက ႏွစ္သစ္ကူးမွာ အိုရီဂီကို ေပါင္ ၁၂ သန္း ဝန္းက်င္ျဖင့္ ေခၚယူဖို႔ ဘာစီလိုနာက ၾကိဳးစားႏုိင္တယ္ဆိုတဲ့ သတင္းေတြကို အံ့ၾသသင့္ဖြယ္ ေဖာ္ျပေနၾကပါတယ္။

Papa John’s ဖလားျပိဳင္ပြဲအတြက္ ေဘာ္တန္စီနီယာအသင္းနဲ႔ ယွဥ္ျပိဳင္တဲ့ လီဗာပူး ယူ-၂၁ အသင္းမွာ နက္ဖီးလစ္ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူ ပြဲထြက္ျပီး ၄-၁ ျဖင့္ အေရးနိမ့္သြားပါတယ္။ ကြင္းလယ္လူ ေမာ္တန္လည္း ပြဲထြက္စာရင္းကေန ပါဝင္ခဲ့ပါတယ္။

လီဗာပူးေတာင္ပံသမား ေဂၚဒန္ဟာ မေန႔ကပဲ အသက္ ၁၇ ႏွစ္ ျပည့္ခဲ့ပါျပီ။ ကလပ္ဘက္က သူ႔ကို ကစားသမားဘဝ ပထမဆံုးေသာ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ကို ေပးႏုိင္ဖို႔ စီစဥ္ေနျပီျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ ေခတ္လြန္မွာ လီဗာပူးမန္ေနဂ်ာရာထူးကို စတီဗင္ဂ်ရတ္ တာဝန္ယူႏုိင္ပါလိမ့္မယ္လို႔ ကလပ္တြဲဘက္ေဟာင္း ဒတ္ကြတ္ခ်္က ေထာက္ခံလိုက္ပါတယ္။