အက်သလက်တီကို မန်နေဂျာ ဆီမြွန်နီကတော့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပရိသတ်တွေထံက အားပေးမှုကောင်းတွေကို လိုချင်ပါကြောင်း ထုတ်ပြောလာပါတယ်။

၂၀၂၀ တုန်းက လီဗာပူးနဲ့ တီကိုတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ခဲ့ပြီး နှစ်ကျော့လုံးကို လာလီဂါကလပ်က အနိုင်ရခဲ့တာဖြစ်တယ်။ ဆီမြွန်နီကတော့ ပရိသတ်တွေရဲ့ အားပေးမှုဟာ မကန်ခင်တည်းက လီဗာပူးကို အနိုင်ရနေပြီလို့ ခံစားရပါကြောင်း ပြောဆိုလာပါတယ်။

လီဗာပူးအသင်းဟာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့ရာ လာလီဂါကလပ်နဲ့ ထိပ်တိုက်တွေ့ခဲ့စဉ်မှာ နှစ်ကျော့လုံး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဆီမြွန်နီက ” မနက်ဖြန်မှာ ဂျီမီးနက်၊ လော်ရန်တေးနဲ့ ကူအန်တို့ ဘယ်လို ပုံစံတွေနဲ့ တွဲဘက် ပါဝင်ကြမယ်ဆိုတာ ကြည့်ကြတာပေါ့။ အနီနဲ့ အဖြူစပ်ကြား ဂျာစီတွေ ပြည့်နေမယ့် ကွင်းမှာ သိပ်ကိုကောင်းတဲ့ ပွဲတစ်ပွဲကို ကစားကြဖို့ လူတိုင်းက ပါဝင်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

ချန်ပီယံလိဂ်မှာ နောက်ဆုံးအကြိမ် လီဗာပူးနဲ့ ယှဉ်ပြိုင်တုန်းက ပွဲမကစားခင်တည်းက အနိုင်ရနေခဲ့တာကို မမေ့လိုက်ဖို့ လိုပါတယ်။ မနက်ဖြန်မှာ ကျနေ်ာတို့ရဲ့ ပရိသတ်တွေ ဒါကို မှတ်မိနေဖို့ မျှော်လင့်ပါတယ်။

မနက်ဖြန်မှာ လေ့ကျင့်ရေး အစီအစဉ် ရှိနေသေးတာကြောင့် ကစားသမားတွေရဲ့ အခြေအနေ ဘယ်လိုရှိမလဲ ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့်လို့ လီဗာပူးအပေါ်မှာပဲ ကျနေ်ာတို့ အာရုံစိုက်ထားမှာဖြစ်တယ်။ ဒီ ၁၀ နှစ်အတွင်းမှာ လက်တလော ကာလတွေကိုပဲ ကျနေ်ာတို့ အာရုံစိုက်လေ့ရှိပြီး အခုလည်း မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးပွဲကိုပဲ အာရုံစိုက်နေပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အက္သလက္တီကို မန္ေနဂ်ာ ဆီျမြန္နီကေတာ့ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ပရိသတ္ေတြထံက အားေပးမႈေကာင္းေတြကို လိုခ်င္ပါေၾကာင္း ထုတ္ေျပာလာပါတယ္။

၂၀၂၀ တုန္းက လီဗာပူးနဲ႔ တီကိုတို႔ဟာ ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္မွာ ထိပ္တိုက္ေတြ႔ခဲ့ျပီး ႏွစ္ေက်ာ့လံုးကို လာလီဂါကလပ္က အႏုိင္ရခဲ့တာျဖစ္တယ္။ ဆီျမြန္နီကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈဟာ မကန္ခင္တည္းက လီဗာပူးကို အႏုိင္ရေနျပီလို႔ ခံစားရပါေၾကာင္း ေျပာဆိုလာပါတယ္။

လီဗာပူးအသင္းဟာ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ကာကြယ္ဖို႔ရာ လာလီဂါကလပ္နဲ႔ ထိပ္တိုက္ေတြ႔ခဲ့စဥ္မွာ ႏွစ္ေက်ာ့လံုး အေရးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ဆီျမြန္နီက ” မနက္ျဖန္မွာ ဂ်ီမီးနက္၊ ေလာ္ရန္ေတးနဲ႔ ကူအန္တို႔ ဘယ္လို ပံုစံေတြနဲ႔ တြဲဘက္ ပါဝင္ၾကမယ္ဆိုတာ ၾကည့္ၾကတာေပါ့။ အနီနဲ႔ အျဖဴစပ္ၾကား ဂ်ာစီေတြ ျပည့္ေနမယ့္ ကြင္းမွာ သိပ္ကိုေကာင္းတဲ့ ပြဲတစ္ပြဲကို ကစားၾကဖို႔ လူတိုင္းက ပါဝင္ေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ခ်န္ပီယံလိဂ္မွာ ေနာက္ဆံုးအၾကိမ္ လီဗာပူးနဲ႔ ယွဥ္ျပိဳင္တုန္းက ပြဲမကစားခင္တည္းက အႏုိင္ရေနခဲ့တာကို မေမ့လိုက္ဖို႔ လိုပါတယ္။ မနက္ျဖန္မွာ က်ေန္ာတို႔ရဲ႕ ပရိသတ္ေတြ ဒါကို မွတ္မိေနဖို႔ ေမွ်ာ္လင့္ပါတယ္။

မနက္ျဖန္မွာ ေလ့က်င့္ေရး အစီအစဥ္ ရွိေနေသးတာေၾကာင့္ ကစားသမားေတြရဲ႕ အေျခအေန ဘယ္လိုရွိမလဲ က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္လို႔ လီဗာပူးအေပၚမွာပဲ က်ေန္ာတို႔ အာရံုစိုက္ထားမွာျဖစ္တယ္။ ဒီ ၁၀ ႏွစ္အတြင္းမွာ လက္တေလာ ကာလေတြကိုပဲ က်ေန္ာတို႔ အာရံုစိုက္ေလ့ရွိျပီး အခုလည္း မနက္ျဖန္မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးပြဲကိုပဲ အာရံုစိုက္ေနပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။