ဥရောပ အင်အားကြီး ကလပ်နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ဘိုင်ယန်တို့ဟာ သြစတြီးယားကလပ် ဆဲလ်ဘတ်အသင်းမှ လူငယ်စတားကို ခေါ်ယူရေးမှာ အပြိုင်ဖြစ်နေကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ ဟာလန်းနဲ့ လက်စတာကို ပြောင်းရွှေ့သွားတဲ့ ဒါကာ နောက်ပိုင်းမှာ ဆဲလ်ဘတ်ဟာ နောက်ထပ် လူငယ်စတား တစ်ဦးကို ထပ်မံ မွေးထုတ်လာခဲ့ပြန်ပါပြီ။ အဆိုပါ လူငယ်လေးကတော့ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဂျာမာန်သား တိုက်စစ်မှူး ခါရင်း အာဒယ်ရယ်မီပဲ ဖြစ်ပါတယ်။

ဆဲလ်ဘတ်မှာပဲ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်လာခဲ့တဲ့ လူငယ်လေးဟာ သြစတြီးယား ဒုတိယတန်းလိဂ်မှာ ၂ နှစ်ကြား အငှားထွက်ကစားခဲ့တာပါ။ သူဟာ ဆဲလ်ဘတ်အတွက် ပထမဆုံးသော ရာသီပြည့် ကစားရချိန်မှာပဲ ၃၈ ပွဲကစား ၉ ဂိုးထိ သွင်းယူခဲ့သူဖြစ်တယ်။

ဒီရာသီမှာတော့ ဆဲလ်ဘတ်အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားရာမှာ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ခဲ့ပါပြီ။ ဂျာမနီဘောလုံးလောကရဲ့ အလားအလာအရှိဆုံး လူငယ် ၃ ဦးစာရင်းထဲ ပါဝင်သူလို့ တင်စားခံလာရတဲ့ အာဒယ်ရယ်မီဟာ ချန်ပီယံလိဂ်သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ ဂျာမာန်သားအဖြစ်လည်း သောမက်စ် မူလာရဲ့ စံချိန်ကို ချိုးဖျက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီလိုတွေ တောက်ပလာမှုကြောင့်လည်း ကစားသမားကို စိတ်ဝင်စားစွာ စောင့်ကြည့်လာတဲ့ ကလပ်တွေထဲ လီဗာပူးနဲ့ ဘိုင်ယန်တို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒေါ့မွန်နဲ့ လိုက်ဇစ်တို့ကလည်း ကစားသမားကို ခေါ်ယူခွင့်အတွက် ကြိုးစားလိုနေပါတယ်။

ဂျာမာန်သားတွေရဲ့ ထုံးစံအတိုင်း အာဒယ်ရယ်မီရဲ့ အကြိုက်ဆုံး ကလပ်က ဘိုင်ယန်မြူးနစ်ဖြစ်သလို သူက ဂျာမာန်ချန်ပီယံတွေရဲ့ ကစားသမားဟောင်း ရော်ဘင်ကို အထင်ကြီး လေးစားသူဖြစ်ပါတယ်။ သို့ပေမယ့်လို့ အသက် ၈ နှစ်အရွယ်မှာ ဘိုင်ယန်နဲ့ လက်တွဲခဲ့ပေမယ့် ကစားသမားရဲ့ စည်းကမ်းပိုင်းနဲ့ စိတ်ဓါတ်ပိုင်း အားနည်းချက်ကြောင့် လမ်းခွဲခဲ့တယ်လို့ သိထားရတယ်။

ဒါကြောင့် ကစားသမားက ဘိုင်ယန်နဲ့ နောက်တစ်ကြိမ် ပြန်လက်တွဲခြင်း မလုပ်ဘဲ သူ့ကို စိတ်ဝင်စားနေတဲ့ အခြားသော ကလပ်တွေကို ပြောင်းရွှေ့တာမျိုးက ဖြစ်နိုင်ချေ ရှိနေဆဲဖြစ်တယ်။ ဆဲလ်ဘတ်ဟာ လီဗာပူးအသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့အသင်းဖြစ်ပြီး ဇန်နဝါရီမှာ တစ်ခုခု ထူးခြားလာနိုင်မလားက စောင့်ကြည့်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ဥေရာပ အင္အားၾကီး ကလပ္ႏွစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ ဘိုင္ယန္တို႔ဟာ ၾသစၾတီးယားကလပ္ ဆဲလ္ဘတ္အသင္းမွ လူငယ္စတားကို ေခၚယူေရးမွာ အျပိဳင္ျဖစ္ေနေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ေဒါ့မြန္ကို ေျပာင္းေရႊ႔သြားတဲ့ ဟာလန္းနဲ႔ လက္စတာကို ေျပာင္းေရႊ႔သြားတဲ့ ဒါကာ ေနာက္ပိုင္းမွာ ဆဲလ္ဘတ္ဟာ ေနာက္ထပ္ လူငယ္စတား တစ္ဦးကို ထပ္မံ ေမြးထုတ္လာခဲ့ျပန္ပါျပီ။ အဆိုပါ လူငယ္ေလးကေတာ့ အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ ဂ်ာမာန္သား တိုက္စစ္မွဴး ခါရင္း အာဒယ္ရယ္မီပဲ ျဖစ္ပါတယ္။

ဆဲလ္ဘတ္မွာပဲ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ စတင္လာခဲ့တဲ့ လူငယ္ေလးဟာ ၾသစၾတီးယား ဒုတိယတန္းလိဂ္မွာ ၂ ႏွစ္ၾကား အငွားထြက္ကစားခဲ့တာပါ။ သူဟာ ဆဲလ္ဘတ္အတြက္ ပထမဆံုးေသာ ရာသီျပည့္ ကစားရခ်ိန္မွာပဲ ၃၈ ပြဲကစား ၉ ဂိုးထိ သြင္းယူခဲ့သူျဖစ္တယ္။

ဒီရာသီမွာေတာ့ ဆဲလ္ဘတ္အတြက္ ျပိဳင္ပြဲစံု ၁၆ ပြဲ ကစားထားရာမွာ ကိုယ္တိုင္ ၁၁ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ လုပ္ထားႏုိင္ခဲ့ပါျပီ။ ဂ်ာမနီေဘာလံုးေလာကရဲ႕ အလားအလာအရွိဆံုး လူငယ္ ၃ ဦးစာရင္းထဲ ပါဝင္သူလို႔ တင္စားခံလာရတဲ့ အာဒယ္ရယ္မီဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အသက္အငယ္ဆံုး ဂိုးသြင္းတဲ့ ဂ်ာမာန္သားအျဖစ္လည္း ေသာမက္စ္ မူလာရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္သြားခဲ့ျပီ ျဖစ္ပါတယ္။

ဒီလိုေတြ ေတာက္ပလာမႈေၾကာင့္လည္း ကစားသမားကို စိတ္ဝင္စားစြာ ေစာင့္ၾကည့္လာတဲ့ ကလပ္ေတြထဲ လီဗာပူးနဲ႔ ဘိုင္ယန္တို႔ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ေဒါ့မြန္နဲ႔ လိုက္ဇစ္တို႔ကလည္း ကစားသမားကို ေခၚယူခြင့္အတြက္ ၾကိဳးစားလိုေနပါတယ္။

ဂ်ာမာန္သားေတြရဲ႕ ထံုးစံအတိုင္း အာဒယ္ရယ္မီရဲ႕ အၾကိဳက္ဆံုး ကလပ္က ဘိုင္ယန္ျမဴးနစ္ျဖစ္သလို သူက ဂ်ာမာန္ခ်န္ပီယံေတြရဲ႕ ကစားသမားေဟာင္း ေရာ္ဘင္ကို အထင္ၾကီး ေလးစားသူျဖစ္ပါတယ္။ သို႔ေပမယ့္လို႔ အသက္ ၈ ႏွစ္အရြယ္မွာ ဘိုင္ယန္နဲ႔ လက္တြဲခဲ့ေပမယ့္ ကစားသမားရဲ႕ စည္းကမ္းပိုင္းနဲ႔ စိတ္ဓါတ္ပိုင္း အားနည္းခ်က္ေၾကာင့္ လမ္းခြဲခဲ့တယ္လို႔ သိထားရတယ္။

ဒါေၾကာင့္ ကစားသမားက ဘိုင္ယန္နဲ႔ ေနာက္တစ္ၾကိမ္ ျပန္လက္တြဲျခင္း မလုပ္ဘဲ သူ႔ကို စိတ္ဝင္စားေနတဲ့ အျခားေသာ ကလပ္ေတြကို ေျပာင္းေရႊ႔တာမ်ိဳးက ျဖစ္ႏုိင္ေခ် ရွိေနဆဲျဖစ္တယ္။ ဆဲလ္ဘတ္ဟာ လီဗာပူးအသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိထားတဲ့အသင္းျဖစ္ျပီး ဇန္နဝါရီမွာ တစ္ခုခု ထူးျခားလာႏုိင္မလားက ေစာင့္ၾကည့္ရဖို႔ ရွိေနတာ ျဖစ္ပါတယ္။