ရီဆားက ဟာလန်းကို လီဗာပူးထံ ရောက်လာစေချင်နေပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းသာ ဒေါ့မွန် တိုက်စစ်မှူးကို ခေါ်ယူနိုင်သွားရင် မန်စီးတီးကို ‘ဘယ်သူမှ အနိုင်ယူလို့မရတဲ့အသင်း’ လိုဖြစ်သွားစေမှာကို ၎င်းက စိုးရိမ်နေပါတယ်။

နော်ဝေ ဂိုးသွင်းစက်ဟာ ဥရောပ ထိပ်တန်းကလပ်အားလုံးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ နောက်နွေရာသီမှာ အသင်းပြောင်းရွှေ့လိမ့်မယ်ဆိုတာကို အဆိုပါ ကလပ်တွေက သိရှိထားတာပါ။

ဟာလန်းဟာ ဒေါ့မွန်နဲ့ စာချုပ်ပါ အချက်အလက်အရ နောက်နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းကနေ သန်း ၁၀၀ ကြားနဲ့ ခေါ်ယူလို့ ရနိုင်မှာဖြစ်သလို ၎င်းအနေနဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာဖို့ ရီဆားက မျှော်လင့်နေတာပါ။

တနိုင်ငံတည်းသား ကြောက်စရာ လူငယ်တိုက်စစ်မှူးရဲ့ အခြေအနေနဲ့၊ လီဗာပူး ဒါမှမဟုတ် မန်စီးတီးထံ ရောက်ရှိနိုင်ခြေအပေါ် ရီဆားက အောက်ပါအတိုင်း ဆွေးနွေးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဘယ်အစွန်လူဟောင်း ရီဆားကတော့ မန်စီးတီးကို ရောက်သွားခဲ့ရင် ဘယ်အသင်းမှ သူတို့ကို လိုက်မမှီနိုင်တော့ဘူးလို့ပါ ယူဆနေတာ ဖြစ်ပါတယ်။

“ ကျွန်တော်ကတော့ သူ့ကို လီဗာပူးမှာ ရှိနေစေချင်တယ်။ ဘာလို့လဲဆိုတော့ သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။ သူက သိပ်ကောင်းတဲ့ ပုံစံမှာရှိနေတယ်။ ယာဂင်ကလော့ပ်ရဲ့ ကစားပုံနဲ့လဲ အံဝင်လိမ့်မယ်လို့ ထင်ပါတယ်။ သူက ကလပ်တစ်ခုအနေနဲ့ လီဗာပူးကို သဘောကျမှာပါ။

ဒါပေမယ့် စီးတီးသာ သူ့ကို ရသွားရင်တော့..။ wow. ဘယ်သူမှ အနိုင်ယူလို့မရတဲ့ အသင်းလိုမျိုးအထိ ဖြစ်သွားလိမ့်မယ်။ ဘယ်အသင်းက နောက်ရာသီ ဒါမှမဟုတ် ဘယ်အချိန်မှာဖြစ်ဖြစ် ဟာလန်းကို ရသွားရင် သူတို့ဟာ နောက်နှစ်များစွာအထိ မယုံနိုင်ဖွယ် အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ။

လီဗာပူးက သူ့ကို ခေါ်ဖို့ အခွင့်အရေးရှိမလားဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် ရှိရင်တော့ ခေါ်စေချင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ခေါ်ယူမှုက လီဗာပူးအတွက်တင်မက သူ့ကို ရတဲ့ ဘယ်အသင်းအတွက်မဆို မယုံနိုင်စရာ ဖြစ်စေမှာပါ ” လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ရီဆားက ဟာလန္းကို လီဗာပူးထံ ေရာက္လာေစခ်င္ေနၿပီး ပက္ဂြာဒီယိုလာရဲ႕ အသင္းသာ ေဒါ့မြန္ တိုက္စစ္မႉးကို ေခၚယူႏိုင္သြားရင္ မန္စီးတီးကို ‘ဘယ္သူမွ အႏိုင္ယူလို႔မရတဲ့အသင္း’ လိုျဖစ္သြားေစမွာကို ၄င္းက စိုးရိမ္ေနပါတယ္။

ေနာ္ေဝ ဂိုးသြင္းစက္ဟာ ဥေရာပ ထိပ္တန္းကလပ္အားလုံးရဲ႕ စိတ္ဝင္စားမႈကို ဆြဲေဆာင္ထားတာျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားဟာ ေနာက္ေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕လိမ့္မယ္ဆိုတာကို အဆိုပါ ကလပ္ေတြက သိရွိထားတာပါ။

ဟာလန္းဟာ ေဒါ့မြန္နဲ႔ စာခ်ဳပ္ပါ အခ်က္အလက္အရ ေနာက္ေႏြရာသီမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၇၅ သန္းကေန သန္း ၁၀၀ ၾကားနဲ႔ ေခၚယူလို႔ ရႏိုင္မွာျဖစ္သလို ၎အေနနဲ႔ ပရီးမီးယားလိဂ္ကို ေရာက္ရွိလာဖို႔ ရီဆားက ေမွ်ာ္လင့္ေနတာပါ။

တႏိုင္ငံတည္းသား ေၾကာက္စရာ လူငယ္တိုက္စစ္မႉးရဲ႕ အေျခအေနနဲ႔၊ လီဗာပူး ဒါမွမဟုတ္ မန္စီးတီးထံ ေရာက္ရွိႏိုင္ေျခအေပၚ ရီဆားက ေအာက္ပါအတိုင္း ေဆြးေႏြးမႈ လုပ္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးဘယ္အစြန္လူေဟာင္း ရီဆားကေတာ့ မန္စီးတီးကို ေရာက္သြားခဲ့ရင္ ဘယ္အသင္းမွ သူတို႔ကို လိုက္မမီွႏုိင္ေတာ့ဘူးလို႔ပါ ယူဆေနတာ ျဖစ္ပါတယ္။

“ ကြၽန္ေတာ္ကေတာ့ သူ႔ကို လီဗာပူးမွာ ရွိေနေစခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ သူက မယုံႏိုင္စရာေကာင္းတဲ့ ကစားသမားပါ။ သူက သိပ္ေကာင္းတဲ့ ပုံစံမွာရွိေနတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ ကစားပုံနဲ႔လဲ အံဝင္လိမ့္မယ္လို႔ ထင္ပါတယ္။ သူက ကလပ္တစ္ခုအေနနဲ႔ လီဗာပူးကို သေဘာက်မွာပါ။

ဒါေပမယ့္ စီးတီးသာ သူ႔ကို ရသြားရင္ေတာ့..။ wow. ဘယ္သူမွ အႏိုင္ယူလို႔မရတဲ့ အသင္းလိုမ်ိဳးအထိ ျဖစ္သြားလိမ့္မယ္။ ဘယ္အသင္းက ေနာက္ရာသီ ဒါမွမဟုတ္ ဘယ္အခ်ိန္မွာျဖစ္ျဖစ္ ဟာလန္းကို ရသြားရင္ သူတို႔ဟာ ေနာက္ႏွစ္မ်ားစြာအထိ မယုံႏိုင္ဖြယ္ အင္အားေတာင့္တင္းတဲ့ အသင္းတစ္သင္း ျဖစ္လာမွာပါ။

လီဗာပူးက သူ႔ကို ေခၚဖို႔ အခြင့္အေရးရွိမလားဆိုတာ ကြၽန္ေတာ္ မသိဘူး။ ဒါေပမယ့္ ရွိရင္ေတာ့ ေခၚေစခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ အဲ့ဒီ့ေခၚယူမႈက လီဗာပူးအတြက္တင္မက သူ႔ကို ရတဲ့ ဘယ္အသင္းအတြက္မဆို မယုံႏိုင္စရာ ျဖစ္ေစမွာပါ ” လို႔ေျပာဆိုခဲ့တာျဖစ္ပါတယ္။