ပြင်သစ်နဲ့ ဘိုင်ယန်မြူးနစ် ညာအစွန်လူ ပါဗက်က သူဟာ ဘောလုံးလောကရဲ့ အသိအမှတ်ပြုမှုကို ရထိုက်သူဖြစ်ပြီး သူ့နေရာမှာ ကမ္ဘာအကောင်းဆုံးတွေအဖြစ် ထင်ရှားတဲ့ ထရန့်၊ ဟာကီမီလိုပဲ အကောင်းဆုံး ကစားသမားလို့ ထုတ်ပြောလာပါတယ်။

ဘွန်ဒက်လီဂါမှာ တောက်ပလာတဲ့ ပါဗက်ဟာ ကလပ်နဲ့ လက်ရွေးစင်အသင်းတွေမှာ ပုံမှန် ပွဲကစားခွင့် ရနေသူတစ်ဦးဖြစ်တယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်လို အသင်းနဲ့ ပြင်သစ်လို အသင်းရဲ့ အဓိက ပွဲထွက်သူဖြစ်ပေမယ့် သတင်းတွေမှာ သူ့ရဲ့ အစွန်တိုက်စစ် စွမ်းရည်ကောင်းကို ချီးကျူးကြခြင်း မရှိတာအတွက် အားမရနိုင် ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ အသက် ၂၅ နှစ်အရွယ် ညာအစွန်လူက သူ့ဘာသာပဲ အကောင်းဆုံးတွေထဲက တစ်ဦးပါလို့ ကင်ပွန်းတပ်ခဲ့တယ်။ ပါဗက်က

“ နည်းပြကောင်းတွေက ကျနော်ကို ညာခြမ်းမှာ ကစားစေခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ ကျနော်ရဲ့ အရည်အသွေးကို ယုံကြည်ကြတာကြောင့်ပါ။ ကျနော်ရဲ့ မျက်လုံးနဲ့ ဆံပင်ပုံတွေ လှလို့ဆိုပြီး ညာခြမ်းမှာ ကစားစေတာ မဟုတ်ပါဘူး။ ပါဗက်က ဟာကီမီနဲ့ ထရန့်တို့ထက် ပိုပြီး ဆွဲဆောင်မှု ရှိချင် ရှိပါမယ် ဒါပေမယ့် ခံစစ်ပိုင်းမှာလည်း ကျနော်က သူတို့ထက် ပိုကောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အသက် ၂၃ နှစ်အရွယ် ထရန့်ဟာ လီဗာပူးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ယာဂင်ကလော့ပ် အသင်းရဲ့ ဖန်တီးမှု အမြင်အရှိဆုံး အသင်းသားလို့ ချီးကျူးခံရသူဖြစ်ပါတယ်။ မကြာခင် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ လီဗာပူးတို့ ဘယ်အဆင့်ထိ ရောက်မယ်ဆိုတာကပဲ သူတို့ သုံးဦးကြား ဘယ်သူ အကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်ပေးလာကြမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ျပင္သစ္နဲ႔ ဘိုင္ယန္ျမဴးနစ္ ညာအစြန္လူ ပါဗက္က သူဟာ ေဘာလံုးေလာကရဲ႕ အသိအမွတ္ျပဳမႈကို ရထိုက္သူျဖစ္ျပီး သူ႔ေနရာမွာ ကမၻာအေကာင္းဆံုးေတြအျဖစ္ ထင္ရွားတဲ့ ထရန္႔၊ ဟာကီမီလိုပဲ အေကာင္းဆံုး ကစားသမားလို႔ ထုတ္ေျပာလာပါတယ္။

ဘြန္ဒက္လီဂါမွာ ေတာက္ပလာတဲ့ ပါဗက္ဟာ ကလပ္နဲ႔ လက္ေရြးစင္အသင္းေတြမွာ ပံုမွန္ ပြဲကစားခြင့္ ရေနသူတစ္ဦးျဖစ္တယ္။ အထူးသျဖင့္ ဘိုင္ယန္ျမဴးနစ္လို အသင္းနဲ႔ ျပင္သစ္လို အသင္းရဲ႕ အဓိက ပြဲထြက္သူျဖစ္ေပမယ့္ သတင္းေတြမွာ သူ႔ရဲ႕ အစြန္တိုက္စစ္ စြမ္းရည္ေကာင္းကို ခ်ီးက်ဴးၾကျခင္း မရွိတာအတြက္ အားမရႏုိင္ ျဖစ္ေနပါတယ္။

ဒါေၾကာင့္ပဲ အသက္ ၂၅ ႏွစ္အရြယ္ ညာအစြန္လူက သူ႔ဘာသာပဲ အေကာင္းဆံုးေတြထဲက တစ္ဦးပါလို႔ ကင္ပြန္းတပ္ခဲ့တယ္။ ပါဗက္က

“ နည္းျပေကာင္းေတြက က်ေနာ္ကို ညာျခမ္းမွာ ကစားေစခဲ့ၾကတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ရဲ႔ အရည္အေသြးကို ယံုၾကည္ၾကတာေၾကာင့္ပါ။ က်ေနာ္ရဲ႕ မ်က္လံုးနဲ႔ ဆံပင္ပံုေတြ လွလို႔ဆိုျပီး ညာျခမ္းမွာ ကစားေစတာ မဟုတ္ပါဘူး။ ပါဗက္က ဟာကီမီနဲ႔ ထရန္႔တို႔ထက္ ပိုျပီး ဆြဲေဆာင္မႈ ရွိခ်င္ ရွိပါမယ္ ဒါေပမယ့္ ခံစစ္ပိုင္းမွာလည္း က်ေနာ္က သူတို႔ထက္ ပိုေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အသက္ ၂၃ ႏွစ္အရြယ္ ထရန္႔ဟာ လီဗာပူးအကယ္ဒမီကေန ေပၚထြက္လာခဲ့ျပီး ယာဂင္ကေလာ့ပ္ အသင္းရဲ႕ ဖန္တီးမႈ အျမင္အရွိဆံုး အသင္းသားလို႔ ခ်ီးက်ဴးခံရသူျဖစ္ပါတယ္။ မၾကာခင္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြမွာ ဘိုင္ယန္၊ ပီအက္စ္ဂ်ီ၊ လီဗာပူးတို႔ ဘယ္အဆင့္ထိ ေရာက္မယ္ဆိုတာကပဲ သူတို႔ သံုးဦးၾကား ဘယ္သူ အေကာင္းဆံုးလဲဆိုတာကို ဆံုးျဖတ္ေပးလာၾကမွာပဲ ျဖစ္ပါတယ္။