လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်က ကုန်ခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာတွေကြောင့် ပွဲကစားခွင့်တွေ ရုန်းကန်နေရတဲ့နောက် အင်္ဂလန်အသင်းမှာ နေရာပျောက်နေမှုကို ကုစားနိုင်ဖို့ အသင်းပြောင်းဖို့ စဉ်းစားလာနေတယ်လို့ အသံထွက်လာပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ရိုးမားနဲ့ ရင်ဆိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ချိန်ဘာလိန်ဟာ အဲ့နောက်ပိုင်းမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို မြင်ရဖို့ ခက်ခဲလာတာပါ။ ဒဏ်ရာကို ခွဲစိတ်မှု ခံယူပြီးတဲ့နောက် ပြန်ကစားတဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၃ ပွဲထိ ကစားနိုင်ခဲ့ပြီး ၂၅ ပွဲက ပွဲထွက် လူစာရင်းကနေ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ရာသီမှာတော့ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားခဲ့ပြီး ၂ ပွဲကိုပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်နိုင်ခဲ့တာဖြစ်တယ်။ ဒီနွေမှာ ချိန်ဘာလိန်ဟာ တိုက်စစ်မှူးနေရာက ပါဝင်ကစားမယ်လို့ သိရပေမယ့်လည်း ပုံမှန်ပွဲထွက်ခွင့်အတွက် အလှမ်းဝေးနေသေးတာဖြစ်ပါတယ်။

The Mirror သတင်းဌာနမှ သတင်းထောက် John Cross က ချိန်ဘာလိန်ဟာ အန်ဖီးကနေ ထွက်ခွာဖို့အတွက် ရည်မှန်းလာတယ်လို့ ဖော်ပြလာခဲ့သလို ကစားသမားက ပုံမှန်ပွဲကစားခွင့်တွေ ရမယ့်အသင်းထံ ပြောင်းဖို့ကိုပဲ စိတ်ဝင်စားတယ်လို့ ဖော်ပြလာခဲ့တယ်။

ဒီကနေ့မှာတော့ ချိန်ဘာလိန်နဲ့ အာဆင်နယ်ကြား သတင်းတွေလည်း ပြန်လည် ထွက်ပေါ်လာခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူက အင်္ဂလန်အသင်းမှာ ပြန်လည် ရွေးချယ်ခံရဖို့ စိတ်ပြင်းပြနေကြောင်း သိထားရတယ်။ လီဗာပူးသတင်းထောက်တွေဘက်ကတော့ အဆိုပါသတင်းအတွက် တုန့်ပြန်မှုတွေ လုပ်လာခြင်း မရှိသေးပါဘူး။

လီဗာပူးကွင်းလယ်ဟာ ဖာဘင်ညို၊ ဟန်ဒါဆန်တို့ နှစ်ဦးကို အဓိက အားထားနေရပြီး ကျန်တစ်နေရာအတွက် သီယာဂို၊ ဂျုံး၊ အယ်လီးယော့၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ အပြိုင်နေရာလုနေရတာပါ။ လက်တလောမှာတော့ သီယာဂို၊ အယ်လီးယော့တို့က ဒဏ်ရာကြောင့် မကစားနိုင်သလို ကိတ်တာ ကိုယ်တိုင်ကလည်း အသေးစား ဒဏ်ရာကနေ ပြန်သက်သာလာစပဲ ရှိနေသေးတာဖြစ်ပါတယ်။

John Cross ဟာ လီဗာပူးအသင်းဆိုင်ရာ သတင်းတွေကို ဖော်ပြလေ့ရှိသူ မဟုတ်ပေမယ့် သူဟာ ချိန်ဘာလိန်နဲ့ ပတ်သက်လာရင် သတင်းထူးတွေ သိသူလို့ ဆိုနိုင်တယ်။ ၂၀၁၇ တုန်းက အာဆင်နယ်ကနေ ချိန်ဘာလိန်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းနဲ့ ၂၀၁၉ တုန်းက ချိန်ဘာလိန်ကို သက်တမ်းတိုးမယ်ဆိုတဲ့ သတင်းတွေကို အခုလိုပဲ ဦးဦးဖျားဖျား ဖော်ပြလာဖူးတဲ့ သတင်းထောက်လည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ခ်ိန္ဘာလိန္က ကုန္ခဲ့တဲ့ ေဘာလံုးရာသီမွာ ဒဏ္ရာေတြေၾကာင့္ ပြဲကစားခြင့္ေတြ ရုန္းကန္ေနရတဲ့ေနာက္ အဂၤလန္အသင္းမွာ ေနရာေပ်ာက္ေနမႈကို ကုစားႏုိင္ဖို႔ အသင္းေျပာင္းဖို႔ စဥ္းစားလာေနတယ္လို႔ အသံထြက္လာပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက ရိုးမားနဲ႔ ရင္ဆိုင္ကစားတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ဒူးဒဏ္ရာ ရရွိခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ အဲ့ေနာက္ပိုင္းမွာ သူ႔ရဲ႕ အေကာင္းဆံုး ပံုစံေတြကို ျမင္ရဖို႔ ခက္ခဲလာတာပါ။ ဒဏ္ရာကို ခြဲစိတ္မႈ ခံယူျပီးတဲ့ေနာက္ ျပန္ကစားတဲ့ ေဘာလံုးရာသီမွာ ျပိဳင္ပြဲစံု ၄၃ ပြဲထိ ကစားႏုိင္ခဲ့ျပီး ၂၅ ပြဲက ပြဲထြက္ လူစာရင္းကေန ပါဝင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

မႏွစ္က ရာသီမွာေတာ့ ျပိဳင္ပြဲစံု ၁၇ ပြဲ ကစားခဲ့ျပီး ၂ ပြဲကိုပဲ ပြဲထြက္လူစာရင္းကေန ပါဝင္ႏုိင္ခဲ့တာျဖစ္တယ္။ ဒီေႏြမွာ ခ်ိန္ဘာလိန္ဟာ တိုက္စစ္မွဴးေနရာက ပါဝင္ကစားမယ္လို႔ သိရေပမယ့္လည္း ပံုမွန္ပြဲထြက္ခြင့္အတြက္ အလွမ္းေဝးေနေသးတာျဖစ္ပါတယ္။

The Mirror သတင္းဌာနမွ သတင္းေထာက္ John Cross က ခ်ိန္ဘာလိန္ဟာ အန္ဖီးကေန ထြက္ခြာဖို႔အတြက္ ရည္မွန္းလာတယ္လို႔ ေဖာ္ျပလာခဲ့သလို ကစားသမားက ပံုမွန္ပြဲကစားခြင့္ေတြ ရမယ့္အသင္းထံ ေျပာင္းဖို႔ကိုပဲ စိတ္ဝင္စားတယ္လို႔ ေဖာ္ျပလာခဲ့တယ္။

ဒီကေန႔မွာေတာ့ ခ်ိန္ဘာလိန္နဲ႔ အာဆင္နယ္ၾကား သတင္းေတြလည္း ျပန္လည္ ထြက္ေပၚလာခဲ့ျပီး အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္လူက အဂၤလန္အသင္းမွာ ျပန္လည္ ေရြးခ်ယ္ခံရဖို႔ စိတ္ျပင္းျပေနေၾကာင္း သိထားရတယ္။ လီဗာပူးသတင္းေထာက္ေတြဘက္ကေတာ့ အဆိုပါသတင္းအတြက္ တုန္႔ျပန္မႈေတြ လုပ္လာျခင္း မရွိေသးပါဘူး။

လီဗာပူးကြင္းလယ္ဟာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္တို႔ ႏွစ္ဦးကို အဓိက အားထားေနရျပီး က်န္တစ္ေနရာအတြက္ သီယာဂို၊ ဂ်ံဳး၊ အယ္လီးေယာ့၊ ကိတ္တာ၊ ခ်ိန္ဘာလိန္တို႔ အျပိဳင္ေနရာလုေနရတာပါ။ လက္တေလာမွာေတာ့ သီယာဂို၊ အယ္လီးေယာ့တို႔က ဒဏ္ရာေၾကာင့္ မကစားႏိုင္သလို ကိတ္တာ ကိုယ္တိုင္ကလည္း အေသးစား ဒဏ္ရာကေန ျပန္သက္သာလာစပဲ ရွိေနေသးတာျဖစ္ပါတယ္။

John Cross ဟာ လီဗာပူးအသင္းဆိုင္ရာ သတင္းေတြကို ေဖာ္ျပေလ့ရွိသူ မဟုတ္ေပမယ့္ သူဟာ ခ်ိန္ဘာလိန္နဲ႔ ပတ္သက္လာရင္ သတင္းထူးေတြ သိသူလို႔ ဆိုႏုိင္တယ္။ ၂၀၁၇ တုန္းက အာဆင္နယ္ကေန ခ်ိန္ဘာလိန္ကို ေခၚယူမယ္ဆိုတဲ့ သတင္းနဲ႔ ၂၀၁၉ တုန္းက ခ်ိန္ဘာလိန္ကို သက္တမ္းတိုးမယ္ဆိုတဲ့ သတင္းေတြကို အခုလိုပဲ ဦးဦးဖ်ားဖ်ား ေဖာ္ျပလာဖူးတဲ့ သတင္းေထာက္လည္း ျဖစ္ပါတယ္။