လီဗာပူးအသင်းဟာ မန်စီးတီးကို ရင်ဆိုင်ကစားရာမှာ ပထမပိုင်း ခြေစွမ်းက အတော်လေး ဆိုးခဲ့ပေမယ့် ဒုတိယပိုင်း ခြေစွမ်းကတော့ တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။

ပထမပိုင်းမှာ ပြိုင်ဘက်ရဲ့ လွှမ်းမိုးခံရမှုကို တုန့်ပြန်နိုင်ဖို့ သူတို့ နည်းစနစ်ကို မြင်အောင် ကြည့်ခဲ့ရပြီး ဘယ်လိုတွေ ပြင်ဆင်ခဲ့လဲဆိုတာကို ကလော့ပ်က ပွဲအပြီးမှာ ဖြေကြားခဲ့တယ်။ တကယ်တော့ ဒီဖြေဆိုချက်ဟာ ကလော့ပ်ရဲ့ ၂ မိနစ်သာ ဖြေဆိုချက်ပဲ ဖြစ်ပါတယ်။ ဒါကို နားလည်ဖို့ စာနဲ့ ပြန်ရေးချိန်မှာ တော်တော်လေး ရှည်ပါတယ်။ ကြိုးစားဖတ်ကြည့်ကြပါဦး။

ကလော့ပ်က ” ပထမဆုံးနဲ့ အရေးကြီးဆုံး မန်စီးတီးလို အသင်းကို ရင်ဆိုင်ကစားချိန်မှာ စီးတီးဟာ စစ်မှန်တဲ့ အသင်းကောင်းတစ်သင်းဖြစ်တယ်။ ဒီတော့ ဘယ်လို ခုခံရမယ်ဆိုတဲ့ နည်းလမ်းကောင်းတွေ ရှိပေမယ့် တိကျတဲ့ အခိုက်အတန့်တွေမှာ နေရာလွတ်တွေကို ပိတ်နိုင်ဖို့ လိုပါတယ်။

မန်စီးတီးက အဲ့လို လုပ်ချင်တော့ အလယ်ဗဟိုတွေကနေ ဘောလုံးကို ကျော်ဖြတ်ပေးတာတွေ လုပ်ပါတယ်။ ဒါက သူတို့ရဲ့ ပထမအိုင်ဒီယာပါ။ ဒါပေမယ့် ဗဟိုပိုင်းက ပိတ်နေမယ်ဆိုရင် သူတို့ရဲ့ တောင်ပံသမားတွေကို အစွန်တွေရဲ့ ခပ်မြင့်မြင့်နေရာတွေမှာ နေရာယူစေတယ်။ အဲ့နေရာကို ဘောလုံးရောက်အောင် ပေးပါတယ်။ ခပ်ဝေးဝေး ပြောင်းကစားမှု (သို့) ပေးချက်တွေလို နည်းလမ်းတွေနဲ့ပေါ့။

သူတို့ တစ်ကြိမ် အဲ့လိုလုပ်ပြီး ဧရိယာထဲကို ပေးလိုက်နိုင်သေးတယ်။ စီးတီးရဲ့ပွဲတွေမှာ ပုံမှန်အားဖြင့် မမြင်ရပေမယ့်လည်း ကျနေ်ာတို့နဲ့ ပွဲမှာ သူတို့က half spaces တွေထဲကို ဘောလုံး ခပ်လွယ်လွယ် ပို့နေနိုင်တယ်။ ဒီတော့ ကျနေ်ာတို့ရဲ့ တောင်ပံသမားနဲ့ နံပါတ် ၈ ကြား လုံးဝကို ေ-ာက်တလွဲတွေ ဖြစ်လာတေ့ာတာပဲ။ ဘာလို့ အဲ့လိုဖြစ်လာလဲဆိုတာ စဉ်းစားရတာပေါ့။

ကျနော်တို့ ခံစစ်ကြောင်းက အလူးအလဲ ခံနေရတာကြောင့် ကွင်းလယ်လိုင်းကို နောက်ပြတ်ဆုတ်ဖို့ ခေါ်ခဲ့ရတယ်။ ဒီတော့ ဟန်ဒါဆန်နဲ့ ဂျုံးကို လိုအပ်လာရင် ကူပေးဖို့ ခေါ်ခဲ့သလို အဲ့မှာ သူတို့ လိမ့်ခံရတော့တာပဲ။ မန်စီးတီးက ကျနေ်ာတို့ကို တောက်လျှောက် ကျော်ဖြတ်တော့တာပဲ။ သူတို့ အခွင့်အရေး ရခဲ့သေးပေမယ့် ဂိုးတော့ မရခဲ့ဘူး။ ဒါပေမယ့် အဲ့တာကပဲ ကျနေ်ာတို့ကို စိုးရိမ်စိတ်တွေ များလာစေတယ်။ ဒီစိုးရိမ်စိတ်ကပဲ ကစားပုံမကောင်းအောင်ကို ဖိနှိပ်သွားခဲ့တာပါပဲ။

ဒီတော့ ကျနေ်ာတို့ အဝေးဘောတွေ ကန်တင်ကြတယ်၊ တစ်ကြိမ် နှစ်ကြိမ်ကတော့ ဟုတ်ပါရဲ့ ကျန်တဲ့ အကြိမ်တွေကတော့ အဓိပ္ပာယ်မရှိ လျှောက်လုပ်သလို ဖြစ်ကုန်တော့တာပေါ့။

ဒါတွေအားလုံးက ဒုတိယပိုင်းမှာတော့ ပြောင်းလဲသွားပါတယ်။ ကျနေ်ာတို့ ပိုပြီး ခပ်မြင့်မြင့် ကစားတယ်၊ ပိုပြီး ဆာလောင်စိတ်တွေနဲ့ ကစားလာတယ်။ ပွဲထဲမှာ ပိုနီးစပ်လာတယ်၊ ပိုကျစ်လစ်လာတယ်။ ဒီတော့ မန်စီးတီးက သူတို့ ကစားချင်သလို ကစားလို့ မရဘဲ ဖြစ်လာတယ်။ ကျနေ်ာတို့ ပွဲထဲ ပြန်ဝင်လာနိုင်ပြီး အံ့သြလောက်တဲ့ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းရဲ့ သတိပေးချက်က ဘောလုံးတွေ ပိုပေးနိုင်အောင် လုပ်ဖို့ပါ။ ပထမပိုင်းမှာ အဲ့တာမျိုးကို မလုပ်နိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာ တောင့်တင်းတဲ့ ပြိုင်ဘက်ကို ကျနော်တို့ ကစားချင်တဲ့အတိုင်း ကစားနိုင်ခဲ့တာကို ကျေနပ်မိပါတယ် ဒါပေမယ့် ဒီပွဲမှာ ကျနေ်ာတို့ ဝန်ခံရမှာက ဘောလုံးပွဲက နှစ်ပိုင်းရှိပြီး ရမှတ်ခွဲယူခဲ့ရတာက အဆင်ပြေတယ် ဆိုတာပါပဲ ” လို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာတော့ ခံစစ်ကို အရမ်း အာရုံမစိုက်ဘဲ ကွင်းလယ်လိုင်းကို တိုက်စစ်လိုင်းနဲ့ အနီးထိ ပြန်မြင့်ခဲ့ပြီး ဘောလုံးပေးမှုတွေကို ပိုပေးနိုင်ဖို့ လုပ်ခြင်းဖြင့် မန်စီးတီးရဲ့ ပိုင်ဆိုင်မှုကို လျော့ချခဲ့တာဖြစ်ပါတယ်။ အကျိုးဆက်ကတော့ မန်စီးတီးဘက်က ဖိကစားမှု လျော့ကျလာပြီး သူတို့ရဲ့ ပွဲအပေါ် လွှမ်းမိုးထားမှုကို လုပ်နိုင်ခဲ့တာပဲဖြစ်တယ်။ ဒါကြောင့်ပဲ လီဗာပူးက ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာခဲ့တာ ဖြစ်ပါတယ်။