လီဗာပူးအသင်းဟာ အီတလီတိုက်စစ်မှူး ချီရေဆာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးကြောင်း အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်ဖြစ်သူ Di Marzio က ထုတ်ပြောလာခဲ့ပါတယ်။

၂၀၂၀ မှာ တူရင်အခြေစိုက်ကလပ် ဂျူဗင်တပ်ထံ ၂ နှစ် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ယူရို သန်း ၅၀ ဖြင့် ခေါ်ယူခွင့်ရှိတဲ့ ချီရေဆာကို ခေါ်ယူရေးမှာ လီဗာပူးက အစောပိုင်းတည်းက ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ ကစားသမားနဲ့ သူ့ရဲ့ ဖခင်တို့ဘက်က အင်္ဂလန်လိဂ်ကို ပြောင်းရွှေ့ဖို့ အချိန်မကျသေးဘူးလို့ ယူဆခဲ့ကြတယ်။

သတင်းထောက် Di Marzio က လီဗာပူးရဲ့ ကမ်းလှမ်းမှုကို အချိန်အတိအကျ မပြောခဲ့ပေမယ့် ၂၀၂၀ နွေတုန်းက ကမ်းလှမ်းခဲ့တာလို့ ယူဆရတယ်။ အဲ့နောက်ပိုင်းမှာ ချီရေဆာဟာ ဂျူဗင်တပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ယူရို ၂၀၂၀ မှာ ထွန်းတောက်လာခဲ့တာ ဖြစ်ပါတယ်။

Di Marzio က ပြောရာမှာ “ ချီရေဆာအတွက် ဖီအိုရင်တီးနားကို ပထမဆုံး စကားလာပြောတဲ့ ကလပ်က လီဗာပူးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ချီရေဆာက အီတလီမှာပဲ ဆက်နေလိုတာကြောင့် ပရီးမီးယားလိဂ်ကို မပြောင်းလိုဘူးလို့ ပြန်လည် တုန့်ပြန်ခဲ့တယ်။

ဂျူဗင်တပ်ကလည်း သူ့ကို ခေါ်ယူမယ်ဆိုတဲ့ ကတိစကား ပေးထားခဲ့ပါတယ်။ လီဗာပူးက သူတို့အတွက် မှန်ကန်တဲ့ ကစားသမားမျိုးဆိုရင် ခပ်စောစော လာရောက် ကမ်းလှမ်းလေ့ရှိတယ်။ သူတို့က ချီရေဆာအတွက်လည်း အစောပိုင်းတည်းက ကမ်းလှမ်းပေမယ့် ကစားသမားနဲ့ သူ့ရဲ့ ဖခင်တို့က ပရီးမီးယားလိဂ်ကို ပြောင်းဖို့ အချိန်မတန်သေးဘူးလို့ ပြန်ပြောခဲ့ကြပါတယ် ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ တိုက်စစ်သမား ၃ ဦးနေရာမှာ အစားထိုးဖို့ ဥရောပ ကြယ်ပွင့်တွေကို စောင့်ကြည့်မှုတွေ လုပ်နေခဲ့တာဖြစ်တယ်။ ဝုဗ်ကနေ ဂျိုတာကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူခဲ့ပေမယ့် အနာဂတ်မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့က အရေးကြီး ကိစ္စဖြစ်တယ်လို့ ယူဆထားဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အီတလီတိုက္စစ္မွဴး ခ်ီေရဆာကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေသးေၾကာင္း အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ျဖစ္သူ Di Marzio က ထုတ္ေျပာလာခဲ့ပါတယ္။

၂၀၂၀ မွာ တူရင္အေျခစိုက္ကလပ္ ဂ်ဴဗင္တပ္ထံ ၂ ႏွစ္ အငွားစာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔ခဲ့ျပီး ၂၀၂၂ ခုႏွစ္မွာ ယူရို သန္း ၅၀ ျဖင့္ ေခၚယူခြင့္ရွိတဲ့ ခ်ီေရဆာကို ေခၚယူေရးမွာ လီဗာပူးက အေစာပိုင္းတည္းက ပါဝင္ခဲ့တာပါ။ ဒါေပမယ့္လို႔ ကစားသမားနဲ႔ သူ႔ရဲ႕ ဖခင္တို႔ဘက္က အဂၤလန္လိဂ္ကို ေျပာင္းေရႊ႔ဖို႔ အခ်ိန္မက်ေသးဘူးလို႔ ယူဆခဲ့ၾကတယ္။

သတင္းေထာက္ Di Marzio က လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို အခ်ိန္အတိအက် မေျပာခဲ့ေပမယ့္ ၂၀၂၀ ေႏြတုန္းက ကမ္းလွမ္းခဲ့တာလို႔ ယူဆရတယ္။ အဲ့ေနာက္ပိုင္းမွာ ခ်ီေရဆာဟာ ဂ်ဴဗင္တပ္ကို ေရာက္ရွိခဲ့တာျဖစ္ျပီး ယူရို ၂၀၂၀ မွာ ထြန္းေတာက္လာခဲ့တာ ျဖစ္ပါတယ္။

Di Marzio က ေျပာရာမွာ “ ခ်ီေရဆာအတြက္ ဖီအိုရင္တီးနားကို ပထမဆံုး စကားလာေျပာတဲ့ ကလပ္က လီဗာပူးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ခ်ီေရဆာက အီတလီမွာပဲ ဆက္ေနလိုတာေၾကာင့္ ပရီးမီးယားလိဂ္ကို မေျပာင္းလိုဘူးလို႔ ျပန္လည္ တုန္႔ျပန္ခဲ့တယ္။

ဂ်ဴဗင္တပ္ကလည္း သူ႔ကို ေခၚယူမယ္ဆိုတဲ့ ကတိစကား ေပးထားခဲ့ပါတယ္။ လီဗာပူးက သူတို႔အတြက္ မွန္ကန္တဲ့ ကစားသမားမ်ိဳးဆိုရင္ ခပ္ေစာေစာ လာေရာက္ ကမ္းလွမ္းေလ့ရွိတယ္။ သူတို႔က ခ်ီေရဆာအတြက္လည္း အေစာပိုင္းတည္းက ကမ္းလွမ္းေပမယ့္ ကစားသမားနဲ႔ သူ႔ရဲ႕ ဖခင္တို႔က ပရီးမီးယားလိဂ္ကို ေျပာင္းဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ျပန္ေျပာခဲ့ၾကပါတယ္ ” လို႔ ေျပာျပခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ တိုက္စစ္သမား ၃ ဦးေနရာမွာ အစားထိုးဖို႔ ဥေရာပ ၾကယ္ပြင့္ေတြကို ေစာင့့္ၾကည့္မႈေတြ လုပ္ေနခဲ့တာျဖစ္တယ္။ ဝုဗ္ကေန ဂ်ိဳတာကို ေပါင္ ၄၅ သန္းျဖင့္ ေခၚယူခဲ့ေပမယ့္ အနာဂတ္မွာ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔က အေရးၾကီး ကိစၥျဖစ္တယ္လို႔ ယူဆထားဆဲျဖစ္ပါတယ္။